ရှောင်ကျန့်က အဖြူရောင်ပုံရိပ်လေးကို သူ့အနားကိုလာခဲ့ဖို့အချက်ပြလိုက်တယ် ။ အဖြူရောင်ပုံရိပ်လေးက သူ့အချက်ပြလိုက်တာကိုမြင်တော့ ချက်ခြင်းပဲအနားကိုရောက်လာတော့တယ် ။ ဒီဟာလေးကို သူ့အနားမှာအပျင်းပြေခေါ်ထားရမယ် ။ ဒါဆိုရင်သူပျင်းမနေရတော့ဘူးလေ ။
" ကိုယ် မင်းကိုကူညီပေးမယ် ''
ရှောင်ကျန့်က သူ့ရဲ့စွမ်းအားတစ်ချို့ကို အဖြူရောင်ပုံရိပ်လေးစီလွဲပြောင်းပေးလိုက်တယ် ။ အဲ့ဒီနောက်မှာတော့ အဖြူရောင်ပုံရိပ်လေးက တဖြည်းဖြည်းလူပုံစံအရွယ်အစားပြောင်းသွားပြီး ချောမောခန့်ညားတဲ့ ယောကျာ်းတစ်ယောက်ဖြစ်လာတော့တယ် ။ ရှောင်ကျန့်ရဲ့မျက်နှာက ကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားပြီး အခန်းတစ်ခုလုံးက အေးစက်လာတယ် ။
" ဝမ်ရီပေါ် !! ''
ရှောင်ကျန့်က သူ့ရှေ့ကလူရဲ့လည်ပင်းကို အားနဲ့ညစ်ပစ်လိုက်ပြီး နံရံနဲ့ရိုက်ချပစ်လိုက်တယ် ။
" အာ့! .... ''
" မဟုတ်ဘူး ။ မင်းက သူမဟုတ်ဘူး ''
ရှောင်ကျန့်က သူ့ရှေ့ကလူက ဝမ်ရီပေါ်မဟုတ်တာကို ခဏကြာတော့သတိပြုမိသွားတယ် ။ သူ့ရှေ့ကလူက ဘယ်နည်းနဲ့မှ ဝမ်ရီပေါ်မဖြစ်နိုင်ဘူး ။ ဝမ်ရီပေါ်က ဒီလောက်အထိအားနည်းမနေဘူး ။ အထူးသဖြင့် ဝမ်ရီပေါ်က ဒီနေရာမှာဘာအတွက်ရှိနေရမှာလဲ ။
" ဆောရီး! ကိုယ် လူမှားသွားတာ ။ ''
အဖြူရောင်ပုံရိပ်လေးကတော့ သူ့လက်ချက်နဲ့ ကြမ်းပြင်ပေါ်လဲကျနေပြီး ဒဏ်ရာရရှိသွားတယ် ။ ရှောင်ကျန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တောင်းပန်စကားဆိုလိုက်တယ် ။ သူစိတ်မထိန်းနိုင်ဖြစ်သွားတယ် ။ ဟူး! ဝမ်ရီပေါ်က သူ့ကို အခုအချိန်အထိချုပ်ကိုင်ထားတုန်းပဲ ။
" မင်းအဆင်ပြေရဲ့လား? "
" ရ.... ရပါတယ် ။ ကျွန်တော်အဆင်ပြေပါတယ် ။ ''
" ဒါနဲ့ဒီမျက်နှာက မင်းရဲ့ကိုယ်ပိုင်မျက်နှာလား? "
" အင်း ။ ဘာလို့လဲ ? ခင်များသဘောမကျဘူးလား? ။ ခင်များမကြိုက်ဘူးဆိုရင် ကျွန်တော် တစ်ခြားမျက်နှာတစ်ခုပြောင်းလိုက်မယ် ။ ''
ESTÁS LEYENDO
The Story Of Phoenix King
FanficStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]