''119''

1.9K 239 13
                                    

ကျိုးမင်းယွမ်က သူရဲ့ခြေကျင်းဝတ်နှစ်ဖက်မှာ ချည်နှောင်ထားတဲ့ ရွှေရောင်သံကြိုးတွေကို ခံစားချက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ သူရဲ့လက်ရှိအခြေအနေကို ခန့်မှန်းမိသွားတဲ့အလား မျက်ခုံးတွေ ပင့်တက်သွားတယ် ။ သူ ရောင်းစားခံနေရတဲ့ပုံပဲ ။ ကျိုးမင်းယွမ်က သူ့ကို ဈေးအပြိုင်ပေးကာ အလုအယှက်ဝယ်ယူနေကြတဲ့ လူအုပ်ကြီးကို တစ်ချက်မော့လိုက်ကြတယ် ။

လူအုပ်ကြီးဟာ ကျိုးမင်းယွမ်ရဲ့အကြည့်ကြောင့် ရင်ခုန်သံတွေမြန်လာကာ ပိုမိုစိတ်လှုပ်ရှားလာကြတယ် ။ ကျိုးမင်းယွမ်က ရူးလောက်အောင် လှပလွန်းတယ် ။ ဒီလောက်အထိလှပလွန်းတဲ့ ယောက်ျားလေးတစ်ယောက်ကို သူတို့ ဘယ်တုန်းကမှ မမြင်ဖူးဘူး ။ အလှဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ သူတော်စင်မိန်းမပျိုကတောင် ကျိုးမင်းယွမ်ရဲ့ခြေဖျားကို မှီနိုင်မှာမဟုတ်ဘူး ။ သူတို့ ကျိုးမင်းယွမ်ကို ရမှဖြစ်မယ် ။ ဒီလူသားက သူတို့အပိုင် ဖြစ်လာစေရမယ် ။

ကျိုးမင်းယွမ်က သူကို တပ်မက်စွာစိုက်ကြည့်နေတဲ့ လူအုပ်ကြီးကို ရက်ရက်စက်စက် သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမဲ့ ထိုလူအုပ်ကြီးထဲက လူတစ်ယောက်ကို မြင်သွားတဲ့အချိန်မှာတော့ လှုပ်ရှားမှုတွေ တောင့်ခဲသွားတယ် ။ အဲ့ဒီအချိန်မှာပဲ နတ်သူငယ်မျိုးနွယ်စုရဲ့ မင်းသားဖြစ်တဲ့ လုမင်းရန်က ဘယ်သူမှမထင်မှတ်ထားတဲ့ ဈေးကို ပေးလာခဲ့တယ် ။

" ခရမ်း​ရောင်ရွှေဒင်္ဂါး တစ်သန်း ''

ခရမ်းရောင်ရွှေဒင်္ဂါးတွေက အလွန်အဖိုးတန်တာကြောင့် ဘယ်သူကမှ ဒီလောက်အများကြီး မသုံးချင်ကြဘူး ။ ခရမ်းရောင်ရွှေဒင်္ဂါးတစ်ပြားက သာမန်ရွှေဒင်္ဂါးတစ်သိန်းနဲ့ ညီမျှပြီး တစ်သန်းဆိုရင် မျိုးနွယ်စုတစ်စုကို အချိန်ကြာထောက်ပံ့ပေးနိုင်တယ် ။ ကျိုးမင်းယွမ်က ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပေမဲ့ ခရမ်းရောင်ရွှေဒင်္ဂါးတစ်သန်း အသုံးပြုရအောင်အထိတော့ တန်မနေဘူး ။ သာမန်လူသားတစ်ယောက်အတွက် ဒီလောက်အထိ အသုံးမပြုသင့်ဘူး ။ အဲ့တာကြောင့် လူအုပ်ကြီးက သက်ပြင်းချကာ လက်လျော့ဖို့ ဆုံးဖြတ်လိုက်ကြတယ် ။

The Story Of Phoenix KingWhere stories live. Discover now