စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 37
Translator – Utopia
“ဦးထုပ်စိမ်း”
“ငါသာ မြန်မြန် နိုးမလာရင် ငါ့ခေါင်းတစ်ခုလုံးပါ စိမ်းလာမှာစိုးရတယ်”
ဆူဆူညံညံအသံတွေကြားတဲ့အခါ မုမင်ထန် ရှဲ့ရွှမ်းကျီကို ထားပစ်ခဲ့ပြီး အထဲကို ပြေးဝင်သွားတယ်။ ရှဲ့ရွှမ်းကျီ ကြောင်ကြည့်နေတုန်းမှာပဲ သူမက သူ့ကို ကျော်သွားပြီ။ သူ အသိစိတ်ပြန်ဝင်တော့မှ အမြန်ပဲ သူမလက်ကို ဆွဲဖမ်းလိုက်ရင်း
“မင်း သေချင်နေလို့လား”မုမင်ထန် တံခါးဝနားရောက်ခါနီးမှ သူ့ဆီက လှမ်းဆွဲတာခံလိုက်ရတာမို့ အနောက်ကို ယိမ်းထိုးသွားတယ်။ သူမ အသည်းအသန်ပဲ သူ့လက်ထဲက ရုန်းကန်နေတယ်။
“ဝမ်ရယ် နိုးလာပြီထင်တယ်၊ ကျွန်မကို လွှတ်!”
ရှဲ့ရွှမ်းကျီရဲ့မျက်နှာက အေးစက်နေပြီး သူမကို သွားခွင့်မပြုချေ။ အစက အသံတွေကျယ်ကျယ်လောင်လောင် ကြားလိုက်ရတော့ သူပဲ စိတ်ထင်နေလို့လားလို့ တွေးခဲ့မိပေမဲ့ အခု မုမင်ထန်ပါ ကြားလိုက်ရတယ်ဆိုတော့ကာ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်လောက်ဘူး။ဒါပေမဲ့ ရှဲ့ရွှမ်းချန်က ဘာလို့ ရုတ်တရက်ကြီး နိုးလာတာလဲ? မဟုတ်မှလွဲရော သူတို့ပြောနေတာတွေကို ကြားသွားတာများလား??
ရှဲ့ရွှမ်းကျီက သူမလက်ကို ပိုပြီးတောင် တင်းတင်းဆုပ်ကိုင်လိုက်တယ်။ ရှဲ့ရွှမ်းချန် အသိစိတ်ရှိနေသည်ဖြစ်စေ မဖြစ်စေ ဘာမှမကွာသွားဘူး။ သူ နိုးလာတာနဲ့ အားလုံးကို သတ်ပစ်မှာပဲ။ အသိစိတ်ကောင်းကောင်း မဝင်သေးရင်တောင်မှ နိုးလာတာနဲ့ သူ့ မသိစိတ်ကြောင့် အလိုလို တိုက်ခိုက်နေဦးမှာပဲ။ တော်သေးတယ်၊ သူ့ကို မိန်းမောအောင် လုပ်ထားလို့။ ရှဲ့ရွှမ်းချန်သာ အကောင်းအတိုင်း ရှိနေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်လာရင် အခြေအနေတွေက ပိုဆိုးသွားလိမ့်မယ်။
ရှဲ့ရွှမ်းကျီ သူ့ဟာသူတောင် အကျပ်ရိုက်သွားပါတယ်ဆိုမှ မုမင်ထန်ကလည်း ကိုင်ထားတဲ့လက်ကို အတင်းရုန်းကန်နေတယ်။ ရှဲ့ရွှမ်းကျီ စိတ်ရှုပ်လာပြီး
“သူနိုးလာနဲ့ ဘေးနားက လူတွေကို တိုက်ခိုက်လိမ့်မယ်။ မင်း သေချင်နေလို့လား အဲ့လောက် သူ့အနားပဲ သွားဖို့ လုပ်နေတာ။ သူက ......”