"129"

998 157 12
                                    

ဝမ်ရီပေါ်က သူနဲ့ ရှောင်ကျန့်ရဲ့ မင်္ဂလာဦးအခန်းထဲ ဘယ်အချိန်ကတည်းက ရောက်မှန်းမသိ ရောက်နေခဲ့တဲ့ လီချန်းကျိုးကို မြင်လိုက်ရတဲ့အခါမှာတော့ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားတယ် ။ ဟူမင်ယွီတစ်ယောက် သူ့ကို မကျေနပ်လို့ ဒီနည်းလမ်းနဲ့ လက်စားချေလာတာကို တွေးမိတော့ အုံကြွတက်လာတဲ့ ဒေါသတွေကို ပြန်လည်မျိုသိပ်ကာ အံကြိတ်ထားလိုက်တယ် ။

လီချန်ကျိုးဆိုတဲ့လူကို သူ မကိုင်တွယ်နိုင်ဘူးများ ထင်နေခဲ့တာလား ။ အဟက်! ဟူမင်ယွီဘက်က ဒီလိုလုပ်လာမှာတော့ သူကလည်း ရှမင်ကျိုး ဘယ်သူဘယ်ဝါဆိုတာကို ဆက်ပြီး လျှို့ဝှက်ထားလိုက်ရုံပဲလေ ။ ပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး ရှောင်ကျန်ရဲ့အရှေ့မှာ အနိုင်ကျင်ခံနေရတဲ့ အလှလေးအဖြစ် ဟန်ဆောင်မျက်ရည်ကျပြရမယ် ။ သူရဲ့မျက်ရည်တွေကိုမြင်တဲ့ ရှောင်ကျန့်က သူ့ကို ပိုပြီးအလိုလိုက်မှာ အသေအချာပဲ ။

" ခင်များ... ခင်များက ဘယ်သူလဲ ဘာလို့ ဒီအခန်းထဲရောက်နေရတာလဲ ကျွန်တော်... ကျွန်တော်မအော်လိုက်ခင် အခုချက်ခြင်းထွက်သွား "

လီချန်ကျိုးဟာ ကျိုးမင်းယွမ်ရဲ့ အလွန်တရာလှပလွန်းတဲ့ မျက်နှာလေးကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူ ဒီအခန်းထဲ ရောက်လာခဲ့ရတဲ့ အကြောင်းအရင်းကို မေ့လျော့သွားခဲ့တယ် ။ သူ့ကို လှည့်စားသွားတဲ့ လုမင်းရန်ကို ဒေါသမထွက်တော့တဲ့အပြင် ကျေးဇူးတောင်တင်နေမိတယ် ။ လုမင်းရန်ရဲ့ကျေးဇူးကြောင့် သူသိပ်ကိုမြင်ဖူးချင်နေတဲ့ ကျိုးမင်ယွမ်ရဲ့မျက်နှာလေးကို မြင်လိုက်ရတယ် မဟုတ်ပါလား ။ ကျိုးမင်းယွမ်က သူပုံဖော်ထားခဲ့တာထက် အများကြီးပိုမိုလှပနေခဲ့တယ် ။

" မင်းက ကျိုးမင်းယွမ်လား ... ကိုယ့်ကို မကြောက်ပါနဲ့ ကိုယ် မင်းကို နစ်နာအောင် မလုပ်ပါဘူး ...  ကိုယ်နဲ့ ဝေ့ပိုင်ယီက အသိတွေလေ "

လီချန်ကျိုးက ယုန်ငယ်လေးတစ်ကောင်လို ကြောက်လန့်နေတဲ့ ကျိုးမင်းယွမ်ကို အရင်နှစ်သိမ့်ပေးလိုက်တယ် ။ အဲ့ဒီနောက် ကုတင်ထောင့်နားလေးမှာ ပုန်းအောင်းဖို့ ကြိုးစားနေတဲ့ ကျိုးမင်းယွမ်ရဲ့အနားကို ဖြည်းဖြည်းချင်း ချည်းကပ်ကာ ထိတွေ့ဖို့ ကြိုးစားလာတယ် ။

The Story Of Phoenix KingWhere stories live. Discover now