''64''

4K 620 34
                                    

ချင်းလီလီက သူမရဲ့အနောက်ကနေ တကောက်ကောက်လိုက်ကာ သူမအဖေရဲ့အကြောင်းတွေကို အဆက်မပြတ်မေးနေတဲ့ မူကျားယွမ်ကို အတော်လေးမကျေနပ်ဖြစ်နေတယ် ။

" နင်... နင် ငါ့ပါးပါးကို ငါ့စီကနေခေါ်ထုတ်သွားဖို့ စိတ်ကူးနေတာလား ? မရဘူးနော် ပါးပါးက ငါ့အပိုင် ''

မူကျားယွမ်က ချင်းလီလီရဲ့စကားတွေကြောင့် ကလေးပီပီ နှုတ်ခမ်းဆူမိတယ် ။ သူက ချင်းလီလီကို သဘောမကျဘူး ။ ဒါ​ပေမဲ့ချင်းလီလီရဲ့ပါးပါး ဆိုသူကိုတော့ အများကြီးသဘောကျတယ် ။ ချင်းလီလီရဲ့အဖေက ပုံပြင်တွေထဲက နတ်သားလေးအတိုင်းပဲ ။ အဲ့ဒီနတ်သားလေးကို သူရဲ့အိမ်ခေါ်သွားပြီး ဘယ်သူမှမမြင်အောင် ဖွက်ထားချင်တယ် ။ ဒါကြောင့် ချင်းလီလီကို မနှစ်သက်ပေမဲ့ သူမရဲ့အနားမှာ လိုက်ကပ်နေမိတယ် ။ သူအဲ့ဒီလိုလုပ်မှ နတ်သားလေးနဲ့တွေ့နိုင်မှာလေ ။

" ငါက နင်နဲ့သူငယ်ချင်းဖြစ်ချင်လို့ ''

" သူငယ်ချင်း? "

" ဟုတ်တယ် ငါ့မှာသူငယ်ချင်းမရှိတာမို့ နင်နဲ့သူငယ်ချင်းဖြစ်ချင်လို့ ပြီးတော့နင့်မှာလည်း သူငယ်ချင်းမရှိသေးဘူးလေ ''

".........''

ချင်းလီလီက မူကျားယွမ်ရဲ့စကားတွေကို သိပ်မယုံကြည်ချင်ပေမဲ့ နောက်ဆုံးမှာတော့ ယုံကြည်သွားခဲ့တယ် ။ ပြီးတော့သူမမှာလည်း သူငယ်ချင်းမရှိသေးတာမို့ မူကျားယွမ်နဲ့ သူငယ်ချင်းလုပ်ဖို့ သဘောတူလိုက်တယ် ။ မူကျားယွမ်က သူမကို စိတ်ထဲကနေ ငတုံးလို့ပြောနေတာတွေကိုတော့ ကြားနိုင်ခြင်းမရှိခဲ့ပေ ။

ရှောင်ကျန့်က ဝမ်ရီပေါ်ကို သံသယဝင်နေပေမဲ့ ယုံကြည်ပေးဖို့ဆုံးဖြတ်ခဲ့တယ် ။ ဝမ်ရီပေါ်က အဲ့ဒီလူလိုမဟုတ်ဘူး ။ ဝမ်ရီပေါ်က သူ့ကို ဘယ်တော့မှနာကျင်စေမှာမဟုတ်ဘူး ။ ဝမ်ရီပေါ်က သူ့ဘဝတစ်လုံးကိုတောင် သူ့စီပေးထားခဲ့တာ ။ ဒါကြောင့်သူ့ကို သစ္စာဖောက်မှာမဟုတ်ဘူး ။ ​ရှောင်ကျန့်က စိတ်ထဲကနေရေရွတ်လို့နေတယ် ။ အဲ့ဒီနောက်မှတော့ ချင်းလီလီကို ကျောင်းသွားကြိုတော့တယ် ။

" ပါးပါး!! "

" ပါးပါးရဲ့ကတိအတိုင်း လီလီလေးကို လာကြိုပေးတယ်နော် ''

The Story Of Phoenix KingOù les histoires vivent. Découvrez maintenant