"141"

1.2K 174 15
                                    

" ရှောင်ယင်း ကျူဖုန်းမင်နဲ့ ငါရဲ့ဆက်ဆံရေးက တကယ်ပဲ ချစ်သူတွေလား "

ရှောင်ကျန့်က မယုံကြည်နိုင်တာကြောင့် ထပ်မံမေးမိတယ် ။ ကျူဖုန်းမင်နဲ့ သူက ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာကို သူ လုံးဝမယုံကြည်နိုင်ဘူး ။ ပုံရိပ်ယောင်ကမ္ဘာထဲက ကျူဖုန်းမင်ရဲ့အပြုအမူတွေအရ ကျူဖုန်းမင်က သူ့အပေါ်မှာ ခံစားချက်ရှိတာမြင်နိုင်ပေမဲ့ အဲ့တာက ချစ်သူနှစ်ဦးကြားက အချစ်ခံစားချက်မဟုတ်ဘူး ။ ယုံကြည်လေးစားမှုကနေ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်မျိုးဖြစ်တယ် ။

အဲ့တာကြောင့် ကျူဖုန်းမင်နဲ့ သူရဲ့ဆက်ဆံရေးက အပေါ်ယံမြင်နေရသလို ရိုးရှင်းမနေနိုင်ဘူး ။ သူက ကျူဖုန်းမင်ကို သူ့ရဲ့ချစ်သူအဖြစ် မျိုးနွယ်စုနဲ့ မိတ်ဆက်ပေးခဲ့တာ အကြောင်းအရင်းတစ်ခုခု ရှိနေလောက်တယ် ။ ပြီးတော့ ဝမ်ရီပေါ်ကလည်း အဲ့ဒီအကြောင်းအရင်းကို သိထားလောက်တယ် ။ မဟုတ်ရင် ကျူဖုန်းမင်ကို သူရဲ့အနားမှာ ထားခွင့်ပြုမှာမဟုတ်ဘူး ။ တိတ်တိတ်လေးတောင် သတ်ပစ်နိုင်တယ် ။

" သခင် မင်း ဘာလို့ အဲ့တာတွေ ပြန်မေးနေတာလဲ "

" ငါ ဘာမှ မမှတ်မိတော့လို့ "

" မမှတ်မိတော့ဘူး? ဒါပေမဲ့ သခင် ကျွန်တော်တို့ကို သိနေတယ်လေ ... ဘာလို့ မမှတ်မိဘူးပြောရတာလဲ "

" ........... "

" သခင် မင်း... မင်း သူ့ကို မေ့သွားတာလား တကယ်လုံးဝမမှတ်မိတော့ဘူးလား "

ရှောင်ယင်းဟာ ကျူဖုန်းမင်ကို မသိသလိုပြမူနေတဲ့ သခင်ဖြစ်သူကြောင့် စိတ်ရှုပ်သွားရတော့တယ် ။ သခင်က ကျူဖုန်းမင်ကို လုံးဝမမှတ်မိဘူးပဲ ။ ဒါပေမဲ့ ဘာလို့လဲ ဘာလို့မမှတ်မိရတာလဲ ။ ကျန်တာအားလုံးကိုမှတ်မိနေပြီး ကျူဖုန်းမင်ကိုမှ ဘာလို့ ကွက်မေ့သွားရတာလဲ ။

" ရှောင်ယင်း မင်း ငါနဲ့ ကျူဖုန်းမင်ရဲ့အကြောင်းတွေကို ဘယ်လောက်အထိ သိထားလဲ မင်းသိထားသလောက် ငါ့ကို အကုန်ပြောပြ "

" အဲ့ဒီအချိန်တုန်းက သခင်က သူ့ကို မျိုးနွယ်စုထဲခေါ်လာပြီး သခင်ရဲ့ချစ်သူအဖြစ် အားလုံးနဲ့ မိတ်ဆက်ပေးခဲ့တာ ... အကြီးအကဲ‌တွေက သဘောမကျပေမဲ့ ထုတ်တော့မပြောခဲ့ဘူး သခင်ရဲ့ဒေါသကိုကြောက်လို့ ငြိမ်နေကြတယ် ... နောက်တော့ သခင်က ဝမ်ရီပေါ်နဲ့တွေ့ပြီး သူ့ကို စွန့်ပစ်လိုက်တယ်လေ "

The Story Of Phoenix KingOnde histórias criam vida. Descubra agora