Chapter 108

979 103 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law 
Chapter 108

မုမင်ထန်က သူတို့ကို ငြူစူအပြစ်တင်နေမယ်လို့ အစက ကျန်းသခင်မ ထင်ထားတာ။ ဒါပေမဲ့ သူမက ရလာတဲ့ကံကြမ္မာအပေါ် ရောင့်ရဲပျော်ရွှင်နေတယ်။ ဒါပေါ့ မွေးစားသမီးဖြစ်တဲ့ မုမင်ထန်နဲ့ သမီးရင်း မင်ဝေ့ကို ဘယ်ယှဉ်လို့ရမလဲ။ ကျန်းသခင်မ သူမကို ကိုယ့်ဘဝကိုယ် ကျေနပ်ပြီး ရောင့်ရဲတတ်ဖို့ နားချရမယ် တွေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း မုမင်ထန်ကို လာတွေ့တဲ့အခါ သူမက ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ်ပဲ၊ စိတ်ဓာတ်ကျနေတဲ့ပုံမျိုး တစ်စက်မှ မပေါ်ဘူး။ သူမက ရှဲ့ရွှမ်းချန်နဲ့တောင် စကားစမြည် ပြောနေပြီး နှစ်‌ယောက်သားက တကယ့်ကြင်စဦးဇနီးမောင်နှံတွေ အတိုင်းပဲ။

အခြေအနေက နည်းနည်းတော့ ကိုးရိုးကားရားနိုင်နေတယ်။ အစောနကတင် ခင်ပွန်းဖြစ်သူ ဘာလို့ အိမ်ပြန်မလာနိုင်ရလဲ ကျန်းသခင်မ သမီးဖြစ်သူကို ရှင်းပြပြောဆိုလာရတာ ဖြစ်တယ်။ အခု မွေးစားသမီးကိုလည်း ကိုယ်ကျိုးနည်း စိတ်ဆင်းရဲနေရတာကို မြင်ရမှာပဲလို့ သူမ တွက်ထားတာ။ တကယ်တမ်းကျ သူတို့လင်မယားက ချစ်ချစ်ခင်ခင် ရှိနေကြတယ်။ 

ကျန်းမင်ဝေ့နဲ့ မုမင်ထန်က ရှေ့ဆင့်နောက်ဆင့်ပဲ မင်္ဂလာဆောင်ခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်လုံး တော်ဝင်မိသားစုဝင်တွေနဲ့ အိမ်ထောင်ပြုခဲ့ကြတာ ဖြစ်တယ်။ အပြင်မှာ လူတွေအားလုံးက တစ်ယောက်ကို ကဲ့ရဲ့ပြီး တစ်ယောက်ကို မြှောက်ပင့်ရင်း သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ပြောဆိုနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်က ငယ်ချစ်ဦးနဲ့ အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ကျခဲ့ပြီး နောက်တစ်ယောက်ကတော့ မုဆိုးမဖြစ်လာဖို့ အတင်းအကြပ် အိမ်ထောင်ပြုပေးခံရတာ ဖြစ်တယ်။ ဘယ်လိုပဲကြည့်ကြည့် ဘယ်သူက ပိုသာလဲ အသိသာကြီးပင်။

ငယ်ချစ်ဦးနှစ်ယောက် ပေါင်းဖက်သွားရတဲ့ ဇာတ်လမ်းက လူတိုင်းကို မနာလိုအားကျစေတယ်။ တစ်ဖက်မှာ မုမင်ထန်ကိုတော့ မင်းသားတစ်ပါးနဲ့ မင်္ဂလာဆောင်ရဖို့ မှန်းရဲတယ်ဆိုပြီး မိန်းကလေးတွေအားလုံးက ကဲ့ရဲ့ရှုံ့ချကြတယ်။ သာမန်အမျိုးသမီးတွေ ပြောကြတဲ့စကားတွေကို ကျန်းသခင်မ ဂရုမစိုက်ပေမဲ့ စိတ်ထဲတော့ ကြည်နူးပီတိ ဖြစ်နေတယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now