စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 116
Translated by Utopiaပုံမှန်လိုပဲ ရှဲ့ရွှမ်းချန် အိပ်ရာအရင်ဝင်သွားပြီးနောက် မုမင်ထန်က လိုက်ကာပန်းချီနောက် ဝင်ကာ အဝတ်အစားလဲဖို့ လုပ်လိုက်တယ်။ မနေ့ကလိုပဲမို့ ရှဲ့ရွှမ်းချန် နည်းနည်း ကျင့်သားရလာတယ်၊ သူမ အဝတ်အစားလဲနေတဲ့အသံကို ပထမဆုံးအကြိမ် ကြားရတုန်းကလောက် ရှက်ကိုးရှက်ကန်း ဖြစ်မနေတော့ဘူး။
အဲ့ဒီနောက် အမှောင်ထဲ သူမ အိပ်ရာပေါ် တက်လာပြီး စောင်ခြုံလိုက်တယ်။ ဘေးကသူဆီက အသက်ရှူသံကို ကြားရတော့ ဘာကြောင့်ရယ်မသိ သူမ စိတ်ထဲ အေးချမ်းတည်ငြိမ်သွားတယ်။ကြီးမားခမ်းနားတဲ့အိမ်တော်ကြီးနဲ့ ခိုင်းဖို့ အစေခံတွေ အမြောက်အမြား ရှိနေပေမဲ့ သူမ ယုံကြည်နိုင်တာဆိုလို့ အခု ဘေးမှာ အိပ်နေတဲ့သူတစ်ယောက်ပဲ ရှိတယ်။ နှစ်ယောက်အတူတူ လှဲနေဖြစ်တဲ့အခိုက်အတန့်မှာ သူမ စိတ်ထဲ သူတို့တွေ တစ်ယောက်အပေါ် တစ်ယောက် မှီခိုနေရသလိုမျိုး ခံစားလိုက်ရတယ်။
သူမအတွေးက ခေတ်ဟောင်းဆန်တယ်ဆိုတာတော့ သိပါတယ်။ မုမင်ထန် ပင်ပန်းလွန်းလို့ပဲလား နေသားကျသွားလို့ပဲလားမသိ အိပ်ရာထဲရောက်ပြီး သိပ်မကြာခင်မှာပဲ အိပ်ချင်လာတော့တယ်။
“သမားတော်ကြီးက လေးရက်နေ့ တာဝန်ကျတယ်ပြောတယ်။ မနက်ဖြန် ကျွန်မ အဲ့ဘက်ကို လျှောက်သွားကြည့်ပြီး လေးရက်နေ့ရောက်မယ့်အချိန်ကို စောင့်နေကြမယ်။ မီးတွေ ငြှိမ်းပြီးတဲ့အခါကျ အရှင့်သားက ဒီမှာ နေခဲ့၊ ကျွန်မက တိတ်တိတ်လေး ပြတင်းပေါက်ကနေ ခိုးထွက်ပြီး သမားတော်ကြီးကို သွားရှာမယ်။ တကယ်လို့ အပြင်က အစေခံတွေ တစ်ခုခုကြားသွားတယ်ထင်ရင် အရှင့်သားက ကာပေးနော်”
“အွန်း”
ရှဲ့ရွှမ်းချန်က ခပ်တိုးတိုးပဲ ပြန်ဖြေလာတယ်။ မုမင်ထန် ဟိုဘက်ပြန်လှည့်သွားပြီး သမ်းလိုက်တယ်။
“ကျေးဇူးတင်ပါတယ်။ ကျွန်မ အိပ်နှင့်တော့မယ်။ ကောင်းသောညပါ”
မုမင်ထန် ပြောပြီးသိပ်မကြာဘူး သူမ အသက်ရှူသံက နှေးလာကာ အိပ်ပျော်သွားတော့တယ်။ သူမရဲ့ အပူအပင်ကင်းပုံကိုကြည့်ပြီး ရှဲ့ရွှမ်းချန် အံ့ဩသွားတယ်။