Chapter 91

1.6K 148 0
                                    


စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 91
Translator – Utopia

နောက်ပိုင်းကျ ရှဲ့ရွှမ်းချန်မှာ စိတ်ပိုင်းဆိုင်ရာ‌ ပြဿနာတွေ ရှိလာပြီး မေ့မြောနေလိုက်၊ စိတ်ဖောက်ပြန်သွားလိုက်နဲ့ မကြာခဏ ဖြစ်နေခဲ့တယ်။ သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တာ ဘယ်လိုလုပ် မိသားစုတစ်ခုကို ထူထောင်နိုင်မှာတဲ့လဲ။ သူ မေ့မြောနေရာကနေ နိုးလာတော့ အိပ်ရာဘေး သူ့ဇနီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်က ရောက်နှင့်နေပြီ။
အိမ်ထောင်ပြုဖို့အတွေးမျိုး သူ့ဆီမှာ မရှိသေးသလို လူပျိုလူလွတ်ဘဝနဲ့ အိမ်ထောင်သည်ဘဝက ဘာကွာခြားသွားလဲ သူ မသိဘူး။ ဒီကိစ္စမှာ မုမင်ထန်လည်း သူနဲ့ အတူတူပဲ နေမှာ။
ဒါပေမဲ့ ဒီနေ့ညတော့ တစ်ခုခုက အရင်လိုမဟုတ်‌တော့တာကို နောက်ဆုံးတော့ သူ သိသွားပြီ ။ ဒါက သူ့အတွက် ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်ဘေး အိပ်ဖူးတာ ဖြစ်ပြီး ပထမဆုံးအနေနဲ့ မိန်းကလေးတစ်ယောက် အဝတ်အစားလဲတာကို ကြားဖူးတာပဲ။ သူမအဝတ်အစားလဲတာက ဘာလို့ အဲ့လောက်တောင် အသံကျယ်နေတာလဲ?? သူမ ဘယ်ဟာကို ချွတ်ပြီး ဘယ်ဟာကို ဝတ်နေလဲ တစ်ခုချင်းစီကအစ သူ ကြားနေရတယ်။
ရှဲ့ရွှမ်းချန် တော်တော်လေး အနေရခက်နေတယ်။ မကြားရအောင် နားကို အုပ်ထားပြန်ရင်လည်း တစ်ခါမှ အတွေ့အကြုံမရှိတဲ့သူလို့ ထင်ခံရဦးမယ်။
သူမအဝတ်အစားလဲနေတဲ့အသံက သူ့နားထဲ တိုးဝင်နေပြီး မျက်စိရှေ့မှာ မန်ဒရင်းဘဲနှစ်ကောင်ပုံ ချည်ပန်းထိုးထားတဲ့ အနီရောင်တောက်တောက် စောင်ရယ်၊ ခေါင်းအုံး နှစ်လုံးရယ် ရှိတယ်။
တကယ်တော့ ရှဲ့ရွှမ်းချန်လည်း နားလည်သင့်သလောက်တော့ နားလည်ပါတယ်။ ပြောရရင် နားမလည်သေးသင့်တာကိုတောင် နားလည်နေတယ်လို့ ပြောလို့ရတယ်။  စစ်တပ်ထဲ နှစ်အတော်ကြာ နေခဲ့တာမို့ မကောင်းတဲ့ပြက်လုံးတွေကို သူ အများကြီး ကြားခဲ့ဖူးတယ်။ ဥပမာ ရေထဲဆော့ကစားနေတဲ့ မန်ဒရင်းဘဲနှစ်ကောင်က ဘာအဓိပ္ပာယ်လဲ ဆိုတာမျိုးပေါ့။
ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက တဖြေးဖြေး အရုပ်ဆိုးလာတယ်။ သူ့ကို မိန်းမ ပေးစားတုန်းက ရှဲ့ရွေ့နဲ့ ရှဲ့ရွှမ်းကျီတို့ ဘာတွေ ကြံနေတာကြလဲ၊ သူ့လက်အောက်က လူတွေကကော မန်ဒရင်းဘဲနှစ်ကောင်ပုံကို ပြင်ပေးရင်း ဘာတွေကြံစည်နေကြတာ ဖြစ်မလဲ?
သူ တွေးမနေသင့်မှန်းသိပေမဲ့ တွေးလေတွေးလေ ဒေါသထွက်လာလေပဲ။
နေ့ခင်းတုန်းက အဲ့လူတွေ ဘာတွေပြောနေခဲ့ကြလဲကို ရှဲ့ရွှမ်းချန် မျက်နှာထား ခပ်တင်းတင်းနဲ့ တွေးနေတယ်။ အဲ့အချိန်မှာပဲ မုမင်ထန်က မီးမှုတ်လိုက်မို့ ရုတ်တရက် မှောင်ကျသွားတော့တယ်။
မီးက ရုတ်တရက် ပျောက်သွားတာမို့ ရှဲ့ရွှမ်းချန် မျက်လုံးထဲ အားလုံး မှောင်ကျသွားတော့တယ်။ ခဏကြာတဲ့နောက် သူ့မျက်လုံးတွေက အခန်းထဲက မှုန်ပျပျအလင်းရောင်နဲ့ အသားကျလာတယ်။ အမှောင်ထဲ သူ မြင်နိုင်လာတာနဲ့ ခပ်လှမ်းလှမ်းကနေ လာနေတဲ့ မုမင်ထန်ကို တွေ့လိုက်ရတယ်။ သူမ သတိကြီးကြီးထားပြီး အခန်းထဲ စမ်းတဝါးဝါးနဲ့ လျှောက်လာနေတယ်။
သူမ အိပ်ရာပေါ်တက်လို့ရအောင် ရှဲ့ရွှမ်းချန် လမ်းဖယ်ပေးလိုက်တယ်။ မထင်မှတ်ထားဘဲ သူမက ကွေ့သွားရမယ့်အစား သူ့ဆီ တည့်တည့်ကြီး လျှောက်လာတယ်။ သူမလက်တွေက စမ်းတဝါးဝါးနဲ့ သူ့ကို ထိခါနီး ဖြစ်နေပြီ။
ရှဲ့ရွှမ်းချန် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပဲ သူမလက်ကို လှမ်းဖမ်းလိုက်တယ်။
"ဘယ်ကို လာထိမလို့လဲ"
မုမင်ထန် လက်ကောက်ဝတ်ကနေ ဖမ်းဆွဲခံလိုက်ရပြီး အဲ့ကျမှပဲ သူ့ကို ဝိုးတဝါးမြင်ရတော့တယ်။ သူမကြည့်ရတာ ရှဲ့ရွှမ်းချန်ဆီ ရောက်လာတဲ့ပုံပဲ။ သူမလက်အတိုင်း အောက်ကို ငုံ့ကြည့်လိုက်တော့မှ လက်က ရှဲ့ရွှမ်းချန်ရဲ့ ခါးအောက်ပိုင်းကို ရောက်နေတာပဲ။
မုမင်ထန် ရှက်သွားပြီး ပြန်ရှင်းပြလာတယ်။
"ကျွန်မ မရည်ရွယ်ပါဘူး၊ အစောနက ဘာမှသေချာမမြင်ရလို့ပါ"
"ဒါဆို အခု မင်းလက်ကို မရွှေ့သေးဘူးဆိုတော့ တမင် ရည်ရွယ်ချက်နဲ့ လုပ်တာလား"
"မဟုတ်ပါဘူး၊ မဟုတ်ဘူးရယ်"
မုမင်ထန် ချက်ချင်းပဲ လက်ကို ရုတ်သွားပြီး အိပ်ရာခြေရင်းကို နောက်ဆုတ်သွားတယ်။ ထို့နောက် အိပ်ရာပေါ် ကုန်းကုန်းကွကွနဲ့ တက်ရပြန်တယ်။ သူမသာ အပြင်ဘက်ခြမ်းမှာ အိပ်ရရင် အခုလို ဖြစ်မှာမဟုတ်ဘူးဆိုပြီး ရှဲ့ရွှမ်းချန်ကို စိတ်ထဲကနေ ကျိန်ဆဲနေမိတော့တယ်။
တော်တော် အလိုက်သင့် မနေတတ်တဲ့လူကြီး။
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းမဆိုင်မိအောင် နေကြပေမဲ့ အိပ်ရာပေါ် အတူလှဲနေရတော့ ရှက်နေမိတာကို ဖုံးထားလို့ မရတော့ချေ။ မုမင်ထန် မလှုပ်မယှက်နဲ့ အတော်ကြာ နေပြီးတဲ့နောက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"ဒါဆို ကျွန်မ အရင် အိပ်တော့မယ်နော်"
"အွန်း"
"ကောင်းသောညပါ အရှင့်သား။ အိပ်မက်လှလှ မက်ပါစေ"
အိပ်ရာဝင်သွားပြီးတဲ့နောက် အခန်းထဲ အသက်ရှူသံသာ ကြားရတော့တယ်။ မုမင်ထန် အိပ်ရာထဲ ဆန့်ဆန့်ကြီး လှဲနေပြီး လှုပ်တောင် မလှုပ်ရဲချေ။ ခဏကြာတဲ့နောက် ဘေးကသူရဲ့ အသက်ရှူသံကို ဖြေးဖြေးချင်း ကြားလာရတယ်၊ ကြည့်ရတာ သူ အိပ်ပျော်သွားပြီနဲ့ တူတယ်။ မုမင်ထန်လည်း သက်ပြင်းချလိုက်ပြီး အဲ့ကျမှ စအိပ်တော့တယ်။
ဒါပေမဲ့ ရုတ်တရက်ကြီး ဘေးမှာ တခြားတစ်ယောက်နဲ့အတူအိပ်ရတာဆို‌တော့ သူမ ဘယ်လိုလုပ် လွယ်လွယ် အိပ်ပျော်နိုင်မှာလဲ။ မုမင်ထန် မျက်စိမှိတ်ပြီး အချိန်အတော်ကြာ နေ,နေပေမဲ့ အိပ်လို့မရချေ။ အဲ့အချိန်မှာပဲ  နောက်ကနေ အသံတစ်ခုက ရုတ်တရက် ထွက်လာတယ်။
"မင်း မအိပ်သေးဘူးလား"
မုမင်ထန် အမြန်ပဲ သူ့ဘက် လှည့်လိုက်တယ်။
"အရှင့်သားလည်း အိပ်မပျော်သေးဘူးလား"
ရှဲ့ရွှမ်းချန်ကော သူမကော အိပ်ချင်ယောင် ဆောင်နေကြပြီး တကယ် အိပ်မပျော်သေးချေ။ မုမင်ထန် နည်းနည်း ရှက်သွားတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး အိပ်ရာတစ်ခုထဲ အတူလှဲနေရတာ တော်တော်လေးကို ထူးဆန်းနေတယ်။ မုမင်ထန် သူနဲ့ စကားပြောကြည့်ဖို့ လုပ်လိုက်တယ်။
"အရှင့်သားလည်း အိပ်မရဘူးဆိုမှတော့ စကားပြောကြရအောင်"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now