ကျူဖုန်းမင်က ရီဝူချင်းနဲ့ပတ်သတ်ပြီး တစ်ခုခုမူမမှန်ဘူးလို့ခံစားနေရတယ် ။ အဲ့တာကြောင့်သူရဲ့systemကို အကြိမ်ကြိမ်မေးကြည့်ခဲ့တယ် ။ ဒါပေမဲ့ဘာအချက်အလက်မှမရဘူး ။ သူရဲ့systemက ရီဝူချင်းအစစ်လို့ပဲပြန်ဖြေခဲ့တယ် ။ သူရဲ့systemက သူ့ကိုမညာဘူးဆိုတာသိပေမဲ့ သူကတော့သတိမထားပဲမနေရဲဘူး ။ ဒီကမ္ဘာကဇာတ်လိုက်တွေက သူ့ရဲ့အရင်ကဇာတ်လိုက်တွေနဲ့မတူညီဘူး ။
အထူးသဖြင့်ရီဝူချင်းရဲ့အနားကိုရောက်သွားတိုင်း ကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုမျိုး အမြဲခံစားစေရတယ် ။ ဒါကြောင့်ရီဝူချင်းကို အထင်မသေးရဲဘူး ။ ရီဝူချင်းကိုအမြဲစောင့်ကြည့်နေတယ် ။ ဒါပေမဲ့ဘာမူမမှန်တာမှ ရှာမတွေ့ခဲ့ဘူး ။ အဲ့ဒီလူကပဲ တော်လွန်းနေတာလား? ။ ကျူဖုန်းမင်က အခက်တွေ့နေတယ် ။ ရီဝူချင်းအစစ်လား? ထားလိုက်ပါတော့ ။
အစစ်ဖြစ်ဖြစ်၊အတုဖြစ်ဖြစ် အချိန်ကြာရင်ပေါ်မှာပဲမလား? ။ သူလုပ်ရမှာက ရီဝူချင်းကိုအထင်မသေးဖို့ပဲ ။ ပြီးတော့စိတ်ဝင်စားစရာတစ်ခုလည်း ရှိနေသေးတယ်လေ ။ လျိုအန်း! အဲ့ဒီကောင်လေးက ရီဝူချင်းကိုသဘောကျနေတယ် ။ တကယ်လို့ရီဝူချင်းအတုသာဆိုရင် လျိုအန်းနဲ့ပူးပေါင်းသွားနိုင်တယ် ။ ဒါဆိုရင်သူသိချင်တာလည်း သိရပြီလေ ။ ကျူဖုန်းမင်က တိတ်တဆိတ်ရယ်မောလိုက်တယ် ။
ရှောင်ကျန့်က ကျူဖုန်းမင်ကို မချီးကျူးပဲမနေနိုင်ဘူး ။ သူသတိထားနေတဲ့ကြားက ကျူဖုန်းမင်က သူ့ကိုသံသယဝင်နေတယ် ။ ဆိုးတော့မဆိုးဘူးပဲ ။ ဒါပေမဲ့ဘယ်လိုလုပ်မလဲ? ။ ကျူဖုန်းမင်ရင်ဆိုင်နေရတဲ့လူက တစ်ခြားတစ်ယောက်မဟုတ်ဘူးလေ ။ တကယ်လို့သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်ဆိုရင်တော့ အခြေအနေကတစ်မျိုးပြောင်းလဲသွားနိုင်တယ် ။ စိတ်မကောင်းစရာလေးပဲ ။
" ဆရာဦးလေး ''
ရှောင်ကျန့်က အတွေးတွေပြတ်တောက်သွားတယ် ။ လျိုအန်း! ဒီကောင်လေးက ဘယ်လိုလုပ်ပြီး သူ့စီရောက်လာရတာလဲ? ။ သူတို့က တစ်ကြိမ်ပဲတွေ့ဖူးတာလေ ။ ဘာလို့ရင်းနှီးသလို လာဆက်ဆံနေရတာလဲ ။ ရှောင်ကျန့်က ဘယ်သူမှမမြင်နိုင်တဲ့ ဝမ်ရီပေါ်ကိုကြည့်လိုက်တယ် ။ ဝမ်ရီပေါ်ရဲ့မျက်နှာလေးကဆူပုတ်နေပြီး လျိုအန်းကိုမျက်စောင်းတွေထိုးနေတယ် ။ ရှောင်ကျန့်က ပြုံးမိသွားတယ် ။ ကလေးဆန်လိုက်တာ ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]