လီချန်းလျုံတစ်ယောက် ပစ္စည်းတွေကို ဒေါ်သတကြီးဖျက်စီးလို့နေတယ် ။ ဘယ်ကောင်လဲ!! ရှန်းကျားလျန်က ဘယ်ကောင်ကို သဘောကျနေရတာလဲ? ။ ရှာရမယ်!! အဲ့ဒီကောင်ကို မတွေ့တွေ့အောင်လိုက်ရှာရမယ် ။ ရှန်းကျားလျန်ရှေ့ပေါ်မလာခင် ရအောင်ရှာဖွေရမယ် ။ ရှာလို့တွေ့ရင်တော့ အရေခွံစုတ်ပြီး အပိုင်ပိုင်းခုတ်သတ်ပစ်မယ် ။ ရှန်းကျားလျန်ကို တပ်မက်ရဲတဲ့လူတိုင်း အကုန်သတ်ပစ်မယ် ။ တောက်! လူပါးဝပြီး သူ့အပိုင်ကိုမြူစွယ်ရဲတယ် ။ လီချန်းလျုံကတွေးလေ ဒေါ်သထွက်လေပဲ ။
" ကျောက်ဝူယွီ!! ''
ကျောက်ဝူယွီက ဒူးတွေတုန်လာတယ် ။ မျိုးနွယ်စုအရှင်က ရှန်းကျားလျန်ကြောင့် အလွန်ဒေါ်သထွက်နေတယ် ။ ဒါပေမဲ့အဲ့ဒီဒေါ်သတွေကို ခံနေရတဲ့လူတွေက သူတို့ပဲဖြစ်တယ် ။ အရှင်က ရှန်းကျားလျန်ဆိုတဲ့လူကို လက်ဖျားလေးနဲ့တောင်ထိတာမဟုတ်ဘူး ။ သူတို့ကိုပဲ ဆူပူကြိမ်းမောင်းနေတာဖြစ်တယ် ။ ဒီနေ့မနက်လူဘယ်နှစ်ယောက်တောင် အရှင်ရဲ့ဒေါ်သကိုခံလိုက်ရပြီးပြီလဲ ။ အခုတော့ သူ့အလှည့်ရောက်ပြီထင်ပါရဲ့ ။
" မျိုးနွယ်စုအရှင်? ''
ကျောက်ဝူယွီက သူ့မျက်လုံးသူမယုံကြည်နိုင်ဖြစ်နေတယ် ။ မျိုးနွယ်စုအရှင်က မျက်ရည်ကျနေတာတဲ့လား? ။ ရှန်းကျားလျန်ဆိုတဲ့လူကြောင့်လေ? ။ အေးစက်မာကြောလှတဲ့ မိစ္ဆာဘုရင်က ဒီလိုကိစ္စမျိုးအတွက် တုန်လှုပ်နေရတာလား? ။ ကျောက်ဝူယွီက မျက်မှောင်ကြုတ်မိတယ် ။
လီချန်းလျုံက ကျောက်ဝူယွီရဲ့အကြည့်တွေကို လုံးဝလျစ်လျူရှုထားတယ် ။
" မင်း လုရီကျိုးဆိုတဲ့လူကိုသိလား? "
" လုရီကျိုး? မျိုးနွယ်စုအရှင်က ကိုယ်လုပ်တော်လုရီကျိုးအကြောင်းကို သိချင်နေတာလား? "
" ဘာ!! ကိုယ်လုပ်တော်? မင်းပြောတာက လုရီကျိုးဆိုတဲ့ခွေးကောင်က ငါ့ရဲ့ကိုယ်လုပ်တော်လို့ပြောချင်နေတာလား? "
" ဟုတ်ပါတယ် မျိုးနွယ်စုအရှင် ။ လုရီကျိုးက လွန်ခဲ့တဲ့သုံးလောက်က မိစ္ဆာမျိုးနွယ်စုစီ ကိုယ်လုပ်တော်အဖြစ်ဆက်သခံလိုက်ရတာပါ ။ ''
KAMU SEDANG MEMBACA
The Story Of Phoenix King
Fiksi PenggemarStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]