''117''

1.8K 219 2
                                    

ဝူယွဲ့မြို့တော်ရှိ ချင်းမိသားစုပိုင် နာမည်ကြီးလေလံစံအိမ်ဖြစ်တဲ့ ချင်းရုံလေလံရုံဟာ လက်ရှိမှာတော့ ရုတ်တရက်ရောက်ချလာတဲ့ နတ်သူငယ်ဘုရင်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေခဲ့တယ် ။

" လုယီအန်း ဒါက ဘာသဘောလဲ မင်းတို့နတ်သူငယ်မျိုးနွယ်က ငါတို့ ချင်းမိသားစုကို ​ခြိမ်းခြောက်နေတာလား ''

ချင်းမိသားစုရဲ့သခင်လေး ချင်းကျိုးက နတ်သူငယ်ဘုရင် လုယီအန်းကို ဒေါသတကြီးစိုက်ကြည့်ကာ ဆိုတယ် ။ ဒါပေမဲ့ လုယီအန်းကတော့ တစ်စက်မှဂရုမစိုက် ။ 

" ဒီတော့ မင်းက ငါလိုချင်တဲ့အရာကို ထုတ်မပေးနိုင်ဘူးပေါ့ ''

" ဟုတ်တယ် မပေးနိုင်ဘူး ''

ချင်းမိသားစုရဲ့ အစေခံတွေဟာ ချင်းကျိုးရဲ့စကား​ကြောင့် လန့်ဖြတ်သွားခဲ့တယ် ။ သူတို့ရဲ့သခင်လေးက နတ်သူငယ်ဘုရင်ကို တကယ်ကြီး ငြင်းဆိုလိုက်တာလား ။ နတ်သူငယ်ဘုရင်က ချင်းမိသားစုကို ပစ်မှတ်ထားမှာ မစိုးရိမ်ဘူးလား ။ ကျွန်တစ်ယောက်အတွက် ဒီလောက်အထိ စွန့်စားဖို့လိုအပ်လို့လား ။ အစေခံတွေက ရွှေလှောင်အိမ်ထဲမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ အလွန်လှပတဲ့လူငယ်​လေးအကြောင်း တွေးမိသွားတဲ့အခါမှာတော့ ​တွန့်ဆုတ်သွားခဲ့တယ် ။

" ချင်းမိသားစုရဲ့ဆက်ခံသူက ဒီလောက်အထိ ခေါင်းမာမယ်လို့ မထင်ထားဘူး အဟက်! ''

လုယီအန်းက ချင်းကျိုးကို အဓိပ္ပါယ်ဖော်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ကာ ဆိုတယ် ။ ချင်ကျိုးဟာ ထိုအကြည့်တွေကြောင့် တုန်လှုပ်သွားခဲ့ပေမဲ့ သူရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့တော့ စိတ်ကူးမရှိချေ ။ သူတို့ချင်းမိသားစုက နတ်သူငယ်မျိုးနွယ်ထက် နိမ့်ကျတယ်ဆိုပေမဲ့ အဲ့တာက သူတို့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတယ်လို့ မဆိုလိုဘူး ။

" မင်းရဲ့ညီမ ချင်းယာကြောင့် ဒီတစ်ကြိမ်တော့ နောက်ဆုတ်ပေးလိုက်မယ် ဒါပေမဲ့ နောက်အကြိမ်တွေကိုတော့ အာမမခံနိုင်ဘူး ''

လုယီအန်းဟာ ပြတ်ပြတ်သားသား အငြင်းခံလိုက်ရတာကြောင့် ဒေါသထွက်သွားပေမဲ့ စိတ်ကိုပြန်ထိန်းနိုင်ခဲ့တယ် ။ ချင်းမိသားစုက နတ်သူငယ်မျိုးလောက် အင်အားမကြီးပေမဲ့ ချင်းမိသားစုဝင်ဖြစ်တဲ့ ချင်းယာက သွေးမျိုးနွယ်ထဲက ဗန်ဗိုင်းယားတစ်ကောင်နဲ့ ချစ်ကြိုက်နေခဲ့တယ် မဟုတ်ပါလား ။ အဲ့ဒီဗန်ဗိုင်းယားရဲ့အဆင့်အတန်းက အထင်ကြီးစရာမရှိပေမဲ့ သွေးမျိုးနွယ်တွေရဲ့ သူတို့အချင်းချင်းကာကွယ်မှုကတော့ သူကို အံ့အားသင့်စေခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now