"137"

921 139 8
                                    

" လုယီအန်း ငါ မင်းကို ငါ့စီမှာ သစ္စာခံစေချင်တယ် မင်း ငါ့ရဲ့လက်အောက်ငယ်သားတစ်ယာက်ဖြစ်လာဖို့ စိတ်ကူးရှိလား "

လုမင်းရန်ဟာ ထိုစကားကြောင့် နှုတ်ခမ်းမဲ့မိတယ် ။ ရူးများရူးနေတာလား ။ သူ့ကို လက်အောက်ငယ်သား ဖြစ်စေချင်နေတယ်ပေါ့လေ ။ ဝေ့ပိုင်ယီကြောင့်သာ စိတ်ကို သည်းခံထားရတာ ။ မဟုတ်လို့ကတော့ ချက်ခြင်းထွက်သွားပစ်လိုက်ပြီ ။

" မင်းရဲ့လက်အောင်ငယ်သားဖြစ်ဖို့ စိတ်ကူးမရှိဘူး ... မင်းသိချင်တာတွေ သိရပြီဆိုတော့ ဝေ့ပိုင်ယီ ဘယ်မှာရှိနေလဲဆိုတာ င့ါကို ပြောပြလို့ရပြီလား "

" မင်း အဲ့တာကိုသိရင်တောင် သူ့စီ သွားနိုင်မှာ မဟုတ်ဘူး "

" ဘာအဓိပ္ပါယ်လဲ "

ရှောင်ကျန့်က သူ့ကို မျက်မှောင်ကျုံကာ မေးလာတဲ့ လုယီအန်းကို မသိချင်ယောင်ဆောင်ကာ သေလုနီးပါး အနှိပ်စက်ခံထားရတဲ့ လုယီအန်းကို ထပ်မံကန်ပစ်လိုက်တယ် ။ အဲ့ဒီနောက် သူရဲ့ဒဏ္ဌာရီလာ ခရမ်းရောင်မီးတောက်ကို ဆင့်ခေါ်ကာ ...

" ငါ ဘယ်သူဆိုတာကို မင်းသိချင်နေတယ်မလား ... မင်းရဲ့မေးခွန်းကို အခုဖြေပေးမယ် ... ငါရဲ့နာမည်ရှောင်ကျန့် ဖီးနှစ်မျိုးနွယ်စုရဲ့လက်ရှိခေါင်းဆောင် ... ပြီးတော့ နတ်ဘုရားကမ္ဘာက ရောက်လာတာ "

လုယီအန်းဟာ ရှောင်ကျန့်ဆိုတဲ့လူရဲ့ ကိုယ်ထဲ‌က ထပ်မံထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ အရှိန်အဝါတွေကြောင့် ဒူးထောက်မိလုနီးနီး ဖြစ်သွားခဲ့တယ် ။ အထူးသဖြင့် အဲ့ဒီလူရဲ့လက်ပေါ်မှာရှိနေတဲ့ ခရမ်းရောင်မီးတောက်က သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေတယ် ။ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းပစ်လိုက်တော့မဲ့ ခံစားချက်ကို ပေးစွမ်းနေတယ် ။

" မင်း အခုခံစားနေရတာတွေက မင်းစီမှာရှိနေတဲ့ အနီရောင်မီးတောက်ကြောင့်လေ ... ငါရဲ့သွေးအေးတဲ့အကိုက လူရွေးတော့တော်သားပဲ မင်းလိုလူမျိုးကို ရှာတွေခဲ့တယ်လေ "

" ဒါဆိုရင် ဝေ့ပိုင်ယီက ..."

" ဟုတ်တယ် မင်းရှာနေတဲ့ ဝေ့ပိုင်ယီက ငါရဲ့သွေးအေးတဲ့အကို ...  ဝေ့ပိုင်ယီက သူရဲ့နာမည်အစစ်မဟုတ်ဘူး သူရဲ့နာမည်က ရှောင်ကုယွမ် .... လူတိုင်းသေသွားပြီလို့ သိထားကြတဲ့ ဖီးနှစ်မျိုးနွယ်စုရဲ့ အရင်ခေါင်းဆောင် "

The Story Of Phoenix KingWhere stories live. Discover now