''9''

8.2K 1.1K 14
                                    

ဝေ့ရီချန်က ခဏဆိုပြီးအခုအထိပြန်ရောက်မလာသေးတဲ့ လင်းရှိုးယာကြောင့် စိုးရိမ်စိတ်တွေမြင့်တက်လာတယ် ။ အဲ့ဒီအချိန်မှာပဲ သူ့ခန္ဓာကိုယ်ကလည်း ထိန်းချုပ်လို့မရအောင်ပူလာတယ် ။ ဆေးခတ်ခံလိုက်ရပြီဆိုတာသိတော့ အရင်ဆုံးစိတ်ပူမိတာက လင်းရှိုးယာပဲ ။ အနားကိုရောက်လာတဲ့ကုချင်းယီက သူ့ခန္ဓာကိုယ်ကိုထိဖို့ကြိုးစားလာတဲ့အတွက် လက်တွေကိုရိုက်ထုတ်ပစ်လိုက်တယ် ။

" ရီချန် မင်းအဆင်ပြေရဲ့လား? "

" ထွက်သွား! "

" မင်းအသားတွေပူနေတယ် ''

" ကုချင်းယီ ငါ မင်းကိုထွက်သွားဖို့ပြောနေတယ်လေ ''

" မင်း လင်းရှိုးယာကို လိုက်ရှာနေတာလား? "

" မင်းလုပ်တာလား?  ''

".........''

" ကုချင်းယီ သူသာတစ်ခုခုဖြစ်လို့ကတော့ ငါ မင်းကိုအရေခွံစုတ်ပစ်မယ် ''

ကုချင်းယီက သူ့ကို ခြိမ်းခြောက်စကားဆိုလာတဲ့ ဝေ့ရီချန်ကြောင့် ဒေါ်သထွက်သွားတယ် ။

" အဟက်! ဒီအချိန်ဆိုလင်းရှိုးယာက မင်းအကိုတော်ရဲ့အိပ်ယာထဲရောက်နေလောက်ပြီ ''

" ဘာ!! "

" မင်းအခုဆေးမိထားတယ်မလား? ငါ မင်းကိုကူညီပေးမယ် ''

" မလိုဘူး!! "

" ရီချန်ရ ဘာလို့ခေါင်းမာနေရတာလဲ ''

ဝေ့ရီချန်က ကုချင်းယီကို ခြေထောက်နဲ့မေ့လဲအာင် ​စောင့်ကန်ပစ်လိုက်တယ် ။ ပြီးတာနဲ့လင်းရှိုးယာကို အသည်းအသန်လိုက်ရှာမိတယ် ။ တိုက်ခိုက်သံတွေကြားနေရတဲ့ဘက်ကို အပြေးသွားလိုက်တော့ လူသေအလောင်းတွေကြားမှာ ထိုင်ပြီးအမောပြေနေတဲ့လင်းရှိုးယာကို တွေ့လိုက်ရတယ် ။ အဲ့ဒီအချိန် သူ့ဦးနှောက်ထဲမှာရှိနေတာက လင်းရှိုယာကိုတင်းကြပ်စွာဖက်ထားဖို့ပဲ ။

ရုန်းကန်နေတဲ့လင်းရှိုးယာကြောင့် နှစ်ယောက်သားမြေပြင်ပေါ်လုံးထွေးကျသွားတယ် ။ ဆေးအရှိန်ကြောင့် သူ့စိတ်တွေကလည်းပုံမှန်ဖြစ်မနေတော့ ။ နီရဲနေတဲ့နှုတ်ခမ်းပါးလေးတွေကို အငမ်းမရနမ်းရှိုက်မိတော့ ဝမ်းဗိုက်ကစူးကနည်းနာကျင်သွားတယ် ။ လင်းရှိုးယာက သူ့ကိုဓားနဲထိုးလိုက်တာပဲ ။ အဲ့ဒီနောက် သူသတိလစ်သွားတယ် ။

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang