Chapter 113

910 95 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 113
Translated by Utopia 

မုမင်ထန် သူ့ကို မသိသလိုပဲ နေလိုက်ပြီး ဆေညွှန်းကို ယူကြည့်လိုက်တယ်။ အထဲမှာ ဂျင်းဆင်း၊ လင်ဇီး စတဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ ပစ္စည်းတွေကို ရေးထားတာ တွေ့လိုက်ရတယ်။ ဒီဆေးတွေက ခန္ဓာကိုယ်ကို ထိခိုက်စေမှာ မဟုတ်ချေ။ သမားတော်တွေက ရှဲ့ရွှမ်းချန်ကို မကုချင်တာမို့ သူမကို ပြီးစလွယ် ဆေးညွှန်းတစ်ခု ကောက်ရေးပေးလိုက်တာပဲ။

သူမ ဒေါသ ထောင်းကနဲ ထွက်သွားပေမဲ့ ဘာမှသတိမထားမိသလို ဟန်ဆောင်ကာ ပြုံးရင်း သူတို့ကို ပြန်ပို့ပေးလိုက်တယ်။ သမား‌တော်တွေ ထွက်သွားတဲ့နောက် ရှန့်နန်ချွမ်တို့အုပ်စုကို သူမ ရင်ဆိုင်ရဦးမယ်။ သူမ စိတ်‌အေးသွားတဲ့ဟန် ပြလို့မရသလို စိတ်ပူသွားဟန်လည်း ပြလို့ မရချေ။ 

ရှန့်နန်ချွမ်က အရှေ့တိုးလာပြီး လေးလေးစားစားနဲ့ မေးလာတယ်။

“ဝမ်ဖေး ဆေးတွေကျိုလိုက်ရတော့မလား”

“အွန်း” မုမင်ထန် ခပ်အေးအေးပဲ ပြန်ဖြေရင်း သူမလက်က ဆေးညွှန်းကို ရှန့်နန်ချွမ်ဆီ ကမ်းပေးလိုက်တယ်။ “သမားတော်ပြောတဲ့အတိုင်း ဆေးကျိုထားလိုက်တော့”

ရှန့်နန်ချွမ်က နောက်လိုက်အစေခံတွေကို ဦးဆောင်ပြီး ထွက်သွားတယ်။ အစေခံတစ်ဝက်က သူမနဲ့ လိုက်သွားပြီး တစ်ဝက်ကတော့ ခန်းမဆောင်ထဲ ကျန်နေခဲ့တယ်။ သူတို့အားလုံး လေးလေးစားစားနဲ့ ခေါင်းငုံ့နေကြပေမဲ့ မုမင်ထန်အနားက တစ်ဖဝါးမှ မခွာချေ။

မုမင်ထန် အိပ်ရာဘေး ထိုင်လိုက်တယ်။ ရှဲ့ရွှမ်းချန်ကတော့ အိပ်ပျော်နေတုန်းပဲ။ သူ့ပုံစံလေးက ရိုးသားဖြူစင်နေတယ်၊ ယောက်ျားရင့်မာကြီး တစ်ယောက်ကိုတောင် လက်ဗလာနဲ့ အရိုးချိုးပစ်နိုင်တဲ့ လူသတ်စက်လို့ သူမ ဘယ်လိုမှ တွေးကြည့်လို့ မရဘူး။ 

မုမင်ထန် သက်ပြင်းချမိတယ်။ ဒီအိမ်တော်ကြီးက ကြီးမားခမ်းနားပေမဲ့ ဘယ်ကိုသွားလို့ ဘယ်သူ့ကို ယုံရမလဲ မသိဘူး။ သူမမှာ အားကိုးစရာ ရှဲ့ရွှမ်းချန် တစ်ယောက်ပဲ ရှိတယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now