ရှောင်ကျန့်က မျက်စိရှေ့ကမြင်ကွင်းကို ငေးကြည့်နေမိတယ် ။ ဒီနေရာကို ပြန်ရောက်လာခဲ့တာပဲ ။ ဝမ်ရီပေါ်က ဒီနေရာကို သူ့အတွက်လို့ပြောဖူးတယ် ။ မက်မွန်ပန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေရာလေးက ဝမ်ရီပေါ် သူ့ကိုပေးခဲ့တဲ့ ပထမဆုံးလက်ဆောင် ။ ဝမ်ရီပေါ်ရော ဒီနေရာမှာရှိနေနိုင်လား? ။ ရှောင်ကျန့်က မျက်လုံးတွေတောက်ပလာတယ် ။
" ရှောင်ကျန့် ? "
ဝမ်ရီပေါ်က မယုံကြည်နိုင်ဖြစ်နေရှာတယ် ။ ရှောင်ကျန့်က သူ့စီကို တကယ်ပြန်ရောက်လာခဲ့တာလား? ။ ဒါမှမဟုတ် သူပဲမှားမြင်နေမိတာလား? ။ ဝမ်ရီပေါ်ကမလှုပ်ရဲဘူး လုံးဝကိုမလှုပ်ရဲဘူး ။ ဒါတွေအားလုံးက ပုံရိပ်ယောင်တွေဖြစ်နေမှာကို သိပ်ကြောက်နေရတယ် ။
" ရီပေါ် ကိုယ်ပြန်ရောက်လာပြီ ''
ဝမ်ရီပေါ်က မျက်ရည်တွေဝဲတက်လာတယ် ။ အိမ်မက်မဟုတ်ဘူး ။ အိမ်မက်မဟုတ်ဘူးပဲ ။ ရှောင်ကျန့်က သူ့စီပြန်ရောက်လာပြီ ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အနားကိုပြေးသွားက ရှောင်ကျန့်ရဲ့တစ်ကိုယ်လုံးကို တင်းကြပ်စွာဖက်ထားလိုက်တယ် ။ ဒီလူကိုထပ်ပြီးတော့ ထွက်သွားခွင့်မပေးတော့နိုင်ဘူး ။ ဒီလူကိုသာပိုင်ဆိုင်ရမယ်ဆိုရင် ဘယ်နည်းလမ်းကိုပဲသုံးရသုံးရ အဆင်ပြေတယ် ။
" ကိုယ်တောင်းပန်ပါတယ်နော် ကိုယ် မင်းကိုစိတ်ပူအောင်မလုပ်ခဲ့သင့်ဘူး ''
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ကျောပြင်လေးကို ခပ်ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးနေမိတယ် ။
" ဟင့်အင်း! တောင်းပန်ဖို့မလိုအပ်ပါဘူး ။ ကျွန်တော်ကသာ... ကျွန်တော်ကသာ တောင်းပန်ရမဲ့လူပါ ။ ခင်များက ဘာအမှားမှမလုပ်ခဲ့ပါဘူး ။ ကျွန်တော်ကြောင့် ဒါတွေအားလုံးက ကျွန်တော်ရဲ့အပြစ်တွေကြောင့်ပါ ''
ဝမ်ရီပေါ်က ပျောက်ကွယ်သွားမှာစိုးရိမ်နေတဲ့အလား ရှောင်ကျန့်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတယ် ။ ရှောင်ကျန့်က မျက်ခုံးလေးတွေတွန့်ချိုးသွားတော့တယ် ။ ဝမ်ရီပေါ်က အရမ်းထူးဆန်းနေတယ် ။ အဲ့ဒီကမ္ဘာမှာ တစ်ခုခုများဖြစ်သွားခဲ့သေးလား? ။ ရီအန်းယာအတုက တစ်ခုခုလုပ်လိုက်တာလား? ။
VOCÊ ESTÁ LENDO
The Story Of Phoenix King
FanficStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]