''89''

2.7K 415 9
                                    

ရှောင်ကျန့်ဟာ ရုတ်တရက်မည်းမှောင်သွားတဲ့ ကောင်းကင်ကြောင့် မျက်ခုံးတွေတွန့်သွားတယ် ။ ဘာဖြစ်သွားတာလဲ? ကောင်းကင်က ဘာလို့ပြောင်းလဲသွားတာလဲ? ။ အဲ့ဒီအချိန်မှာပဲ အလွန်ပြင်းထန်တဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရတယ် ။ သူရဲ့ဒူးတွေကလည်း အဲ့ဒီဖိအားကြောင့် တုန်ရီလာကာ မကြာခင်မှာပဲ မြေပြင်ပေါ် ခွေကျသွားခဲ့တယ် ။

" ပိုင်ယွီချန်!! "

ရှောင်ကျန့်က အသက်ရှူရခက်ခဲနေတယ် ။ အဲ့တာကြောင့် သူ့ကို စိုးရိမ်တကြီးစိုက်ကြည်လာတဲ့ ကျိုးလော့ချင်းကို ဘာမှပြန်မပြောနိုင်ခဲ့ဘူး ။ သူရဲ့လက်ရှိခန္ဓာကိုယ်ကလည်း ဆိုနကရလိုက်တဲ့ဖိအားတွေကြောင့် ပျော့ခွေလို့နေတယ် ။ သူရဲ့ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်လို့ရပေမဲ့ မော့ကျိုးရန်ရှိနေတာမို့ အသုံးမပြုနိုင်ခဲ့ဘူး ။ မဟုတ်ရင် မော့ကျိုးရန်က သူဘယ်သူဆိုတာကို သိသွားလိမ့်မယ် ။

" ကိုယ်... ကိုယ် အဆင်ပြေပါတယ် ''

ကျိုးလော့ချင်းဟာ ပိုင်ယွီချန်ရဲ့စကားကြောင့် လက်တွေကို တင်းနေအောင်ဆုပ်ထားမိတယ် ။ အဆင်ပြေတယ်တဲ့လား? ။ ပိုင်ယွီချန်က သူ့ကို ကန်းနေတယ်ထင်တာလား? ။ အဆင်မပြေဘူးဆိုတာ ဒီလောက်အထိ သိသာနေတာကို ။ အဆင်ပြေတဲ့လူက ချွေးတွေ ဒီလောက်အထိ ထွက်နေမယ်တဲ့လား? ။ မျက်နှာကလည်း သွေးမရှိတော့လောက်အောင် ဖြူလျော့နေမယ်တဲ့လား? ။

" ကိုယ်တကယ် အဆင်ပြေတယ် အဲ့တာကြောင့် ပြန်လိုက်တော့ မနက်ဖြန်ကျမှ ကိုယ်ပြန်လာခဲ့မယ် ဒီနေ့တော့ ပြန်မလာဖြစ်လောက်တော့ဘူး ''

ရှောင်ကျန့်ဟာ ကျိုးလော့ချင်းကို ပြန်ဖို့တိုက်တွန်းနေမိတယ် ။ သူက ကျိုးလော့ချင်းကို သူရဲ့ပြသာနာတွေထဲ ဝင်မပါစေချင်ဘူး ။ ဆိုနကဖိအားက မော့ကျိုးရန်စီကလာတာဖြစ်တယ် ။ မော့ကျိုးရန်က သူ့ကိုစမ်းသပ်ဖို့ အဲ့ဒီဖိအားကို တမင်လွှတ်လိုက်တာပဲနေမှာ ။ မော့ကျိုးရန်က သူနဲ့ပတ်သတ်ပြီး တစ်ခုခုကိုရှာတွေ့သွားတာလား? ။ အဲ့တာကြောင့် သူ့ကိုယ်သူ​ဖော်ပြခဲ့တာလား? ။ ရှောင်ကျန့်က ရင်ဘတ်တွေ တင်းကြပ်သွားတယ် ။ တစ်ခုခုလုပ်မှဖြစ်တော့မယ် ။ ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး ။

The Story Of Phoenix KingWhere stories live. Discover now