စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 109
Translated by Utopiaကျန်းသခင်မ သက်ပြင်းချပြီး မုမင်ထန် သူမကို ဆက်ဆံတဲ့ပုံအတွက် ခွင့်လွှတ်ပေးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ ကြာကြာ ပျော်နိုင်မှာမှ မဟုတ်တာ ခဏလောက် သည်းခံလိုက်ရလို့ ဘာမှမဖြစ်သွားဘူး။ ကျန်းသခင် ကြင်ကြင်နာနာ ပြုံးလိုက်ရင်း
“ဒီလိုဆို ကောင်းတာပေါ့၊ အိမ်ထောင်မကျခင်တုန်းကလည်း သမီးတို့နှစ်ယောက်က ညီအစ်မတွေ ဖြစ်ခဲ့ပြီး အိမ်ထောင်ကျတော့လည်း လင်ညီမတွေဖြစ်လာကြတယ်။ ဒါ့အပြင် ဘေးအိမ်ကပ်လျက်ပါ နေနေကြတာဆိုတော့ တကယ့်ကို ရေစက်ပဲ။ သမီးတို့နှစ်ယောက် မကြာမကြာ စကားစမြည် ပြောသင့်တယ်။ မင်ဝေ့၊ အန်းဝမ်ဖေးက သမီးထက် ငယ်ပေမဲ့ အခုဆို ယောင်းမကြီး ဖြစ်နေပြီမို့ ကိုယ့်အကြီးလိုပဲ လေးလေးစားစား ဆက်ဆံရမယ်နော်”ရှဲ့ရွှမ်းချန်က ဒုတိယသားဆိုပေမဲ့ သူ့အစ်ကိုက အသက်က ၇ နှစ် ၈ နှစ်လောက်မှာ ဆုံးသွားတာဖြစ်တယ်။ ဆိုတော့ကာ ရှဲ့မိသားစုထဲ တကယ့်အာဏာရှိတဲ့သူက ရှဲ့ရွှမ်းချန်ပဲ။ သဘာဝကျကျပဲ မုမင်ထန်ကလည်း ယောင်းမကြီး ဖြစ်ထိုက်တာပေါ့။
ကျန်းမင်ဝေ့က သူမကို လေးလေးစားစားနဲ့ ဆက်ဆံရမယ်လို့ ကြားလိုက်တော့ မုမင်ထန် စိတ်ထဲနေလို့ကောင်းသွားတယ်။ ဒါပေမဲ့ သူမ နှိမ့်ချတတ်ဖို့ လိုသေးတာကြောင့်
“ဘယ်လိုလုပ်ဖြစ်မလဲ၊ ကျွန်မက ကျင်းဝမ်ဖေးထက် ငယ်တဲ့ဟာ။ ကျင်းဝမ်ဖေးက လေးလေးစားစား ဆက်ဆံရတယ်ဆို ကျွန်မ အရှက်ရမိမှာပါ”ကျန်းသခင်မက နန်းတော်က ကြားအောင်လို့ ဟန်လုပ်ပြီး ပြောမှန်း ကျန်းမင်ဝေ့ သိတယ်။ သူမကိုယ်တိုင်လည်း မုမင်ထန်ကို စိတ်ရှည်ဖို့ ကြိုးစားနေပေမဲ့ သူမ သိပ်ကမ်းတက်လွန်းတယ်။ ကျန်းမင်ဝေ့ စိတ်ထဲက ကျိန်ဆဲလိုက်တယ်။ ဘယ်လောက်တောင် အရှက်မဲ့တဲ့သူလဲ။ ကျန်းသခင်မကို သူ့အမေလို့ တကယ်ထင်နေတာလား? ဆုတောင်းလေ!!
ကျန်းမင်ဝေ့ စိတ်တိုလွန်းလို့ သွေးတစ်ပွက်လောက် အန်ချင်သွားတယ်။ ဒါပေမဲ့ ကျန်းသခင်မက သူမလက်ကို ဖိကိုင်ထားရင်း မုမင်ထန်ကို ပြုံးပြကာ