''90''

2.8K 415 7
                                    

မော့ကျိုးရန်ဟာ ပိုင်ယွီချန်ကို အေးစက်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ ပိုင်ယွီရဲ့လက်ကောက်ဝတ်ကိုတင်းကြပ်စွာဆုပ်ကိုင်ကာ တရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ် ။

" မော့ကျိုးရန်း မင်းရူးနေပြီလား? လွှတ်စမ်း! "

" မိဘတွေကြားသွားမှာမလိုချင်ရင် မင်းရဲ့ပါးစပ်ကို ပိတ်ထားလိုက် ''

ရှောင်ကျန့်ဟာ မော့ကျိုးရန်ကို သတ်ပစ်ချင်လောက်တဲ့အထိ ဒေါသထွက်နေခဲ့တယ် ။ ဒါပေမဲ့ သူရဲ့လက်ရှိအင်အားက မော့ကျိုးရန်ကို မယှဉ်နိုင်တာကြောင့် သည်းခံနေရုံအပြင်မရှိ ။

မော့ကျိုးရန်ဟာ ငြိမ်ကျသွားတဲ့ ပိုင်ယွီချန်ကြောင့် အလွန်ကျေနပ်သွားခဲ့တယ် ။ အဲ့ဒီနောက် ပိုင်ယွီချန်ရဲ့ပါးပြင်ကို လက်ချောင်းတွေနဲ့ပွတ်သတ်ကာ မေးလိုက်တယ် ။

" ကျိုးလော့ချင်းနဲ့ မင်းက ဘယ်လိုပတ်သတ်နေတာလဲ? "

" အဲ့တာက ငါ့ကိစ္စ မင်းနဲ့ဘာမှမဆိုင်ဘူး ''

" ငါနဲ့ဘာမှမဆိုင်ဘူး? ဘယ်လိုလုပ်​​ဖြစ်နိုင်မှာလဲ? မင်းက ငါနဲ့သေချာပေါက်ဆိုင်တာပေါ့ မင်းက ငါရဲ့ညီငယ်လေးလေ ဒီတော့ အကိုကြီးဖြစ်တဲ့ ငါက မင်းကို ဂရုစိုက်ပေးရမယ်မဟုတ်လား? "

"............''

" ညီငယ်လေး မင်းရဲ့အကိုကြီးက မင်းကိုမေးနေတယ်လေ မင်းနဲ့ ကျိုးလော့ချင်းက ဘာတွေလဲ? "

" ဘာမှမပတ်သတ်ဘူး ငါက သူ့ကြောင့် ဒဏ်ရာရသွားလို့ သူက ပြန်ဂရုစိုက်ပေးနေတာ ''

" အဟက်! ဘာမှမပတ်သတ်ဘူးတဲ့လား? ကျိုးလော့ချင်းက မင်းအတွက် အင်ပါယာရဲ့အုပ်ချုပ်သူတစ်ချို့ကိုတောင် စိန်ခေါ်ထားခဲ့တာနော် ''

"...........''

" ကြည့်ရတာ မသိသေးတဲ့ပုံပဲ ကိစ္စမရှိဘူး ငါ မင်းကို ပြောပြပေးနိုင်တယ် ။ အင်ပါယာရဲ့အုပ်ချုပ်သူတစ်ချို့က မင်းကို အနီရောင်ထောင်မှာ ပိတ်လှောင်ထားချင်နေကြတယ်လေ ။ သူတို့က မင်း စိတ်ရိုင်းဝင်သွားမှာကို အသေကြောက်နေတာ ။ အဲ့တာကြောင့် မင်းကို ပိတ်လှောင်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါပေမဲ့ ကျိုးလော့ချင်းက လက်မခံခဲ့ဘူးလေ ။ သူက သူတို့တွေကို အပြင်းအထန်ဆန့်ကျင်ခဲ့တယ် ။ အဲ့တာအပြင် သူရဲ့စွမ်းအားတွေနဲ့ပါ ခြိမ်းခြောက်ခဲ့သေးတာ ။ အဲ့တာကြောင့် နောက်ဆုံးမှာတော့ သူတို့တွေက မင်းကိုစောင့်ကြည့်ဖို့ သူ့ကို အမိန့်ပေးခဲ့တယ် ''

The Story Of Phoenix KingOnde histórias criam vida. Descubra agora