''20''

7.3K 954 18
                                    

လီကျားရီက ရေချိုးခန်းထဲကနေထွက်လာတဲ့ ထူးဆန်းနေတဲ့အသံတွေကြောင့် မျက်ခုံးတွေတွန့်ချိုးသွားကုန်တော့တယ် ။ ဒီအသံတွေက ဘာသံတွေလဲ? ။ ဘာလို့တစ်မျိုးဖြစ်နေရတာလဲ? ။ ကျန်းရှောင်ဖန်တစ်ယောက်ထဲ ရှိနေတာမဟုတ်ဘူးလား? ။ အသက်ရှူရကြပ်လာတဲ့ ခံစားချက်ကြီးကြောင့် တစ်ခုခုလုပ်ပစ်ချင်လာတယ် ။

တံခါးကိုအဆက်မပြတ်ထုရိုက်လို့ အော်ခေါ်နေမိတယ် ။ တိတ်ဆိတ်နေတဲ့ကျန်းရှောင်ဖန်ကြောင့် လူက ပိုပိုပူလောင်လာရတော့တယ် ။ ကျစ်! အထဲမှာဘာတွေဖြစ်နေရတာလဲ? ။ လီကျားရီရဲ့မျက်လုံးတွေက တဖြည်းဖြည်းအနီရောင်ပြောင်းလာပြီး အခန်းထဲကလေထုအခြေအနေကလည်း ပုံမှန်မဟုတ်တော့ချေ ။

အလှမွေးငါးကန်ထဲက ငါးတွေ ၊ အလှစိုက်ထားတဲ့ သစ်ပင်တွေ ၊ အလှပန်းအိုးလေးထဲက ပန်းပင်လေးတွေက အကုန်ပျက်စီးသွားကြတယ် ။ ငါးတွေကသေဆုံးသွားပြီ သစ်ပင်၊ပန်းပင်တွေက ချက်ခြင်းညှိုးနွမ်းကုန်တယ် ။ ဒါပေမဲ့တရားခံဖြစ်တဲ့ လီကျားရီကတော့ ဒီထူးဆန်းနေမှု့တွေကိုသတိမထားမိခဲ့ ။ သူ့စိတ်ထဲမှာရှိနေတာက ကျန်းရှောင်ဖန်ဆိုတဲ့ လူတစ်ယောက်တည်း ။

" ညီငယ်လေး ကိုယ့်ကို ဘာလို့ဒီလောက်အထိအ်ာခေါ်နေရတာလဲ ''

အဲ့ဒီအချိန်မှာပဲ ခါးမှာတစ်ပတ်တစ်ထည်ပတ်ပြီး အပြင်ပြန်ထွက်လာတဲ့ ကျန်းရှောင်ဖန် ။ ရေစက်တွေက လှပကျော့ရှင်းတဲ့လည်တိုင်ကနေတစ်ဆင့် ရင်ဘတ်တွေပ်ါစီးကျလာတယ် ။ လီကျားရီရဲ့မျက်လုံးတွေက ကျန်းရှောင်ဖန်ရဲ့ပန်းရောင်သန်းနေတဲ့ အသီးလေးနှစ်ခုစီမှာရှိလို့နေတယ် ။ တစ်ခုခုထူးဆန်းနေပေမဲ့ ဘာကလဲဆိုတာကို သူမပြောပြတက်ဘူး ။

" ကိုကို ''

" အင်း ''

" ကိုကို အဆင်ပြေရဲ့လား? "

" ကိုယ်က ဘာကိုအဆင်မပြေဖြစ်ရမှာလဲ ''

" ဟို... ဟို ကျွန်တော်ထူးဆန်းတဲ့အသံတွေကြားနေရလို့ပါ ။ ''

" အော်! အဲ့အသံတွေက ကိုယ်ရဲ့လက်တွေကို အလုပ်ပေးနေတုန်း ထွက်လာတဲ့အသံတွေ ။ စိတ်ပူမနေနဲ့ ။ ကိုယ်ဘာမှမဖြစ်ဘူး ။ ''

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang