လီကျားရီက ကျန်းရှောင်ဖန်ကို ဂေါက်တံနဲ့ရိုက်ဖို့ပြင်နေတဲ့ အဖေဖြစ်သူကြောင့် သွေးတွေပွက်ပွက်ဆူလာတယ် ။ သူ့နှလုံးသားက မကျေနပ်မှုတွေနဲ့ပြည့်နှက်လာပြီး ဒေါ်သတွေပါကြီးစိုးလာရတော့တယ် ။ သူ့နှဖူးပေါ်ကနေစီးကျလာတဲ့သွေးတွေကြောင့် အံကိုတင်းနေအောင်ကြိတ်ထားရတယ် ။ သူသာမမြန်ခဲ့ရင် ကျန်းရှောင်ဖန်ထိသွားမှာ ။ ကျန်းရှောင်ဖန်က ဒဏ်ရာရသွားတော့မှာ ။
သူ့တစ်ကိုယ်လုံးက ဒေါ်သကြောင့်တုန်ရီလာပြီး တစ်ခုခုလုပ်ပစ်ချင်နေတယ် ။ ကျန်းရှောင်ဖန်သာဝင်မတားခဲ့ရင် သူကစိတ်လွှတ်သွားပြီး အမှားတွေလုပ်မိတော့မှာ ။ သူက လုံးဝကိုရူးနေခဲ့ပြီ ။ ကျန်းရှောင်ဖန်ကြောင့် သူက သူကိုယ်သူတောင်မသိနိုင်တော့ဘူး ။ ကျန်းရှောင်ဖန်ကပဲ သူ့ကိုထိန်းချုပ်နိုင်တာ ။ သူ့အတွက်က အဲ့ဒီလူသားလေးတစ်ယောက်တည်းလိုတယ် ။
လီသခင်မက သတိလစ်သွားတဲ့ ယောက်ျားဖြစ်သူကြောင့် ဆရာဝန်ပြေးခေါ်ရတော့တယ် ။ သူမရဲ့ယောက်ျားကလည်း သူမလိုပဲရှော့ရသွားတယ်လေ ။ သူမက ရှောင်ဖန်နဲ့စကားပြောချင်ပေမဲ့ ခွင့်မပြုတဲ့သားငယ်လေးကြောင့် စိတ်မောနေရတယ် ။ သူမရဲ့ကျားရီလေးက သူမကိုတောင်ရန်လိုနေပါလား ။ ဟူး! ဒီညီအကိုနှစ်ယောက်နဲ့ ယောကျာ်းဖြစ်သူကြောင့် ကြာလာရင် သူမရူးသွားလိမ့်မယ် ။
" ကိုယ် မင်းကိုဆေးထည့်ပေးမယ် ။ အနောက်ကနေလိုက်လာခဲ့ ။ ''
" ဟုတ် ကိုကို ''
ရှောင်ကျန့်က လီကျားရီရဲ့နဖူးကသွေးတွေကိုမြင်တော့ မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ ဒီဒဏ်ရာက သူ့ကြောင့်ဖြစ်ရတာ ။ ဂရုမစိုက်လို့ရမလား? ။ မဟုတ်ရင် အိပ်ပျော်နိုင်မှာမဟုတ်ဘူး ။
" ကိုကို ''
"အထဲကိုဝင်လာခဲ့လေ ။ အပေါက်ဝမှာရပ်ပြီး ဘာလုပ်နေတာလဲ ? ''
လီကျားရီက ကျန်းရှောင်ဖန်ရဲ့အခန်းထဲရောက်တော့ နေရထိုင်ရခက်ခဲလာတယ် ။ ကျန်းရှောင်ဖန်က ခရမ်းရောင်ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆေးသေတ္တာလေးကိုင်ထားတယ် ။
" ဒီကိုလာထိုင် ''
" ဗျာ! "
" ဘာတွေဗျာနေတာလဲ? မင်းရဲ့နဖူးကဒဏ်ရာကို ဆေးထည့်ပေးမလို့လေ ။ ကိုယ့်ရဲ့အနားကိုလာခဲ့ ''
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]