''21''

7.1K 967 38
                                    

ရှောင်ကျန့်က သူ့စီကိုဆက်သွယ်လာတဲ့ ဆေးဝါးကုမ္မဏီရဲ့ဥက္ကဠဆိုတဲ့လူကြောင့် အတွေးများနေရတော့တယ် ။ အဲ့ဒီလူက သူ့ကို ဘာအတွက်ဆက်သွယ်လာတာလဲ? ။ အဲ့ဒီလူနဲ့ ကျန်းရှောင်ဖန်ကြားမှာ ဘာပတ်သတ်မှု့မှမရှိဘူးလေ ။ ပြီးတော့အဲ့ဒီလူက ဘာလို့ပေါ်လာရတာလဲ ။ သူသိထားတဲ့ဇာတ်ကြောင်းအရဆိုရင်တော့ အဲ့ဒီလူက ဒီဇာတ်လမ်းထဲမှာပါကိုပါမလာသင့်ဘူး ။

" ယွဲ့ဥက္ကဠရောက်လာပါပြီ သူဌေး ။ ''

ရှောင်ကျန့်က လက်ထောက်ဖြစ်သူစကားကြောင့် အတွေးတွေပြတ်တောက်သွားတော့တယ် ။ အဲ့ဒီနောက် သူ့စီခေါ်လာခဲ့ဖို့မှာကြားလိုက်တယ် ။

အပြာနုရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ လှပတဲ့လူငယ်လေးကို တွေ့လိုက်တဲ့အချိန်မှာတော့ ရှောင်ကျန့်က ခဏလောက်တော့မှင်သက်သွားခဲ့တယ် ။ ဒါဆိုရင် ဒီလူက ယွဲ့ဥက္ကဌဆိုတဲ့လူပေါ့ ။ ယွဲ့ဥက္ကဠက အလှလေးဖြစ်နေခဲ့တာပဲ! ။ ထင်တောင်မထင်ထားမိဘူး ။ ဒီလှပတဲ့လူငယ်လေးက သူ့ကို ဘာလို့များတွေ့ချင်နေရတာလဲ ။

ရှောင်ကျန့်က လူကြီးလူကောင်းတစ်ယောက်လိုပြုမူလိုက်ပြီး သူမျက်စိရှေ့ကအလှလေးလို လက်ဖက်ရည်တစ်ခွက်နဲ့ ဧည့်ခံလိုက်တယ် ။ သူက ဒီလိုလှပတဲ့ကောင်လေးမျိုးဆိုနှစ်သက်တယ်လေ ။ ဝမ်ရီပေါ်နဲမတွေ့ခင်တုန်းက သူ့ရဲအိပ်ယာထဲမှာ ဒီလိုပုံစံလေးတွေအများကြီးရှိနေခဲ့တယ်မဟုတ်လား ။

" ကိုယ့်ကို ဘာအတွက်တွေ့ချင်နေရတာလဲဆိုတာ မေးလို့ရမလား? "

" အတည်ပြုစရာလေးရှိလို့ပါ ။ ''

" အတည်ပြုစရာ? ဒါဆိုအခုရော အတည်ပြုပြီးသွားပြီလား? "

" အင်း ''

ရှောင်ကျန့်ရဲ့မျက်လုံးတွေက လက်ဖက်ရည်ခွက်ကိုကိုင်ထားတဲ့ ယွဲ့ဥက္ကဆိုတဲ့လူရဲ့လက်ချောင်းတွေစီမှာပဲ တဝဲလည်လည်ဖြစ်လို့နေတယ် ။ ဒီကျောက်စိမ်းနဲ့တူတဲ့ လက်ချောင်းလေးတွေနဲ့ လက်ကောက်ဝတ်လေးက အိပ်ယာထက်မှာဆို ဘယ်လောက်များလှလိုက်မလဲ ။

" ဒီကမ္ဘာက ကျွန်တော်ရဲ့ နှစ်ဆယ့်တစ်ကြိမ်မြှောက် ကမ္ဘာပါ ။ ခင်များနဲ့ ဒီကမ္ဘာမှာထပ်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး ။ ''

The Story Of Phoenix KingWhere stories live. Discover now