ရှောင်ကျန့်က ညိုးငယ်နေတဲ့မျက်နှာလေးနဲ့ သူ့ကိုခိုးခိုးကြည့်နေတဲ့ဝမ်ရီကြောင့် စိတ်ထဲနေသက်ပြင်းချမိတယ် ။ ဝမ်ရီပေါ်က သူ့ကိုတစ်ခုခုပြောချင်နေတဲ့ပုံပဲ ။ ဒါပေမဲ့သူစိတ်ဆိုးသွားမှာကြောက်လို့ တစ်ယောက်တည်းမျိုသိပ်နေတယ် ။ ဝမ်ရီပေါ်ရဲ့ပုံစံလေးက အနိုင်ကျင့်ခံနေရတဲ့ မိန်းမပျိုလေးတစ်ယောက်လိုပဲ ။ ရှောင်ကျန့်က ရယ်လည်းရယ်ချင် သနားလည်းသနားနေတယ် ။
" ကိုယ်ကိုပြောချင်တာရှိရင်ပြောလို့ရတယ် ။ ကိုယ် မင်းကိုစိတ်မဆိုးပါဘူး ။ စိတ်ထဲမှာမျိုသိပ်ထားမနေနဲ့ ပင်ပန်းလိမ့်မယ် ။ ''
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့စကားတွေကြောင့် နှုတ်ခမ်းကိုဖိကိုက်ရင်းစဉ်းစားနေတယ် ။ ရှောင်ကျန့်က သူ့ကိုပြောလို့ရတယ်တဲ့ ။ စိတ်ဆိုးမှာမဟုတ်ဘူးတဲ့ ။ ဝမ်ရီပေါ်က သူခံစားနေရတာတွေကို အမှန်တိုင်းဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ် ။
" ရှောင်ကျန့် ခင်များ ကျူဖုန်းမင်ဆိုတဲ့တစ်ယောက်နဲ့ မပတ်သတ်ပါနဲ့လားဟင်? ။ သူက ရိုးရှင်းတဲ့လူမဟုတ်ဘူး ။ Revenge Systemရဲ့ တာဝန်ထမ်းဆောင်သူတစ်ယောက် ။ ကျွန်တော်ကြောက်တယ် ။ ခင်များ ကျွန်တော့်ကိုမလိုချင်တော့မှာကို ။ ''
ဝမ်ရီပေါ်က သူ့ကိုယ်သူအယုံအကြည်မရှိဘူး ။ ရှောင်ကျန့်က သူ့ကိုထားသွားမှာသိပ်ကြောက်တယ် ။ ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့အတွေးတွေကို နားမလည်နိုင်တော့ဘူး ။ ဝမ်ရီပေါ်က ဘယ်လိုလုပ်ပြီး ကျူဖုန်းမင်ဆိုတဲ့ ဘာမှမဟုတ်တဲ့အကောင်ကို စိတ်ထဲထည့်နေရတာလဲ ။ အမှန်ဆိုရင် အဲ့ဒီကောင်အကြောင်း စဉ်းစားစရာပင်မလို ။
" ခင်များက သူ့ကိုသဘောမကျဘူးဆိုတာသိပါတယ် ။ ဒါပေမဲ့ကျွန်တော် သဝန်တိုမိတယ် ။ ခင်များရဲ့အနားမှာ ကျွန်တော်မဟုတ်တဲ့လူတွေ ရှိမနေစေချင်ဘူး ။ ''
" မုန်းတာ ''
" ဘာကို? "
" ကိုယ်က သူ့ကိုသဘောမကျတာမဟုတ်ဘူး မုန်းတာ ။ အရှင်လတ်လတ်မီးရှို့ချင်တဲ့အထိကို မုန်းတာ ။ ကိုယ်က သူ့လိုလူမျိုးကိုအရမ်းမုန်းတယ် ။ လူတစ်ယောက်ကိုတကယ်မချစ်ပဲ မလှည့်စားသင့်ဘူး ။ လိမ်ညာပြီးချစ်ဟန်မဆောင်သင့်ဘူး ။ သူက ကိုယ်အမုန်းဆုံးအရာတွေကို တောက်လျှောက်လုပ်နေခဲ့တာ ။ နောင်တမရတဲ့အပြင် ကျေတောင်ကျေနပ်နေသေးတယ် ။ ကိုယ် သူ့ကိုအလွှတ်ပေးမှာမဟုတ်ဘူး ။ သူလုပ်ရပ်တွေအတွက် ပြန်ပေးဆပ်စေရမယ် ''
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]