''37''

5K 710 20
                                    

" အဲ့ဒီတော့မင်းပြောချင်တာက လျိုအန်းရဲ့ကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့စွမ်အားတွေကိန်းအောင်းနေပြီး အဲ့ဒီစွမ်းအားတွေကလည်း ဒီကမ္ဘာနဲ့မသက်ဆိုင်တဲ့စွမ်းအားတွေ ''

" အင်း ကျွန်တော်မြင်လိုက်တယ် ။ သူကိုယ်ထဲကထွက်လာတဲ့စွမ်းအားတွေက ဒီကမ္ဘာကစည်းမျဉ်းစည်းကမ်းတွေကိုဆန့်ကျင်နေတယ် ။ အဓိကကတော့အဲ့ဒီစွမ်းအားတွေက ကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းအားတွေဖြစ်နေတာပဲ ။ ဒါပေမဲ့သူစီကစွမ်းအားတွေက ကျွန်တော်ထက်ပိုအားကောင်း​နေတယ် ။ ''

" မင်းထက်တောင်မှလား? "

ရှောင်ကျန့်က မယုံကြည်နိုင်ဖြစ်သွားတယ် ။ လျိုအန်းက ဝမ်ရီပေါ်ထက်တောင်သန်မာတယ်ဆိုပဲ ။ အဲ့ဒီဝိညာဉ်အစိတ်အပိုင်းက ဝမ်ရီပေါ်စီမှာရှိနေတဲ့ ဝိညာဉ်အစိတ်အပိုင်းနှစ်ခုထက်တောင် ပိုသန်မာနေပါလား ။ အံ့သြစရာကောင်းလိုက်တာ ။

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အတွေးတွေကိုနားလည်နေတာမို့ ဆက်ရှင်းပြလာတယ် ။

" ကျွန်တော် ခင်များကိုအရင်ကပြောပြဖူးတယ်လေ ။ ကျွန်တော်ရဲ့ဝိညာဉ်က ခုနှစ်ပိုင်းအခွဲခံလိုက်ရတယ်ဆိုပြီး မှတ်မိသေးတယ်မလား? "

ရှောင်ကျန့်က ခေါင်းငြိမ့်ပြလိုက်တယ် ။ သူသေချာပေါက်ကိုမှတ်မိတာပေါ့ ။ သူက ဝမ်ရီ​ပေါ်အတွက် အဲ့ဒီအစိတ်အပိုင်း​တွေကို လိုက်ရှာ​ပေးနေတာလေ ။ ပြည့်စုံပြီဆိုတာနဲ့ ဝမ်ရီ​ပေါ်ကို သူနဲ့အတူ​ခေါ်ဆောင်သွားတော့မှာ ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကိုကြည့်ပြီးဆက်ပြောလာတယ် ။

" ကျွန်တော်ရဲ့အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခုမတူညီကြဘူး ။ ဝေ့ရီချန်ဘဝတုန်းက ကျွန်တော်ကအရမ်းအားနည်းနေတယ် ။ လီကျားရီဘဝမှာတော့ ပိုသန်မာလာတယ် ။ ဒါတွေကိုကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခုမတူညီလောက်ဘူး ။ နောက်ဆုံးအစိတ်အပိုင်းက အသန်မာဆုံးဖြစ်နေလောက်မယ် ။ အဲ့တာကြောင့်မို့ တတိယအစိတ်အပိုင်းဖြစ်တဲ့လျိုအန်းက အစိတ်အပိုင်းနှစ်ခုပိုင်ဆိုင်ထားတဲ့ ကျွန်တော်ထက်ပိုသန်မာနေလိမ့်မယ် ။ ''

The Story Of Phoenix KingWhere stories live. Discover now