''81''

3.5K 482 13
                                    

ကျိုးမိသားစုခေါင်းဆောင်ဟာ မူကျားယွမ်ရဲ့ဖိအားပေး ခြိမ်းခြောက်မှုတွေကြောင့် ဆံပင်တွေဖြူလာနဲ့အထိ စိတ်သောကရောက်နေရှာတယ် ။ ဟူး!! ကျိုး​ကျောက်ချန်ဆိုတဲ့ သူရဲ့သားမိုက်က အဲ့ဒီမကောင်းဆိုးဝါးလေးကို စိတ်အနှောင့်အယှက်​ဖြစ်အောင် ထပ်လုပ်လိုက်​ပြန်ပြီ ။ 

" မကောင်းတော့ဘူး သခင်ကြီး!! မူကျားယွမ်က ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ပစ်လိုက်ပြီ ။ ရင်းနှီးမြုပ်နှံသူတွေကလည်း သူတို့ရဲ့ငွေတွေကို ပြန်ထုတ်သွားတာမို့ ရှယ်ယာဈေးတွေက အဆက်မပြတ်ထိုးကျနေတယ် ''

ကျိုးမိသားစုခေါင်းဆောင်က သွေးအန်မတက် ဖြစ်သွားရှာတော့တယ် ။ ကျိုးမိသားစုဟာ သူရဲ့အသုံးမကျတဲ့သားကြောင့် ပျက်စီးရတော့မယ် ။ မဖြစ်ဘူး! ကျိုးမိသားစုက ဒီအတိုင်းပျက်စီးသွားလို့ မဖြစ်ဘူး!! ။ အဲ့ဒီလိုဆိုရင် တမန်လွန်က သူရဲ့ဘိုးဘေးတွေကို မျက်နှာမပြရဲဖြစ်နေလိမ့်မယ် ။

တစ်ခြားတစ်ဖက်မှာတော့ မူကျားယွမ်က ကျိုးကျောက်ချန်ကို အမှုန်ဖြစ်သွားတဲ့အထိချေမွကာ သတ်ပစ်ချင်နေခဲ့တယ် ။

" သခင် ကျွန်တော်တို့ ဒီလူကိုဘာလုပ်လိုက်ရမလဲ? "

လီရန်လို့အမည်ရတဲ့လူက သေလုနီးပါးအရိုက်ခံထားရတဲ့ မြေပြင်ကလူကိုကြည့်ကာ မေးလိုက်တယ် ။ ဒီလူဟာ ကျိုးကျောက်ချန်နဲ့ပေါင်းပြီး သူတို့ရဲ့သခင်ကို လိမ်ညာခဲ့တယ် ။ သခင်က ဒီလူကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်လောက်ဘူး ။

" မူသခင်လေး ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ကိုမသတ်ပါနဲ့ ကျွန်တော် သခင်လေးခိုင်းတာ အားလုံးလုပ်ပေးပါမယ် ကျေးဇူးပြုပြီး မသတ်ပါနဲ့ "

" ကျစ်! နားငြီးတယ် အဲ့ခွေးကောင်ရဲ့အပေါက်ကို ပိတ်ထားစမ်း ''

" မလုပ်... ဝူး... ဝူး... ''

မူကျားယွမ်က ကျိုးကျောက်ချန်နဲ့ တစ်ပုံစံတည်းတူညီနေတဲ့ အယောင်ဆောင်လူကို အေးစက်စွာစိုက်ကြည့်နေခဲ့တယ် ။ ကျိုးကျောက်ချန်က ဒီလူကိုအသုံးပြုပြီး သူ့ကို ကောင်းကောင်းကြီး လှည့်စားသွားနိုင်ခဲ့တာပဲ ။ အဟက်! ကျိုးကျောက်ချန်ရ ကျိုးကျောက်ချန် ငါ မင်းကိုလျော့မတွက်ခဲ့သင့်ဘူး ။

The Story Of Phoenix KingWhere stories live. Discover now