ဝမ်ရီပေါ်က ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းသွားတဲ့ မူကျားယွမ်ကို လှောင်ပြုံးပြုံးကာကြည့်နေမိတယ် ။ ရှောင်ကျန့်က မူကျားယွမ်ကို သားတစ်ယောက်လို ပြုစုပျိုးထောင်နေတည်းက ဒီလိုတွေဖြစ်လာမယ်ဆိုတာကို သူကကြိုသိထားပြီးသား ။ ရှောင်ကျန့်ရဲ့မျက်လုံးထဲမှာ မူကျားယွမ်က ကလေးတစ်ယောက်ဆိုတာထက် မပိုဘူး ။ သူရဲ့အစိတ်အပိုင်းဆိုတာကို သိထားခဲ့တာတောင်မှပေါ့ ။ ဒါကြောင့်ပဲ အရမ်းတွေ အလိုလိုက်နေခဲ့တာဖြစ်တယ် ။ ဝမ်ရီပေါ်က ကျေနပ်အားရစွာရယ်မောမိတယ် ။
မူကျားယွမ်က ကြားလိုက်ရတဲ့စကားတွေကြောင့် ခြေထောက်တွေပင် ယိုင်ကျလုနီပါးဖြစ်သွားတော့တယ် ။ သားတဲ့! အန်ကယ်ချင်းက သူ့ကိုသားတဲ့! ။ သူက ဒါကိုဘယ်လိုလုပ် လက်ခံနိုင်မှာလဲ? ။ အန်ကယ်ချင်းရဲ့သားတစ်ယောက်ဖြစ်ရမဲ့အစား သွားသေလိုက်တာကမှ ပိုကောင်းအုံးမယ် ။
" ဘာဖြစ်လို့လဲ အားယွမ်? နေမကောင်ဘူးလား? ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးရမလား? "
" ကျွန်တော်... ကျွန်တော်အဆင်ပြေပါတယ် ''
မူကျားယွမ်က ရူးသွပ်လုနီးနီးဖြစ်နေတဲ့ သူရဲ့စိတ်တွေကို မနည်းထိန်းချုပ်နေရတယ် ။ အန်ကယ်ချင်းက သူ့ကို သားတစ်ယောက်လို သဘောထားနေတဲ့အတွက် သူရဲ့ခံစားချက်တွေကို ဝန်ခံလို့မဖြစ်သေးဘူး ။ အန်ကယ်ချင်းရဲ့လက်ရှိသြဇာအာဏာကို အရင်လျော့ချပြီးမှ သူအကြံတွေကိုစတင်သင့်တယ် ။ မဟုတ်ရင် သူက အန်ကယ်ချင်းကို ရနိုင်မှာမဟုတ်ဘူး ။
" ကျွန်တော်မှာ အန်ကယ်ကို တောင်းဆိုစရာတစ်ခုရှိတယ် ''
" ဘာကိုလဲ? "
" အန်ကယ် အခုလုပ်နေတဲ့စီမံကိန်းကို ကျွန်တော်ကိုလွဲပြောင်းပေးပါ ။ ကျွန်တော် အဲ့ဒီစီမံကိန်းကို ဦးဆောင်ပြီးလုပ်ကိုင်ချင်တယ် ''
" ဆေးဝါးသုသေတနကို ပြောနေတာလား? "
" ဟုတ် ''
" မဖြစ်ဘူး မင်းကငယ်သေးတယ် အဲ့တာကိုသေချာစီမံနိုင်အုံးမှာမဟုတ်ဘူး ။ ပြီးတော့ အဲ့ဒီစီမံကိန်းက အရမ်းအရေးကြီးတယ် အမှားလုပ်မိလို့မဖြစ်ဘူး ''
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]