ဇာတ်လမ်းအကျဉ်း

15.5K 562 7
                                    

မုမင်ထန်ဟာ ဇာတ်လိုက်ရဲ့ အချစ်ဦးနေရာမှာ အစားထိုးခံတစ်ယောက်သာ ဖြစ်တယ်။ သူမမိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကျန်းမိသားစုက သူမကို မွေးစားခဲ့ပြီး ဇာတ်လိုက်ဖြစ်သူ မင်းသားကျင်း (ကျင်းဝမ်)နဲ့ စေ့စပ်‌ေပးလိုက်ကြတယ်။

သူမဟာ အစားထိုးခံမျှသာဆိုတာကို ကောင်းကောင်း သဘောပေါက်တာကြောင့် သူမရဲ့မူလစရိုက်ကို ဖုံးကွယ်ရင်း သူမကိုယ်သူ ကျင်းဝမ်ရဲ့အချစ်ဦးပုံစံအတိုင်းသာ နေထိုင်ခဲ့တယ်။ သူမ လွတ်လွတ်လပ်လပ် စကားပြောခွင့်မရှိသလို ရယ်မောခွင့်လည်း မရှိချေ။ သူမတသက်လုံး တခြားအမျိုးသမီးတစ်ယောက်ရဲ့ အရိပ်အောက်မှာပဲ နေသွားဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်။ ဒ‌ါပေမဲ့ တ‌စ်နေ့မှာတော့ .... တကယ့် ကျန်းသခင်မလေးဖြစ်တဲ့ ကျန်းမင်ဝေ့က ပြန်ရောက်လာတော့တယ်။

ကျန်းမင်ဝေ့က ပြန်လည်မွေးဖွားလာသူဖြစ်တယ်။ သူမက ဇာတ်လိုက်ရဲ့အချစ်ဦးမှန်း သိလိုက်ရတဲ့အခါ  သူမရဲ့ခင်ပွန်းလောင်းနဲ့ ရာထူးနေရာအတွက် တိုက်ခိုက်ဖို့ အမြန်ပဲ ပြန်လာခဲ့တယ်။

သူ့အချစ်ဦးကို စိတ်ကျေနပ်စေဖို့ရာ ကျင်းဝမ်က အစားထိုးခံကို မကြာခင် သေတော့မယ့် စိတ်ဖောက်ပြန်နေတဲ့ ချီယန်မင်းသား (ချီယန်ဝမ်)ဆီ ပေးပစ်လိုက်တယ်။

ချီယန်ဝမ်ဆိုတာက နတ်ရွာစံဧကရာဇ်ရဲ့ သားတော်ဖြစ်ပြီး တစ်နေ့မှာ ဘာအကြောင်းကြောင့်ရယ်မသိ စိတ်ဖောက်ပြန်သွားပြီး သူ့ရဲဘော်ရဲဘက်တွေကို ပြန်သတ်ဖြတ်ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ စိတ်အခြေအနေနဲ့ သတ်ဖြတ်လိုစိတ်ကြောင့် ခမည်းတော်ဖြစ်သူ နတ်ရွာစံဧကရာဇ်က အကျဉ်းချခဲ့ပြီး ထီးနန်းကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ ချီယန်ဝမ်က အိပ်ရာထဲလဲသွားပြီး သတိမေ့မြောနေတော့တယ်။

သူမက အဆင့်အတန်းနိမ့်တဲ့ အတုအယောင်ပဲဟာ၊ သူမသာ သူ့အချစ်ဦးကို ငြိုငြင်စေရဲတယ်ဆို သူမကို ကလေးလည်းမရှိ၊ အားကိုးစရာလည်း မရှိတဲ့ မုဆိုးမဘဝနဲ့ တသက်လုံး အရိုးထုတ်ခိုင်းပစ်လိုက်မယ်။

သူတို့ရဲ့ လှောင်ပြောင်မှုပစ်မှတ်ဖြစ်ခဲ့ရတဲ့ မုမင်ထန်က နောက်ဆုံးတော့ ပြန်တိုက်ခိုက်လာတယ်။

'ကောင်းပြီလေ၊ ရှင်က ကျွန်မကို တခြားယောကျာ်းဆီ ပေးပစ်လိုက်တယ်ဆိုမှတော့ ကျွန်မကို ဦးညွတ်ပြီး မရီးလို့ ခေါ်ရအောင် လုပ်ပြမယ်!'

ဒါပေမဲ့ ဘယ်သူမှ မထင်ထားခဲ့တာက စစ်နတ်ဘုရား ချီယန်ဝမ်က တကယ်ကြီး ပြန်နိုးလာတာပဲ!

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now