စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 117
Translated by Utopiaအပြာနုနဲ့အစိမ်းနုကို ဝတ်ဆင်ထားကြတဲ့ အစေခံမလေးတွေကြားထဲ အနီနဲ့အပြာတောက်တောက်ကို ဝတ်ထားတဲ့ မုမင်ထန်က ထင်းထွက်နေတယ်။ အစောနက သူမကို အမြင်မရှိဘူးလို့ လှောင်ပြောင်ခဲ့တဲ့ အစေခံတွေတောင်မှ သူတို့ကိုယ်သူတို့ သူမအတွက် နောက်ခံအရောင်သာသာလောက်ပဲ ရှိတယ်လို့ ခံစားလိုက်ရတယ်။ ဘယ်သူမှ လူအုပ်ထဲမှာ သူတို့ကို မြင်ကြမှာ မဟုတ်ဘူး။
အစေခံတွေလည်း စိတ်ထဲကနေ တိတ်တိတ်လေး မုမင်ထန်ကို ချီးမွမ်းလိုက်ကြတယ်၊ ‘မနက်ဖြန်ကျ ငါတို့လည်း သူမလို အရောင်တောက်တောက်လေးတွေ ဝတ်ကြည့်ရင် ကောင်းမလား’
မုမင်ထန် အဝတ်အစား လဲပြီးသွားတဲ့နောက် အစေခံတွေက အဆင်တန်ဆာတွေကို ဆင်ပေးနေကြတယ်။အဲ့ဒီနောက် ရှန့်နန်ချွမ်က မနက်စာနဲ့အတူ အခန်းထဲ ဖြေးဖြေးချင်း ဝင်လာပြီး
မုမင်ထန်က လက်ကို ဆန့်ပေးလိုက်ပြီး အစေခံတွေက စကတ်ကို ပုံစံကျအောင် ဖြန့်ပေးနေတယ်။ သူမ လက်ကို ပြန်ရုတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ
သူမ လှည့်ကြည့်လိုက်တဲ့အခါ ရှန့်နန်ချွမ်တောင် သူမဝတ်ထားတာ ကြည့်ပြီး အံ့ဩမှင်သက်သွားရတယ်။ သူများတွေက အရောင်တောက်တောက်တွေ မကြိုက်ကြပေမဲ့ မုမင်ထန် ဝတ်လိုက်တဲ့အခါကျ သိပ်လှလွန်းတယ်။
လှပတဲ့အရာလေးတွေ ကြည့်ရတာကို လူတိုင်း ကြိုက်နှစ်သက်ကြတယ်၊ အထူးသဖြင့် မိုးရွာပြီးခါစ မှိုင်းတိုင်းတိုင်း အခါမျိုးမှာပေါ့။ ကောင်းကင်ကြီးကလည်း ညို့မှိုင်းနေပြီး စိတ်ထိုင်းမှိုင်းစရာ မနက်ခင်းမှာ တောက်ပသစ်လွင်တဲ့ အရောင်နဲ့ သူမက လူတိုင်းရဲ့ စိတ်ကို ချက်ချင်းပဲ လန်းဆန်းသွားစေတယ်။
အစေခံတွေလည်း မုမင်ထန်နဲ့အတူ ထမင်းစားခန်းထဲ ဝင်လာကြတယ်။ သူမ ထမင်းစားပွဲမှာ ထိုင်လိုက်တဲ့အခါ အဖွယ်ဖွယ် အမယ်မယ် ချက်ထားတဲ့ ထိပ်တန်းဟင်းလျာအမျိုးမျိုးကို တွေ့လိုက်ရတယ်။ စွပ်ပြုတ်၊ ထမင်းဖြူ၊ ခေါက်ဆွဲ၊ ဒင်းဆမ်း၊ အသီးအရွက်သုပ်၊ ပင်လယ်စာကစလို့ ဟင်းအမျိုးပေါင်း ၃၀ ကျော်တယ်။