Chapter 38

2.5K 224 0
                                    

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 38
Translator – Utopia

'ချီယန်ဝမ်ရယ် နိုးလာတယ်' ဆိုတဲ့စကားကို ကြားတာနဲ့ အပြင်ကစစ်သားတွေလည်း အားလုံးခေါင်းနားပန်းကြီးသွားကြတယ်။ ချက်ချင်းပဲ ဓားတွေဆွဲထုတ်ပြီး ဗျူဟာပုံဖွဲ့ရင်း အိပ်ဆောင်ကို လက်နက်အပြည့်နဲ့ ဝိုင်းထားတယ်။

ယွီလင်ခန်းဆောင်ရဲ့အပြင်ဘက်မှာ လေထုက အနေအထား တင်းမာနေတယ်။ အပြင်က ဓားသံလှံသံတွေကို အိပ်ဆောင်ထဲကနေတောင်ကြားရတယ်။ စစ်ခရာသံကို ကြားတဲ့အခါ ရှဲ့ရွှမ်းချန် လှောင်ပြုံးပြုံးလိုက်ရင်း ဖြေးဖြေးချင်း ရှဲ့ရွှမ်းကျီကို လှမ်းကြည့်လာတယ်။

"ဒီမင်းသားတောင် မသေသေးဘူး၊ မင်းက အလျင်လိုနေပြီလား"

ရှဲ့ရွှမ်းချန်က အိပ်ပျော်နေတဲ့အချိန်တွေမှာ အေးချမ်းပြီး ချောမောတဲ့အသွင်အပြင် ရှိတာကြောင့် ကောင်ချော‌လေးလို့ မုမင်ထန် ထင်ခဲ့တာ။ အခု သူ့မျက်လုံးတွေ ပွင့်လာမှပဲ ဘာလို့ အားလုံးက သူ့ကို ချောမောတယ်လို့မပြောကြတာလည်း သဘောပေါက်သွားတော့တယ်။

သူ့ရဲ့စူးရှတဲ့ မျက်လုံးတွေကြောင့် ဘယ်သူမှ သူ့ကို အလှလေးတစ်ယောက်လို ချောမောတယ်လို့ မပြောရဲကြတာဖြစ်တယ်။ အိပ်ဆောင်အပြင်မှာ စစ်သားရာချီက ဝိုင်းထားပြီး၊ ရှဲ့ရွှမ်းကျီနဲ့ မုမင်ထန်က အခန်းထဲမှာ ရပ်နေကြတယ်။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာ ဘယ်သူမှ အသံမပြုရဲကြချေ။

ဒါပေမဲ့လည်း ဒီစကားတစ်ခွန်းပြောလိုက်တာနဲ့တင် သူ့ဆီက အားတွေ အကုန် ကုန်သွားပုံပေါ်တယ်။ ရှဲ့ရွှမ်းချန် ပြောပြီးတာနဲ့ ရုတ်တရက် သွေးတွေ အန်လာပြီး အိပ်ရာထဲ ဝုန်းခနဲ ပြန်လဲကျသွားတော့တယ်။ မုမင်ထန် စိုးရိမ်သွားပြီး ချက်ချင်းပဲ ‌အရှေ့ကိုပြေးထွက်လာကာ

"အရှင့်သား ... အရှင့်သား"

သွေးတွေက ချင်းချင်းနီနေပြီး အိပ်ရာတဝက်လောက်ကို စွန်းထင်းသွားတယ်။ ဒီမြင်ကွင်းကို မြင်ရတာက သူမနှလုံးသားကို နာကျင်စေတယ်။ မုမင်ထန် အမြန်ပဲ သွေးတွေ သုတ်ရအောင် အဝတ်လိုက်ရှာနေတယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now