''121''

1.8K 197 11
                                    

ဝမ်ရီပေါ်ရဲ့မျက်နှာက လုယီအန်းရဲ့ ရိုင်းစိုင်းတဲ့ စကားတွေကြောင့် ပျက်ယွင်းသထက် ပျက်ယွင်းလာတယ် ။ သူရဲ့ဘဝမှာ အဲ့ဒီလိုမျိုး တစ်ခါမှ အပြောမခံရဖူးဘူး ။ နဂါးမျိုးနွယ်ရဲ့အိမ်ရှေ့စံမင်းသားဖြစ်တဲ့ သူ့ကို လူတိုင်းက ရိုသေလေးစားစွာ ဆက်ဆံကြတယ် ။ ရန်ဖက်မျိုးနွယ်ဖြစ်တဲ့ ဖီးနစ်မျိုးနွယ်ကတောင် သူ့အပေါ် အခုလိုယုတ်ညံ့တဲ့စကားမျိုး မသုံးဖူးဘူး ။

" နတ်သူငယ်ဘုရင် ဒီလူသားကို ခင်များရဲ့သားစီက ကျွန်တော် ပြန်ဝယ်ထားလိုက်ပြီ အဲ့တာကြောင့် ခင်များရဲ့မျိုးနွယ်စုဝင်တွေအတွက် တစ်ခြားတစ်ယောက်ရှာလိုက်တော့... သူက ကျွန်တော်အပိုင်ဖြစ်သွားပြီ ''

ဝမ်ရီပေါ်ဟာ ဒေါသစိတ်ကြောင့် လုယီအန်းကို ထသတ်တော့မဲ့ အချိန်မှာပဲ ရှောင်ကျန့်ရဲ့အသံကို ကြားလိုက်ရတယ် ။ အဲ့ဒီနောက် သူ့ကို ပွေ့ဖက်ကာ ကာကွယ်ပေးလာတဲ့ ရှောင်ကျန့်ကြောင့် သူရဲ့ဒေါသတွေက ရေနဲ့ငြိမ်းသတ်ခံလိုက်ရတဲ့ မီးတောက်အလား ချက်ခြင်းပျောက်သွားတယ် ။

" မကြောက်နဲ့တော့ ကိုယ် မင်းကို ကာကွယ်ပေးမယ် ''

ရှောင်ကျန့်က ယုန်ငယ်လေးတစ်ကောင်လို ကြောက်လန့်တုန်လှုပ်နေတဲ့ ကျိုးမင်းယွမ်ကို နူးညံ့စွာကြည့်ကာ နှစ်သိမ့်စကား ဆိုလာတယ် ။ အဲ့ဒီနောက် သူရဲ့အပေါ်ဝတ်ရုံကို ချွတ်ကာ ဂရုတစိုက် ဝတ်ပေးလိုက်တယ် ။ ကျိုးမင်းယွမ်ရဲ့အဝတ်တွေက သိပ်ကိုပါးလွန်းတယ် ။ ဘယ်လောက်အထိ ပါးလဲဆိုရင် အထဲက အတွင်းသားတစ်ချို့ကိုတောင် မြင်နေရတယ် ။

" ကျေး... ကျေးဇူးတင်ပါတယ် သခင်... သခင်လေး ''

ကျိုးမင်းယွမ်က သူရဲ့အပြုအမူကြောင့် နားဖျားတွေ နီရဲသွားကာ ကျေးဇူးတင်စကား ဆိုလာတယ် ။ အဲ့ဒီနောက် သူ့ကို မကြောက်တော့တဲ့အလား သူရဲ့အနား ပိုမိုတိုးကပ်လာတယ် ။

လုယီအန်းက ကျိုးမင်းယွမ်အပေါ် နူးညံ့ကြင်နာပြနေတဲ့ ဝေ့ပိုင်ယီကြောင့် လက်ကို တင်းနေအောင် ဆုပ်ထားမိတယ် ။ ဝေ့ပိုင်ယီက ကျိုးမင်းယွမ်ကို ထပ်ပြီးဂရုစိုက်နေပြန်ပြီ ။ ရှမင်းကျိုးရှိနေတာတောင်မှ ကျိုးမင်းယွမ်ကို ဂရုစိုက်ပေးနေတယ် ။ မဟုတ်မှလွဲရော... ထပ်ပြီးချစ်မိသွားတာလား ။ သူရဲ့အတိတ်ဘဝကလိုမျိုး ကျိုးမင်းယွမ်ကို ချစ်အုံးမှာလား ။ ကျိုးမင်းယွမ်အတွက် ဘာမဆို လုပ်ပေးအုံးမှာလား ။ လုယီအန်းက ထိုအတွေးကြောင့် ရင်ဘတ်တွေ အောင့်တက်လာတယ် ။

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang