"140" ( Real World )

1.5K 184 10
                                    

" ဖီးနှစ်အရှင် ငါတို့ရဲ့ဖီးနှစ်အရှင် ပြန်နိုးလာပြီ အကြီးအကဲတွေကို မြန်မြန်သွားပြီး သတင်းပို့လိုက် ဖီးနှစ်အရှင် ပြန်သတိရလာပြီလို့ .. "

ရှောင်ကျန့်ဟာ ဆူညံပွတ်လောရိုက်နေတဲ့ အသံတွေကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ရင်းနှီးနေပြီးသားဖြစ်တဲ့ မျက်နှာတွေကို မြင်လိုက်ရတယ် ။ အဲ့တာအပြင် လေထုအငွေ့အသက်ကပါ သူနဲ့ အရမ်းရင်းနှီးနေပြီး အားနည်းနေတဲ့ သူရဲ့စိတ်ဝိညာဉ်ကို ပိုမိုသန်မာလာစေတယ် ။ ပုံရိပ်ယောင်ကမ္ဘာတွေမှာ ခံစားခဲ့ရသလို စိတ်မသက်မသာဖြစ်မှုတွေလည်း ရှိမနေတော့ဘူး  ။ နောက်ဆုံးတော့ သူရဲ့ကမ္ဘာအစစ်ကို သူပြန်လာနိုင်ခဲ့ပြီ ။

" ရှောင်ယင်း  "

ရှောင်ကျန့်က သူရဲ့အနားမှာရှိနေတဲ့ လူငယ်လေးကို ကြည့်ကာ ဆိုလိုက်တယ် ။ အဲ့ဒီလူငယ်လေးက ငယ်ငယ်လေးကတည်းက သူ့ကို ခစားလာခဲ့တာကြောင့် သူရဲ့ယုံကြည်ရတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တယ် ။ ဒါပေမဲ့ ဝမ်ရီပေါ်ကြောင့် အဝေးကိုပို့ပစ်ခဲ့ပြီး တစ်ခြားတစ်ယောက်နဲ့ အစားထိုးခဲ့မိတယ် ။

" အကုန်ထွက်သွားကြ ... ရှောင်ယင်း မင်းမပါဘူး မင်းနေခဲ့ "

ရှောင်ကျန့်က သူရဲ့အခန်းထဲမှာရှိနေတဲ့ တစ်ခြားလူတွေကို အခန်းအပြင်ဘက် မောင်းထုတ်ကာ အခန်းကို စည်းချပစ်လိုက်တယ် ။ ရှောင်ကုယွမ်က အသက်ရှင်နေသေးတာကြောင့် ဖီးနှစ်မျိုးနွယ်ဝင်တိုင်းက သူ့အပေါ်အရင်အတိုင်း သစ္စာရှိနေမယ်ဆိုတာ မဖြစ်နိုင်တော့ဘူး ။ အဲ့တာအပြင် သူလုပ်ခဲ့တဲ့ အမှားတွေကြောင့် သူ့ကို မကျေနပ်တဲ့လူတွေလည်း ရှိနေနိုင်တယ် ။

" သခင် မင်း... မင်း နောက်ဆုံးတော့ နိုးလာခဲ့ပြီး အဟင့်! ရှောင်ယင်း ..ရှောင်ယင်းက သခင် နိုးမလာမှာ ကြောက်နေခဲ့တာ "

ရှောင်ယင်းဆိုတဲ့ ဖီးနှစ်ငှက်လေးက ပြန်သတိရလာတဲ့ ရှောင်ကျန့်ကြောင့် ကလေးလိုငိုနေမိတယ် ။ သခင်က သူ့ကို စွန့်ပစ်ခဲ့ပေမဲ့ သူကတော့ သခင်ကို ဘယ်တော့မှ အပြစ်မတင်ခဲ့ဘူး ။ စည်းကျော်မိသွားတာကြောင့် သခင့်စီက အပြစ်ပေးခံရတယ်လို့ပဲ သတ်မှတ်ခဲ့တယ် ။ ဒါပေမဲ့ သခင်က ဝမ်ရီပေါ်ကြောင့် အဆုံးစီရင်သွားတဲ့ အခါမှာတော့ ဝမ်ရီပေါ်ကို သေအောင်မသတ်မိတဲ့ သူ့ကိုယ်သူ မုန်းတီးခဲ့တယ် ။ သခင်က သူရဲ့အသက်ကို ကယ်တင်ပေးခဲ့ပေမဲ့ သူကတော့ သခင်ကို မကာကွယ်နိုင်ခဲ့ဘူး ။

The Story Of Phoenix KingHikayelerin yaşadığı yer. Şimdi keşfedin