လျိုအန်းက သူရဲ့နန်းဆောင်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့လူကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ပစ်နေတဲ့ စိတ်တွေကိုထိန်းလိုက်တယ် ။ သူတိုက်ခိုက်လို့မဖြစ်ဘူး ။ အဲ့ဒီလူရဲ့လက်ထဲမှာ သူချစ်မြတ်နိုးရတဲ့လူသားလေးရှိနေတယ်လေ ။ ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ? ။ အဲ့ဒီလိုဆိုသူကိုယ်သူ ဘယ်တော့မှခွင့်လွှတ်နိုင်တော့မှာမဟုတ်ဘူး ။
ရူးသွပ်လုနီးနီးဖြစ်နေတဲ့ သူရဲ့စိတ်တွေကို ကြိုးစားထိန်းချုပ်လိုက်ပြီး...
" သူ့ကိုပြန်ပေး ''
" မပေးနိုင်ဘူး ''
" သူက ကျွန်တော့်ရဲ့လူပါ ။ ဆရာနဲ့ဘာမှမပတ်သတ်ဘူး ။ သူ့ကို ကျွန်တော်စီပြန်ပေး ။ အဲ့တာဆိုရင် ဆရာကိုအသက်ရှင်ခွင့်ပေးမယ် ''
" အဟက်! ငါက မင်းလိုလူရဲ့လက်ထဲ သူ့ကိုပြန်ထည့်ပေးလိုက်မဲ့အစား သေဖို့ပဲရွေးချယ်မယ် ''
ကျူဖုန်းမင်က အေးစက်စက်ရယ်မောလိုက်တယ် ။ ပြန်ထည့်ပေးရမယ်တဲ့လား? ။ ဘယ်လိုဟာသမျိုးလဲ? ။ ဒီနေရာကိုရောက်လာတည်းက သူကိုယ်သူသေလူအဖြစ် သတ်မှတ်ထားခဲ့တာလေ ။ လျိုအန်းလက်ချက်နဲ့မသေရင်တောင်မှ ကျိုးလီဝမ်စီကလွှတ်မြှောက်မှာမဟုတ်ဘူး ။ အဲ့ဒီလူက သူ့ကို အကျဉ်းချထားတော့မှာ ။ ဒါပေမဲ့သူရဲ့ရွေးချယ်မှုအတွက် ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး ။ အရှင့်အတွက်ဆိုရင် အရာအားလုံးကထိုက်တန်တယ် ။
" ကျူဖုန်းမင် !! ငါဆိုတဲ့လျိုအန်းက မင်းကိုမသတ်ချင်လို့သည်းခံနေတာကို လွန်မလာနဲ့ ။ သူ့ကို အခုချက်ခြင်းပြန်ပေးစမ်း!! "
လျိုအန်းက ဒီထက်ပိုပြီးသည်းမခံနိုင်တော့ပေ ။ ဒါပေမဲ့လည်း သူချစ်ရတဲ့လူကိုတော့ အထိခိုက်မခံနိုင်ဘူး ။ သူဘယ်လိုလုပ်ရမလဲ? သူဘယ်လိုလုပ်မှအဆင်ပြေသွားမှာလဲ? ။ သူ့ကိုယ်သူပဲဖောက်ခွဲပစ်လိုက်ရမလား? ။ အဲ့ဒီအချိန်ကျရင် ရှောင်ဝူက သူရဲ့အနားကိုပြန်လာနိုင်တယ်မလား? ။
ရှောင်ကျန့်က လျိုအန်းကိုသတိထားပြီး အကဲခတ်နေတာမို့ လျိုအန်းရဲ့အတွေးတွေကို ချက်ခြင်းရိပ်မိသွားတယ် ။ ဒီလိုဖြစ်လို့မရဘူး! ကိုယ့်ကိုဖောက်ခွဲခွင့်မပြုနိုင်ဘူး! သေတာကအကြောင်းမဟုတ်ပေမဲ့ ဝိညာဉ်ကိုထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ? ။ လျိုအန်းရဲ့ကိုယ်ထဲက ဝမ်ရီပေါ်ရဲ့ဝိညာဉ်အပိုင်းအစကိုရဖို့ သူကအများကြီးကြိုးစားထားခဲ့ရတာ ။ အလဟာသတော့ အဖြစ်မခံနိုင်ဘူး ။ ရှောင်ကျန့်က အံကြိတ်လိုက်ပြီးဆိုမိတယ် ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]