လီချန်းလျုံက တွန့်ချိုးနေတဲ့မျက်လုံးတွေနဲ့ ရှန်းကျားလျန်ကို သေချာစိုက်ကြည့်လို့နေတယ် ။ ကြောက်မက်ဖွယ်ကောင်းတဲ့ မီးတောက်တွေက ရှန်းကျားလျန်ရဲ့အနားမှာ ပျော်ရွှင်စွာခုန်ပေါက်နေကြတယ် ။ ရှန်းကျားလျန်စီမှာ ဘယ်လိုလုပ်ပြီး မီးတောက်တွေရှိနေရတာလဲ? ။ ရှန်းကျားလျန်ရဲ့ကျင့်စဉ်အားလုံးကို သူကိုယ်တိုင်ပဲဖျက်စီးခဲ့တာလေ ။ ရှန်းကျားလျန်က ဘယ်တော့မှကျင့်ကြံလို့မရတော့ဘူး ။ သံသယတစ်ချို့က လီချန်းလျုံရဲ့မျက်လုံးတွေထဲ ဖြတ်ပြေးသွားခဲ့တယ် ။
" ငါ မင်းကိုမသတ်နိုင်ဘူးလို့ ထင်နေသေးလား? ။ ပုရွတ်ဆိတ်တစ်ကောင်ကများ ရာရာစစငါ့ကိုဖိအားပေးရဲတယ် ။ လီချန်းလျုံ မင်းသေလိုက်တော့ ".
ရှောင်ကျန့်က အေးစက်နေတဲ့မျက်လုံးတွေနဲ့ လီချန်းလျုံကိုစိုက်ကြည့်ကာ ခရမ်းရောင်မီးတောက်ကို ဆင့်ခေါ်လိုက်တယ် ။ ခရမ်းရောင်မီးတောက်က သူရဲ့ကိုယ်ပိုင်မီးတောက်ဖြစ်ပြီး မီးတောက်အားလုံးမှာမှ ကြောက်မက်ဖွယ်အကောင်းဆုံးမီးတောက်ဖြစ်တယ် ။ လီချန်းလျုံကိုသတ်ပစ်ဖို့အတွက် ဒီမီးတောက်ကိုသုံးလိုက်ရတာက သူ့ကိုအလွန်ရင်နာစေတယ် ။ ဘာမှမဟုတ်တဲ့ ပုရွတ်စိတ်တစ်ကောင်ကြောင့် သူက သူ့ရဲ့ရတနာလေးကိုအသုံးပြုလိုက်ရပြီ ။
လီချန်းလျုံက ရှန်းကျားလျန်ဆင့်ခေါ်လိုက်တဲ့ မီးတောက်ကိုမြင်တော့ အလွန်အံ့အားသင့်သွားတယ် ။ ဒီမီးတောက်က ဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ ဖီးနှစ်မီးတောက်မလား? ။ အရာအားလုံးကိုဝါးမျိုနိုင်တဲ့ ခရမ်းရောင်မီးတောက်လေ ။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာပေါ်လာရတာလဲ? ။ ပြီးတော့ရှန်းကျားလျန်!! ရှန်းကျားလျန်က အဲ့ဒီမီးတောက်ကို တကယ်ကြီးအမိန့်ပေးနိုင်တယ် ။
ရှောင်ကျန့်က လီချန်းလျုံရဲ့တုံ့ပြန်မှုကြောင့် နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားတယ် ။ လီချန်းလျုံက မီးတောက်ရဲ့မူလဇာတ်မြစ်ကို ရှာတွေ့သွားတာပဲ ။ ဒီကမ္ဘာရဲ့သာမန်လူတစ်ယောက်က ဖီးနှစ်မီးတောက်ကိုသိနေမယ်လို့ မထင်ထားမိဘူး ။ ဒါပေမဲ့လည်းစိတ်မကောင်းစရာက အဲ့ဒီလူကသေရတော့မှာဖြစ်တယ် ။ သူ့ကိုအကြိမ်ကြိမ်စော်ကားပြီး မထီမဲ့မြင်ပြုခဲ့တဲ့လူကို သတ်ရမှကျေနပ်နိုင်မယ် ။ ရှောင်ကျန့်က ခရမ်းရောင်မီးတောက်တွေကို လီချန်းလျုံကိုဝါးမျိုဖို့ အမိန့်ပေးလိုက်တယ် ။
VOUS LISEZ
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]