''30''

6.1K 901 20
                                    

ရှောင်ကျန့်က သူရဲ့စွမ်းအားတွေကို အလွယ်တကူထိန်းချုပ်ပစ်လိုက်တဲ့ ဝမ်ရီပေါ်ကြောင့်မျက်လုံးတွေဝိုင်းစက်သွားတယ် ။ ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီးတော့ ဝမ်ရီပေါ်က သူ့ကိုထိန်းချုပ်နိုင်ရတာလဲ ။ ဝမ်ရီပေါ်ရဲ့မူလပုံစံက ဘာဖြစ်နိုင်မလဲ? ။ တကယ်လို့ဝမ်ရီပေါ်ကို သူမထိန်းချုပ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ? ။ ဝမ်ရီပေါ်ရဲ့တည်ရှိမှုက အနာဂတ်မှာသူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်မလား? ။

သူက ဒါကိုတစ်ခါမှမစဉ်းစားဖူးဘူး ။ အခုတော့စဉ်းစားရတော့မယ် ။ ဝမ်ရီပေါ်ရဲ့ဝိညာဉ်တွေက ဘာလို့အစိတ်စိတ်အမွှာမွှာဖြစ်သွားရတာလဲ ။ ဝမ်ရီပေါ်က အလွန်ကြီးလေးတဲ့အပြစ်မျိုးကို ကျူးလွန်းခဲ့တာလား? ။ တကယ်လို့ကျူးလွန်ခဲ့ရင်တောင်မှ သူ့အတွက်ပြသာနာမရှိဘူး ။ ဒါပေမဲ့နဂါးမျိုးနွယ်က အိမ်ရှေ့မင်းသားဝမ်ရီပေါ်လိုမျိုး သူရဲ့မျိုးနွယ်စုကို ဒုက္ခပေးလာမယ်ဆိုရင်ရော ။ ရှောင်ကျန့်က အတွေးတွေများနေတယ် ။

ဝမ်ရီပေါ်က အတွေးများနေတဲ့ရှောင်ကျန့်ကြောင့် မကျေမနပ်ဖြစ်လာတယ် ။ ရှောင်ကျန့်ရဲ့စိတ်ထဲမှာ ရှိနေတဲ့အရာတွေကို ထာဝရပျောက်ကွယ်သွားအောင် ဘယ်လိုလုပ်ရမလဲ? ။ သူတစ်ယောက်ပဲရှိနေသင့်မလား? ။ ဝမ်ရီပေါ်က တဖြည်းဖြည်းလောဘတွေကြီးလာတယ် ။ ရှောင်ကျန့်နဲ့ပတ်သတ်ပြီး သူရဲ့အပိုင်လိုချင်စိတ်တွေက ကြောက်ဖို့ကောင်းလောက်အောင် ကြီးမားလာတယ် ။

" အာ့! ရီပေါ် အရမ်း... အရမ်းမကိုက် အင့်! နာတယ်..နာတယ်လို့!! "

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အဝတ်တွေကိုဆုတ်ဖြဲကာ လည်ပင်းသားတွေကို သွေးထွက်တဲ့အထိ ဖိကိုက်ပစ်လိုက်တယ် ။ ရှောင်ကျန့်ကနာကျင်မှုကြောင့် မျက်ရည်တွေစီးကျလာတယ် ။ အဲ့ဒီအချိန်ကြတော့မှ ဝမ်ရီပေါ်ကသတိပြန်ဝင်လာတာ ။

" ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုမစွန့်ပစ်ပါနဲ့ အဟင့်! ကျွန်တော်မှားသွားပါတယ် ''

ဝမ်ရီပေါ်က ကလေးတစ်ယောက်လိုမျိုး တရှုံ့ရှုံ့ငိုနေတယ် ။ ရှောင်ကျန့်က ဘာဆက်လုပ်ရမှန်းတောင်မသိတော့ ။ ခံရတဲ့လူက သူပါနော် ။ ဝမ်ရီပေါ်က ဘာလို့ဒီလောက်အထိငိုနေရတာလဲ? ။ မသိရင်သူကပဲ အနိုင်ကျင့်တာကြလို့ ။ ရှောင်ကျန့်က သူ့ကိုယ်သူ ကလေးထိန်းတစ်ယောက်အဖြစ် မှတ်ယူလိုက်တယ် ။

The Story Of Phoenix KingWhere stories live. Discover now