Chapter 119

1.1K 108 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး 
I’ll Be the Male Lead’s Sister-in-Law
Chapter 119
Translated by Utopia 

“ညီအစ်ကိုတွေပဲဟာ သူ့ကိုကျ ဘာလို့ ခွဲခြားခွဲခြား ဆက်ဆံရတာလဲ”

အစောနက အရှက်ရမှုက ချက်ချင်းပဲ ပျောက်သွားတယ်။ မုမင်ထန် မတ်တတ်ရပ်ပြီး အမြန်ပဲ အထဲကို ပြေးဝင်သွားတယ်။ သူမ စကတ် မ ပြီး အိပ်ခန်းထဲ မပြေးရုံတမယ်ပဲ။ 

ရှဲ့ရွှမ်းကျီလည်း မတ်တတ်ရပ်ပြီး တစ်ခုခု ပြောမလို့ လုပ်လိုက်ပေမဲ့ သူ စကားပြောချိန်တောင် မရလိုက်ဘူး မုမင်ထန်က အခန်းထဲကို ပြန်ပြေးဝင်သွားပြီ။ 

မသိရင် သူမအတွက် အစောနက နိုးလာတဲ့ ရှဲ့ရွှမ်းချန်က လွဲရင် ကျန်တာတွေ အားလုံးက အပယိကလိုပဲ။

ရှဲ့ရွှမ်းကျီတစ်ယောက် နေရာမှာ ကြောင်အမ်းအမ်းနဲ့ ရပ်နေမိတယ်။ စကားပဲ လှမ်းပြောရမလား ဘာမှမဖြစ်သလို ဒီအတိုင်းပဲ နေရမလား မသိတော့ဘူး။ 

မုမင်ထန် အမြန်ပဲ အိပ်ခန်းထဲ ပြေးဝင်လာတယ်။ သူမ မရှိရင် အစေခံတွေကလည်း အိပ်ခန်းထဲကို မဝင်ရဲကြချေ။ အားလုံး တံခါးရှေ့မှာပဲ စုပြုံနေကြပြီး မုမင်ထန်ကို မြင်တော့မှ အသက်ရှူနိုင်တော့တယ်။ အစေခံတွေက သူမကို အရိုအသေပေးရင်း

“ဝမ်ဖေး”

တံခါးဝမှာ အစေခံတွေ အရိုအသေပေးတာကို သူမ သာမန်ကာလျှံကာပဲ လက်ခံလိုက်ပြီးနောက် အိပ်ခန်းထဲ ဝင်လာတယ်။ အခန်းထဲ ရှဲ့ရွှမ်းချန်က အိပ်ရာပေါ်တောင် ထိုင်နေပြီ။ ပုံမှန်လိုပဲ သူမ သူ့လက်မောင်းကို ကူတွဲပေးပြီး မတ်တတ်ရပ်လိုက်တယ်။
“ဘယ်လိုလုပ် ဒီနေ့ အစောကြီး နိုးနေတာလဲ”

“အွန်း” ရှဲ့ရွှမ်းချန်က ခေါင်းညိတ်လိုက်ပြီး အပြင်ကို တစ်ချက် လှမ်းကြည့်ကာ “အပြင်မှာ တစ်ယောက်ယောက် ရောက်နေတာလား”

“အွန်း၊ ရှဲ့ရွှမ်းကျီနဲ့ ကျန်းမင်ဝေ့တို့ ဒီကို ရောက်နေကြတယ်” မုမင်ထန် သူ့ကို ထိုင်ဖို့ ကူညီပေးလိုက်ပြီး သူ့အတွက် သေတ္တာထဲက အဝတ်အစား ယူပေးနေတယ်။ ဒီနေ့ ကြက်သွေးရောင်ဝတ်စုံကို အပြာရင့်ရောင်အင်္ကျီနဲ့ တွဲဝတ်ထားတာမို့ သူမ လှည့်လိုက်တိုင်း နှင်းတောထဲက ပန်းပွင့်လေးလို သူမဝတ်စုံကလည်း ဝဲဖြာသွားတယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now