''88''

2.8K 394 17
                                    

" မော့ကျိုးရန် ငါ မင်းကို သတိပေးထားခဲ့ပြီးပြီနော် ရှင်းယီအပေါ်လက်တင်လို့ကတော့ မင်းကိုသတ်ပစ်မှာ ''

ရှောင်ကျန့်ဟာ သူ့ကို ဖုန်းထဲကနေ လှမ်းပြီးခြိမ်းခြောက်နေတဲ့ မော့ကျိုးရန်ကြောင့် ဒေါသတွေထွက်နေရတယ် ။ မော့ကျိုးရန်က သူ့ကိုပစ်မှတ်ထားနေတာလား? ။ ဘာလို့လဲ? သူ့ကိုဘာအတွက် ပစ်မှတ်ထားနေရတာလဲ? ။ ပိုင်ယွီချန်နဲ့ မောကျိုးရန်က အဖေတူအမေကွဲတွေဖြစ်ကြပေမဲ့ သူစိမ်းတွေထက်တောင် သူစိမ်းဆန်သေးတယ် ။ သူတို့ကြားမှာ ဘာပတ်သတ်မှုမှမရှိဘူး ။ အဲ့တာကို မော့ကျိုးရန်က သူ့ကိုပစ်မှတ်ထားနေတယ်တဲ့လား? ။ လီရှင်းယီမဟုတ်တဲ့ သူ့ကိုလေ? ။

မော့ကျိုးရန်က လီရှင်းယီကိုလျစ်လျူရှုပြီး ပိုင်ယွီချန်ကို ပစ်မှတ်ထားနေတယ်တဲ့လား? ။ မဟုတ်မှလွဲရော သူက ပိုင်ယွီချန်အစစ်မဟုတ်တာကို ရိပ်မိသွားလို့များလား? ။ အဲ့တာကြောင့် သူ့ကို ပစ်မှတ်ထားနေတာလား? ။ တကယ်လို့ အဲ့ဒီအရာကသာအမှန်ဆိုရင် မော့ကျိုးရန်ကလည်း အရင်လူဖြစ်မနေနိုင်တော့ဘူး ။ ကျိုးလော့ချင်းက ဝမ်ရီပေါ်ရဲ့အစိတ်အပိုင်းဖြစ်တာမို့ ​ပြောင်းလဲသွားတာကို နားလည်ပေးလို့ရတယ် ။ ဒါပေမဲ့ မော့ကျိုးရန်ကတော့....  ရှောင်ကျန့်က ချက်ခြင်းလေးနက်သွားတယ် ။

မော့ကျိုးရန်က ဘယ်သူများဖြစ်နေနိုင်မလဲ? ။ ဒီကမ္ဘာကို ဖန်တီးထားခဲ့တဲ့လူလား? ဒါမှမဟုတ် ကျူဖုန်းမင်တို့ ကျောက်လျိုချင်းတို့လိုပဲလား? ။ အနောက်ကဟာဆိုရင် ကိစ္စမရှိပေမဲ့ အရှေ့ကဆိုရင်တော့ ပြသာနာရှိလာပြီ ။ ဘာဖြစ်လို့လဲဆိုရင် သူ့ကိုသိနေလို့ပေါ့ ။ လီရှင်းယီရဲ့မျက်နှာက သူရဲ့မျက်နှာနဲ့ တစ်ထပ်တည်းတူညီနေတာကိုပဲ ကြည့်လေ ။ ဒါပေမဲ့ သူက ရှောင်ကျန့်ဆိုတာကိုတော့ မသိလောက်သေးဘူး ။ သူက ပိုင်ယွီချန်အစစ်မဟုတ်တာကိုပဲ သိနေအုံးမှာ ။ အဲ့တာကြောင့် သူ့မှာ အခွင့်အရေးရှိသေးတယ် ။

မော့ကျိုးရန်ဟာ သူက ဘယ်သူဆိုတာကိုမသိအောင် သူရဲ့အပြုအမူတွေကို ပြောင်းလဲထားရမယ် ။ အဲ့ဒီလိုဆိုရင် သူကိုမသိနိုင်တော့ဘူး ။ ရှောင်ကျန့်က ခေါက်ကိုက်ချင်သလို ဖြစ်လာရတော့တယ် ။ ကိစ္စတွေက ပိုပိုပြီးရှုပ်ထွေးလာပြီ ။ နတ်ဘုရားနယ်မြေမှာ တစ်ခုခုဖြစ်နေတာလား? ။ သူရဲ့မျိုးနွယ်စုရော အန္တရာယ်ကင်းပါ့မလား? ။ နဂါးမျိုးနွယ်ကလူတွေက သူတို့တွေကို နှိပ်စက်ညှင်းပန်း မနေလောက်ပါဘူးနော် ။ ကျစ်! သူ အမြန်ပြန်မှဖြစ်တော့မယ် ။

The Story Of Phoenix KingWhere stories live. Discover now