Chapter 62

2.2K 209 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 62
Translator – Utopia

"ကျင်းဝမ်က ဒီနေ့ပွဲရဲ့ သတို့သားပဲဟာ ဒီဝမ်ဖေး ဝမ်ရယ်ရဲ့ဦးညွှတ်နှုတ်ဆက်တာကို လက်မခံဝံ့ပါဘူး" သူမက နှိမ့်ချပြီး ပြောပေမဲ့လည်း ရှဲ့ရွှမ်းကျီဆီက အရိုအသေပေးတာကို လက်ခံဆဲဖြစ်တယ်။ သူ နှုတ်ဆက်တာ ပြီးတဲ့အထိ စောင့်ပြီးမှ "ကျွန်မက ဝမ်ရယ့်ဒုတိယအစ်ကိုတော်ကို လူမမာပြုစုနေရတာမို့ လူငယ်တွေရဲ့ ပွဲကို လာဖို့မသင့်တော်ဘူး။ ဒါပေမဲ့လည်း ကျင်းဝမ်ဖေးကိုယ်တိုင် ဝမ်ရယ့်ကို ကျွန်မဆီလွှတ်ပြီး မင်္ဂလာဆောင်ဖိတ်လာတော့လည်း ယောင်းမတော်အတွက် လေးစားသမှုနဲ့ ကြွရောက်ချီးမြှင့်ပေးရတာပေါ့။ ကျွန်မလာတာ နောက်တော့မကျသွားဘူးမလား"

"နောက်မကျပါဘူး" ရှဲ့ရွှမ်းကျီက ကျင့်ဝတ်တွေအတိုင်း မျက်လွှာချရင်းနဲ့သာ ပြန်ဖြေလာတယ်။ "ဒုတိယမရီးတော်ကိုယ်တိုင် ကြွရောက်လာပေးတာနဲ့တင် ကျွန်တော်တို့အတွက် ခမ်းနားနေပါပြီ၊ ဘယ်လိုလုပ် နောက်ကျရမှာလဲ။ အခုလို မရီးတော် လာရောက်ပေးတာနဲ့တင် ကျေးဇူးအများကြီး တင်မိပါတယ်"

ရှဲ့ရွှမ်းကျီနောက်က လူတွေကလည်း ရယ်မောရင်းနဲ့

"ချီယန်ဝမ်ဖေးက တကယ်ကို နှိမ့်ချလွန်းနေပါပြီ"

"ဒါဆိုလည်း ကောင်းပါပြီ" မုမင်ထန်က ယခင်ခင်ပွန်းလောင်းရဲ့မင်္ဂလာပွဲကို တက်ရလို့ အနေရခက်နေတာမျိုး မရှိဘူး။ အဲ့အစား ရှဲ့ရွှမ်းကျီကို လက်ဝှေ့ယမ်းပြလိုက်ပြီး "ပညာရှိလှတဲ့ ဒီဝမ်ဖေးရဲ့ မတ်လေး၊ ယောင်းမအသစ်စက်စက်လေးက အခုထိ မင်္ဂလာခေါင်းပဝါကို မလှန်ရသေးဘူး။ သတို့သားက မင်္ဂလာဦးညမှာ ပဝါကို မလှန်ပေးခဲ့ရင် ကံမကောင်းတတ်ဘူးတဲ့၊ အမြန်သွားတော့"

မင်္ဂလာပဝါလွှမ်းထားတဲ့အောက်က ကျန်းမင်ဝေ့ အနည်းငယ် လှုပ်ရှားသွားတယ်။ မုမင်ထန်က သူမနေရာကိုတောင် အစားထိုးတော့မလို့ .... မဟုတ်ဘူး .... ပထမဘဝတုန်းက ကျင်းဝမ်က သူမကို အောင်အောင်မြင်မြင်နဲ့ အစားထိုးပစ်နိုင်ခဲ့တာ။ အခု သူမက 'ကံမကောင်းဘူး' ဆိုတဲ့စကားကို ပြောင်ပြောင်တင်းတင်း လာပြောရဲသေးတယ်။ အဲ့တာနဲ့တင်ကို တော်တော် ကံဆိုးနေပြီ။ ကျန်းမင်ဝေ့က လှုပ်လှုပ်ရှားရှား ဖြစ်နေတော့ အိမ်တော်ပါအစေခံတွေလည်း သူမရဲ့အင်္ကျီလက်စကို တင်းတင်းဆွဲကာ နေရာမှာပဲ ထိုင်နေဖို့ ဝင်ဆွဲထားရတော့တယ်။

ဒီလို ပျော်ရွှင်စရာနေ့ရက်လေးကို မုမင်ထန်ကြောင့်နဲ့ ရှဲ့ရွှမ်းကျီ အပျက်စီးမခံချင်ဘူး။ ဒါကြောင့်မို့ ဒေါသကို မျိုသိပ်ရင်း ထုံးတမ်းအတိုင်း မင်္ဂလာပွဲအခြံအရံ*တွေကို အရိုအသေပြုပြီးနောက်

"ဆက်လုပ်ကြတာပေါ့"

မင်္ဂလာပွဲအခြံအရံတွေလည်း ချက်ချင်းပဲ အရောင်ငါးမျိုးရှိတဲ့သစ်သီးတွေကို ကြဲပက်ပေးရင်း မင်္ဂလာဩဘာစကားတွေကို ဆုတောင်းရွတ်ဆိုပေးနေတယ်။ မင်္ဂလာခေါင်းခြုံပဝါကို လှန် ပေးရတာက ဒီနေ့ပွဲရဲ့ အရေးအကြီးဆုံးအရာဖြစ်တဲ့အပြင် မင်းသားတစ်ပါးရဲ့မင်္ဂလာပွဲလည်း ဖြစ်တာကြောင့် ပဝါကို မလှန်ခင် ထုံးတမ်းစဉ်လာတွေအတိုင်း လုပ်ဆောင်ရတာတွေ ရှိပြန်တယ်။ မင်္ဂလာပွဲအခြံအရံတချို့က ဆုတောင်းစကားတွေကို ရွတ်ဆိုပေးနေပြီး ရှဲ့ရွှမ်းကျီလည်း မင်္ဂလာအခမ်းအနားမှူးရဲ့ ညွှန်ကြားချက်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် လိုက်လုပ်နေတယ်။ မင်္ဂလာပွဲအခမ်းအနားကို ကြည့်ရင်း ဧည့်ပရိသတ်အပေါင်းလည်း စိတ်ကြည်နူးပျော်ရွှင်နေကြတော့တယ်။

မုမင်ထန်က ချီယန်ဝမ်ဖေးဖြစ်တယ်၊ ဧကရာဇ်နဲ့ မိဖုရားခေါင်က နန်းတော်ထဲက မကြွချီလာတာကြောင့် အခု ဒီမင်္ဂလာပွဲမှာ သူမက ရာထူးအကြီးဆုံး တော်ဝင်မိသားစုဝင်ဖြစ်တယ်။ ဘယ်သူမှ သူမရှေ့  ဝင်မရပ်ရဲသလို သွားလည်း မသွားရဲကြချေ။ မင်္ဂလာပွဲက သက်ဝင်လှုပ်ရှားနေပြီး မုမင်ထန်ဘေးက ထိုင်ခုံတစ်နေရာစာကသာ လစ်ဟာလို့နေတယ်။

ဒီနေ့ သူမကိုယ်တိုင် မြင်တွေ့ရတော့မှပဲ မင်္ဂလာပွဲဆိုတာ ဘယ်လိုမျိုးလဲ သိရတော့တယ်။ အမျိုးမျိုးသော ဆုတောင်းစကားအဖုံအဖုံကို နားထောင်ရင်း သူမရင်ထဲ ရုတ်တရက် စိတ်ပျက်သွားမိတယ်။

အချိန်ကုန်တာပဲ အဖတ်တင်တယ်၊ အစက ယခင်ခင်ပွန်းလောင်းရဲ့ မင်္ဂလာဆောင်ကို ကြွားကြွားဝါဝါဝတ်ပြပြီး ဟိတ်ဟန်ထုတ်ဖို့ စဥ်းစားထားခဲ့တာ။ အဲ့တာက ဘာအကျိုးရှိမှာမို့လို့လဲနော်? ဒီမှာ လာထိုင်နေရမယ့်အစား အိမ်ပြန်ပြီး ကောင်ချောလေးကို အဖော်ပြုပေးနေရတာကမှ ကောင်းဦးမယ်။

ရှဲ့ရွှမ်းချန်အကြောင်း တွေးမိတော့ မုမင်ထန် ငိုင်သွားတယ်။ ဒီနေ့ သူမက အိမ်တော်မှာ မရှိ‌တော့ သူ တစ်ယောက်တည်း ယွီလင်ခန်းမဆောင်မှာ ရှိနေမှာ၊ သူ အဆင်ပြေပါ့မလား?? သူမ မတွေးတာပဲ ကောင်းပါတယ်လေ။ ဒါပေမဲ့ တွေးလေတွေးလေ သူမ ပိုပြီး ရင်ပူလာမိလေပဲ။ မုမင်ထန် ချက်ချင်းပဲ ပြန်ချင်နေပြီ။ ဒါပေမဲ့ အခုထိ ရှဲ့ရွှမ်းကျီက မင်္ဂလာပဝါကို မလှန်ရသေးတာကြောင့် အခုအချိန် ထပြန်လို့ မကောင်းချေ။ မဟုတ်ရင် အချစ်ဟောင်း ရှဲ့ရွှမ်းကျီအတွက် ခံစားချက်တွေ ရှိနေတယ်လို့ ထင်ကုန်ကြလိမ့်မယ်။

ရှဲ့ရွှမ်းကျီဘက်က ထုံးတမ်းအစဉ်အလာတွေအတိုင်း လုပ်ရတာတွေ ပြီးသွားတဲ့နောက် အနီရောင်လင်ဗန်းပေါ်က ပေတံကို ကောက်ယူလိုက်တယ်။ ထို့နောက် မင်္ဂလာပဝါကို မ မလို့ လုပ်လိုက်ချိန်မှာပဲ အပြင်ကနေ ရုတ်ရုတ်သဲသဲအသံတွေ ထွက်ပေါ်လာတယ်။

အသံတွေက ခပ်လှမ်းလှမ်းက လာတာဆိုပေမဲ့ တစ်ခုခုကြောင့် အထိတ်တလန့်ဖြစ်နေပုံပေါ်တယ်။ မင်္ဂလာပွဲထဲက ဆူညံသံကိုတောင် အပြင်ကအသံက လွှမ်းသွားတယ်။

မုမင်ထန်ရဲ့မျက်နှာက ချက်ချင်းပြောင်းသွားတယ်။ အဲ့အချိန်မှာပဲ လူတစ်ယောက်က မင်္ဂလာအိမ်တော်ထဲ ဒရောသောပါးပြေးလာပြီး

"အရှင့်သား မကောင်းတော့ဘူး! ချီယန်ဝမ် စိတ်ဖောက်ပြန်သွားပြီ!"

(TN: မင်္ဂလာပွဲအခြံအရံ* = သတို့သမီးရံလိုမျိုးပါပဲ၊ ဒါပေမဲ့ အိမ်‌ထောင်ကျပြီးသားသူတွေကို ဆိုလိုပါတယ်)
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now