Begin of the story

40.5K 1.8K 27
                                    

" ပျော်လား ကိုယ် မင်းကို မေးနေတယ်လေ ပျော်လားလို့ !! ကိုယ့်ကို နှစ်တွေအများ​ကြီးတောင် အရူးလုပ်ခဲ့ရတော့ သိပ်ကိုဂုဏ်ယူနေမှာပေါ့ ဟုတ်တယ်မလား ''

"...........''

" မင်းလိုချင်တာလည်း ရပြီဆိုတော့ ဘာလုပ်ဖို့ ကိုယ့်ကို အသက်ရှင်ခွင့်ပေးထားတာလဲ တစ်ခါတည်းပဲ သတ်ပစ်လိုက်ပါတော့လား ။ ''

ရှောင်ကျန့်က သူ့ကို မျက်နှာသေနဲ့ စိုက်ကြည့်နေတဲ့ လူငယ်လေးကိုကြည့်ပြီး အရူးတစ်ယောက်လို ရယ်မောမိတယ် ။ ဘယ်လောက်အထိ သူတုံးအလိုက်သလဲ ။ နှစ်တွေအကြာကြီး ချစ်ခဲ့ရတဲ့လူက တကယ်တော့ သူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးကို ဖျက်စီးပစ်ဖို့ သူ့စီ ရောက်လာခဲ့တာတဲ့လား ။ သူကတော့ တစ်စက်ကလေးတောင် သံသယမဝင်ပဲ ဒီလူသားကို အပြစ်ပြော​နေတဲ့ သူ့ရဲ့မျိုးနွယ်ဝင်တွေကို ထောင်ထဲသွင်း အကျဉ်းချခဲ့မိတယ် ။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်သလဲ ။

" ကိုယ် မင်းကိုသိပ်ချစ်ခဲ့တာ ရီပေါ် ကိုယ့်မျိုးနွယ်တစ်ခုလုံးကိုတောင် စွန့်ပစ်နိုင်တဲ့အထိပဲ ဒါပေမဲ့ မင်းကတော့ ကိုယ့်ကို စိတ်ပျက်စေခဲ့တယ် ''

"............''

" ကိုယ့်အပေါ် အပြစ်ရှိတယ်ဆိုတဲ့ စိတ်လေးကို နည်းနည်းလေးများ ခံစားမိခဲ့ရင် ကျေးဇူးပြုပြီး သတ်လိုက်ပါတော့ ''

ရှောင်ကျန့်က သူ့ကို ဘာစကားမှမပြောပဲ မျက်နှာလွဲသွားတဲ့ လူငယ်လေးကြောင့် ထပ်ခါထပ်ခါ နာကျင်ရတယ် ။ အဟက်!! မင်းကအရူးပဲ... မင်းကအရူးပဲ ရှောင်ကျန့် ။ ဒီအခြေအနေအထိ ရောက်နေတာတောင်မှ အရူးလိုမျိုး ဘာကိုကြားချင်နေတာလဲ ။ အရာအားလုံး အဆုံးသတ်သွားပြီ ။ သူ့မှာ ဘာဆို ဘာမှမရှိတော့ဘူး ။ သူနှစ်တွေအကြာကြီး ချစ်ခဲ့ရတဲ့လူက သူရဲ့အရာအားလုံးကို ဖျက်စီးပစ်လိုက်ပြီလေ ။

" ဝမ်ရီပေါ် ကိုယ်တို့ လုံးဝအဆုံးသတ်သွားပြီ ။ ''

နဂိုတည်ငြိမ်နေတဲ့ ဝမ်ရီပေါ်ရဲ့မျက်နှာက ဒီစကားကိုကြားတော့ ချက်ခြင်းပြောင်းလဲသွားတယ် ။ အနားကိုလာဖို့လုပ်နေတဲ့ ဝမ်ရီပေါ်ရဲ့ခြေလှမ်းတွေက သူရဲ့တားဆီးပိတ်ပင်ခြင်းဆိုတဲ့ အစီအရင်ကြောင့် ရပ်တန့်သွားခဲ့ပြီး သူ့ရဲ့အနားကို ကပ်လာလို့မရတော့ပေ ။ ဘာတွေကို စိတ်ပူနေတာလဲ ဝမ်ရီပေါ် ။ ကိုယ်က မင်းကို တစ်ခုခုလုပ်လိုက်မှာ သိပ်ကိုကြောက်နေတယ်ပေါ့လေ ။ အဟက်!! ရယ်စရာကောင်းလိုက်တာ ။

The Story Of Phoenix KingWhere stories live. Discover now