''47''

5K 696 11
                                    

ရှောင်ကျန့်က သူ့ကိုဆေးတိုက်ပြီး အခန်းထဲမှာပိတ်လှောင်သွားတဲ့ လီချန်းလျုံကိုကျိန်ဆဲနေတုန်းမှာပဲ မူမမှန်တာကိုခံစားလိုက်တယ် ။ တစ်စုံတစ်ယောက်က ဒီအခန်းထဲမှာရှိနေတယ် ။ ပြီးတော့အဲ့တာကလည်း အတော်ကြာနေပြီ ။ သူဘယ်လိုလုပ်သတိမထားမိရတာလဲ? ။ ဒီကမ္ဘာက သူ့ကို စိတ်အနှောင့်အယှက်အတော်ပေးတာပဲ ။ သူ့စီမှာဒဏ်ရာရမထားရင် အခုလိုသည်းခံနေမှာမဟုတ်ဘူး ။ ဟူး! စိတ်လျော့ စိတ်လျော့ ဝမ်ရီပေါ်ရဲ့အစိတ်အပိုင်းကိုရှာရအုံးမယ် ။ လက်လွှတ်စပယ်လုပ်လို့မဖြစ်ဘူး ။

" ထွက်လာခဲ့ မင်းဒီမှာရှိနေတယ်ဆိုတာငါသိတယ် ''

ရှောင်ကျန့်က အေးစက်စွာဆိုလိုက်တယ် ။ တစ်ဖက်ကရန်သူလား မိတ်ဆွေလားမသိရသေးပေမဲ့ လီချန်းလျုံထက်စာရင်တော့ အန္တာရာယ်နည်းပါသေးတယ် ။ ဟိုအယုတ်တမာကောင်လို သူ့အပေါ် ညစ်ညမ်းတဲ့အတွေးတွေမရှိရင်ရပြီ ။

" တကယ်ပဲခင်များဖြစ်နေခဲ့တာကို ။ ကျွန်တော်က ခင်များကို ဒီမှာပြန်တွေ့ရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး ။ "

ရှောင်ကျန့်က သူ့မျက်စိရှေ့ကအမျိုးသားကို စိုက်ကြည့်နေမိတယ် ။ ဒီအမျိုးသားက လီချန်းလျုံထက်တောင် ပိုကြည့်ကောင်းနေတာပဲ ။ သူအရမ်းသဘောကျရတဲ့ ခရမ်းရောင်မျက်လုံးတွေကိုလည်း ပိုင်ဆိုင်ထားသေးတယ် ။ ဒါပေမဲ့မျက်နှာကတော့ သူ့အကြိုက်မဟုတ်သေးဘူး ။ ဘယ်လောက်ပဲချောမောနေပါစေ သူ့ရဲ့နှလုံးသားကို မလှုပ်ရှားစေဘူး ။ သူရဲ့စိတ်ကအခုအချိန်မှာ ကန်ရေပြင်လိုပဲတည်ငြိမ်နေတယ် ။

အလှလေးတစ်ယောက်ဆိုတော့ မပြောတက်ဘူးလေ ။ သူက ခရမ်းရောင်မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့အလှလေးတွေဆို သိပ်ကိုသဘောကျတာ ။ အရင်အချိန်တွေတုန်းကဆိုရင် သူရဲ့အဖိုးတန်ရတနာစုဆောင်းမှုတွေထဲမှာ အဲ့ဒီအလှလေးတွေကမပါမဖြစ် ။ ဒါပေမဲ့သူရဲ့အဲ့ဒီစုဆောင်းမှုတွေက တစ်စုံတစ်ယောက်ကိုချစ်မိသွားတဲ့နောက်မှာတော့ အဖိုးမတန်တော့ပေ ။

" မတွေ့တာကြာပြီနော် ဖီးနှစ်အရှင် ''

ရှောင်ကျန့်က တောင့်ခဲသွားတယ် ။ ဖီးနှစ်အရှင်? သူ့ကို အဲ့ဒီအမျိုးသားက ဖီးနှစ်အရှင်ဆိုပြီးခေါ်လိုက်တယ်တဲ့လား? ။ ဒါဆိုရင်ဒီတစ်ယောက်ကလည်း ဒီကမ္ဘာကလူအစစ်မဖြစ်နိုင်တော့ဘူးပဲ ။

The Story Of Phoenix KingDonde viven las historias. Descúbrelo ahora