''50''

5.1K 716 39
                                    

ရှောင်ကျန့်က သူရဲ့လက်ကောက်ဝတ်နှစ်ဖက်က ရွှေရောင်ကြိုးတွေကို မျက်နှာသေနဲ့စိုက်ကြည့်လို့နေတယ် ။ ထပ်ပြီးတော့လား? ။ ဝမ်ရီပေါ်ရဲ့အစိတ်အပိုင်းတွေက ဘယ်လိုဟာတွေလဲဟ? ။ သူ့ကို ကျွန်းပေါ်မှာဖမ်းချုပ်ရတာကိုကြိုက်တဲ့လူနဲ့ လှောင်အိမ်ထဲထည့်ပိတ်ထားတာကိုကြိုက်တဲ့လူနဲ့ ဘယ်လိုထူးဆန်းတဲ့အကြိုက်တွေ ရှိနေတာလဲ? ။ ဒီကမ္ဘာကလီချန်းလျုံကလည်း အဲ့ဒီလူတွေအတိုင်းပဲ ဖမ်းချုပ်ထားပြန်ပြီ ။ ဟူး! ထားလိုက်ပါတော့ သူ့ရဲ့ဝမ်ရီပေါ်ပဲလေ ။

" အခုအချိန်အထိ ကျုပ်ကိုသတ်ချင်နေတုန်းပဲလား? ''

လီချန်းလျုံက ရှန်းကျားလျန်ရဲ့အနားကိုသွားကာ ပါးရိုးနှစ်ဖက်ကိုညစ်ရင်း ဆိုလိုက်တယ် ။ သူ ဒီလူကို အရမ်းသဘောကျတယ် ။ ဒီလူက သူရဲ့ရန်သူဖြစ်နေတာတောင်မှ သူရဲ့မိဘတွေကိုသတ်သွားတဲ့ လူသတ်သမားဖြစ်နေတာတောင်မှ သဘောကျနေတဲ့စိတ်တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး ။ ရှန်းကျားလျန်အပေါ်မှာရှိတဲ့ သူရဲ့ခံစားချက်တွေက အရမ်းနက်ရှိုင်းနေပြီ ။ နောက်ပြန်ဆုတ်လို့မရတော့ဘူး ။

" ဒီနေ့ကစပြီး ခင်များရဲ့ဘဝတစ်ခုလုံးကို ကျုပ်ပိုင်သွားပြီ ။ ခင်များနဲ့ပတ်သတ်တာမှန်သမျှက ကျုပ်အပိုင်တွေချည်းပဲ ။ ဒါကြောင့်လိမ်လိမ်မာမာနဲ့ ကျုပ်ရဲ့စကားကိုနားထောင် ။ ခင်များသာလိမ္မာမယ်ဆိုရင် ခင်များလိုချင်တဲ့အရာမှန်သမျှ ကျုပ်အကုန်ဖြည့်ဆည်းပေးမယ် ။ ဘယ်လိုလဲ? ကျုပ်ပြောတာကို သဘောတူလား? "

လီချန်းလျုံက ရှန်းကျားလျန်ရဲ့ပန်းနုရောင်နှုတ်ခမ်းလေးစီက​နေ အကြည့်မလွဲနိုင်ဖြစ်နေတယ် ။ ရှောင်ကျန့်က လီချန်းလျုံရဲ့အပြုအမူတွေကို တကယ်သဘောမကျဘူး ။ သူ့ကို မထီမဲ့မြင်ဆက်ဆံနေတာကို လက်ခံပေးလို့မရဖြစ်နေတယ် ။ လီချန်းလျုံက သူလိုက်ရှာဖွေနေတဲ့ ဝမ်ရီပေါ်ရဲ့အစိတ်အပိုင်းဖြစ်နေတယ်ဆိုရင်တောင်မှ သည်းမခံနိုင်ဘူး ။ ရှောင်ကျန့်က လီချန်းလျုံရဲ့အနားကိုပိုတိုးကပ်လိုက်တယ် ။

" မင်းရဲ့စကားနားထောင်ရအောင် မင်းက ကိုယ့်အတွက်ဘာလဲ? ။ လီချန်းလျုံ မင်းပြောစမ်း မင်းက ကိုယ့်အတွက်ဘာလဲလို့? ။ ''

The Story Of Phoenix KingWhere stories live. Discover now