စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 46
Translator – Utopia
ရှဲ့ရွှမ်းကျီက နှာခေါင်းရှုံ့လိုက်ရင်း
"သံမဏိကြိုးတွေကို ဖျက်ဆီးပစ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ အဲ့တာကို ဖွင့်ဖို့ သော့နှစ်ချောင်း ခွဲထားပြီး တစ်ခုက ငါ့ဆီမှာ တစ်ခုက ခမည်းတော်ဆီမှာ။ သော့နှစ်ချောင်းလုံး မရှိသ၍ သူ ဘယ်လိုမှ လက်ထိတ်တွေ ခြေချင်းတွေကို ဖွင့်နိုင်မှာ မဟုတ်ဘူး။ သူ့လက်တွေ ခြေထောက်တွေကိုမချိုးပစ်သ၍ သူ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူး"
ယွီလင်ခန်းဆောင်ရဲ့ အပြင်ဘက်မှာတော့ အစောင့်တွေက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြဆဲဖြစ်တယ်။ မုမင်ထန် ထမင်းဘူးယူဖို့ တံခါးဖွင့်လိုက်တဲ့အခါ အပြင်ဘက်မှာ အစောင့်တွေက စစ်ဝတ်စုံအပြည့်နဲ့ နေ့နေ့ညည မပြတ်ကင်းလှည့်နေကြတာကို တွေ့လိုက်ရတယ်။ တပ်စုခေါင်းဆောင်က ဂိတ်တံခါးကို စောင့်ကြပ်နေပြီး မုမင်ထန် ထွက်လာတာကို မြင်တော့
"ဝမ်ဖေးကို နှုတ်ခွန်းဆက်သပါတယ်။ ဝမ်ရယ့်အခြေအနေ ဘယ်လိုရှိပါသလဲ၊ သူ နိုးလာမယ့်အရိပ်အယောင် ပြသေးလား"
မုမင်ထန် ခေါင်းခါပြရင်း သက်ပြင်းချကာ
"ဝမ်ရယ်က သွေးတွေအန်ပြီး မေ့လဲသွားတာ အခုထိပဲ"
တပ်စုခေါင်းဆောင်လည်း စိတ်အေးသွားတာလား၊ စိတ်မောမိတာလည်း မပြောတတ်တော့ဘူး။ သူ့လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း
"ဝမ်ဖေး ပိုပြီး ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုခုထူးခြားတာ ရှိတာနဲ့ ဝမ်ဖေး ချက်ချင်း ကျွန်တော်မျိုးကို လာအကြောင်းကြားပေးပါ။ ဝမ်ဖေးရင်ဆိုင်နေရတဲ့ အန္တရာယ်ကို လျှော့မတွက်လိုက်ပါနဲ့"
"ကောင်းပါပြီ ကျွန်မ နားလည်ပါတယ်"
မုမင်ထန် စကားပြောပြီးတဲ့နောက် ထမင်းဘူးကို ယူပြီး အထဲပြန်ဝင်သွားတယ်။ တံခါးကို မှီရင်း အချိန်အတော်ကြာ ရပ်နေခဲ့ပြီးတဲ့နောက် တိတ်တိတ်လေး သူခိုးလိုမျိုး အိပ်ဆောင်ထဲကို ဝင်လာခဲ့လိုက်တယ်။
"အရှင့်သား ကျွန်မ ပြန်ရောက်ပါပြီ" အနောက်ဘက်ခန်းဆောင်ဆီ လျှောက်လာရင်း တိုးတိုးလေး ပြောလိုက်တယ်။ "စိတ်မပူပါနဲ့ သူတို့တွေ မရိပ်မိကြဘူး"
မုမင်ထန်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။
"နေပါဦး ငါက ဘာလို့ အိမ်ထဲ တစ်ယောက်ယောက်ကို ဖွက်ထားရသလို ခံစားနေရတာပါလိမ့်? မသိရင် ဖောက်ပြန်ပြီး လူမိမှာစိုးလို့ သတိထားနေရတဲ့အတိုင်းပဲ"
ရှဲ့ရွှမ်းချန်ကတော့ လက်ထိတ်တွေကို ဘယ်လိုဖျက်ရမလဲ လေ့လာနေတယ်။ အစကတော့ သူမပြောတာကို အာရုံထားပြီး နားထောင်မနေဘူး။ ဒါပေမဲ့ 'ဖွက်ထား' 'ဖောက်ပြန်' ဆိုတဲ့စကားတွေကို ကြားလိုက်ရတဲ့ သူ့လက်က သွေးကြောတွေ ပေါက်ထွက်လာတော့မတတ်ပဲ။
"မင်း သူများတွေကို ဘယ်လိုစကားပြောရမလဲ မသိဘူးလား"
"ကျွန်မပြောတာ မှားလို့လား" ထမင်းဘူးကို ယူလာရင်း သူမက ဆက်ပြောလာတယ်။ "ကြည့်လေ စားစရာကိုတောင်မှ ခိုးကြောင်ခိုးဝှက်နဲ့ ယူလာရတယ်။ ဟိုးအရင်တုန်းကဆို ဘေးအိမ်က ခင်ပွန်းက သူ့ဇနီးကို ဖောက်ပြန်တဲ့အခါ ဒီလိုပဲ လုပ်ခဲ့တာ"
ရှဲ့ရွှမ်းချန် ဒေါသထွက်လာပြီး သံလက်ထိတ်ပေါ်ကို ဘမ်းကနဲ ရိုက်ချလိုက်တယ်။ မုမင်ထန် စိုးရိမ်သွားပြီး ချက်ချင်းပဲ ရှူး ရှူး လုပ်ပြကာ
"အသံကျယ်ကျယ် ကျယ်ကျယ် မလုပ်နဲ့လေ!"
ရှဲ့ရွှမ်းချန် တကယ်ပဲ တိတ်သွားတယ်။ နှစ်ယောက်သား အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ကြတယ်။ မုမင်ထန်ကတော့ ပြတင်းပေါက်နား ရပ်နေပြီး အပြင်ကလူတွေ ကြားသွားလည်း စနည်းနာနေတယ်။ ပြီးကျ သက်ပြင်းချလိုက်ရင်း
"လန့်လို့ သေတော့မှာပဲ။ အပြင်ကလူတွေက သာမန်လူတွေမဟုတ်ဘူး။ ဒီလိုသာ ထပ်လုပ်နေရင် ကျွန်မတော့ ကြောက်လွန်းလို့ သေမှာပဲ"
ရှဲ့ရွှမ်းချန် ဘာမှပြန်မပြောခဲ့ချေ။ ယောက်ျားတစ်ယောက်ဆိုတာ ဘယ်အချိန် အော်ငေါက်ရမလဲ ဘယ်အချိန်မှာ မလုပ်သင့်ဘူးလည်း နားလည်ရတယ်။ ရှဲ့ရွှမ်းချန်က သူ့နာမည်ဂုဏ်သိက္ခာကို အဲ့လောက်ဂရုစိုက်နေလို့ရယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမပြောတဲ့စကားကို ကြားရတဲ့အခါ သူ့စိတ်ထဲ တစ်မျိုး ခံစားလိုက်ရတယ်။ သူတို့က တရားဝင် လက်ထပ်ထားပြီးသားပဲဟာ ဘာလို့ ခိုးဖောက်ပြန်နေသလို သူပါ လိုက်တွေးမိနေတာလဲ??
မုမင်ထန်ကတော့ သူ့တွေးနေတာကို သတိမထားမိဘူး။ ရှဲ့ရွှမ်းချန်အတွက် စားစရာတွေ ခပ်ပေးရင် အိပ်ရာဆီ ယူလာခဲ့တယ်။ သူက အခုမှ သတိရလာတာမို့ အဆီများတဲ့စားစရာတွေကို သူမ မကျွေးရဲဘူး။ ဒါ့ကြောင့်မို့ ကြက်သားပြုတ်နဲ့တိုဟူးတို့လို အာဟာရပြည့်ပြီး အစာကြေလွယ်တဲ့ဟာမျိုးတွေကိုပဲ မှာခဲ့တယ်။ သူမ ရှဲ့ရွှမ်းချန်ကို ခွံ့ကျွေးမလို့ လုပ်လိုက်တဲ့အခါ သူက ခွံ့ကျွေးတာကို စားဖို့ သိပ်လိုလားပုံမပေါ်ဘူး။
သူ့မျက်နှာအမူအရာကို ကြည့်တာနဲ့ သူ ဘာတွေးနေတာလဲ မုမင်ထန် သဘောပေါက်လိုက်တယ်။ သူမ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးလာတယ်။
"အရှင့်သားလက်မှာ လက်ထိပ်တွေနဲ့လေ။ အရှင့်သား လှုပ်လိုက်တာနဲ့ အသံထွက်လာလိမ့်မယ်။ ကျွန်မပဲ အရှင့်သားကို ခွံ့ကျွေးပါရစေ"
ရှဲ့ရွှမ်းချန်လည်း သူမအကူအညီကို မာနတခွဲသားနဲ့ လုပ်နေလို့ မရမှန်း နားလည်ပါတယ်။ ဒီလိုနဲ့ပဲ သူ့ကို ခွံ့ကျွေးတာကို လက်ခံလိုက်ရတော့တယ်။ ကံကောင်းတာက မုမင်ထန်က သိပ်ကို ကျွမ်းကျင်တာမို့ ခေါင်းငုံ့လိုက်တာနဲ့ သူ့ကို ခွံ့ကျွေးပြီး ချည်းသားပဲ။ အလုတ်တိုင်းက မများလွန်းမနည်းလွန်းပဲ သူ့အတွက် အနေတော်လောက်ပဲ ဖြစ်တယ်။
____________________________________________________________________________________________