ရှဲကျင်းဝမ်က သူ့ရဲ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိမ်မောကျနေတဲ့ သူရဲ့ကလေးလေးကို အနီရောင်မျက်လုံးတွေနဲ့ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့တယ် ။ ရှောင်ယွမ်က သူ့ရဲ့အခန်းထဲ ဘယ်လိုလုပ် ရောက်နေရတာလဲ ။ ပြီးတော့ ရှောင်ယွမ်ရဲ့ကိုယ်ပေါ်က အမှတ်အသားတွေ ။ အဲ့ဒီအမှတ်အသားတွေက သူလုပ်ခဲ့တာလား ။
[ မင်း မဟုတ်ဘူး ငါလုပ်ထားတာ ရှောင်ယွမ်ရဲ့ကိုယ်ပေါ်က အမှတ်အသားတွေက ငါရဲ့အမှတ်အသားတွေ]
ရှဲကျင်းဝမ်ဟာ ရင်းနီးနေတဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာတော့ သူ့ကိုယ်သူ ဖောက်ခွဲလုနီးနီး ဖြစ်သွားခဲ့တယ် ။ အဲ့ဒီသူတောင်းစားက သူ့ရဲ့ကလေးလေးကို ထိခဲ့တာတဲ့လား ။ သူတန်ဖိုးထားရတဲ့ သူရဲ့ကလေးကို အဲ့ဒီကပ်ပါးကောင်က သိမ်းပိုက်ခဲ့တာတဲ့လား ။
[ ကပ်ပါးတဲ့လား! ရှဲကျင်းဝမ် မမေ့လိုက်နဲ့ ငါတို့က တစ်ယောက်တည်းဆိုတာကို ပြီးတော့ မင်းကမှ ငါ့ရဲ့ခန္ဓာကိုယ်ကို လုယူထားတဲ့လူ မင်းသာ ငါ့ကို ချိတ်ပိတ်မထားရင် ရှောင်ယွမ်က အစကတည်းက ငါ့အပိုင်ဖြစ်နေပြီး ဒီလောက်အထိ စောင့်နေစရာမလိုဘူး]
" ကျင်းဝမ်ယွီ ရှောင်ယွမ်က ငါ့ရဲ့ကလေးလေး မင်းနဲ့ဘာမှမဆိုင်ဘူး မင်း သူ့ကို ထိစရာမလိုဘူး "
ရှဲကျင်းဝမ်က ဒေါသတကြီးတုံ့ပြန်လိုက်ပေမဲ့ ကျင်းဝမ်ယွီကတော့ ဂရုစိုက်ခြင်းမရှိ ။ ပျင်းရိနေတဲ့လေသံနဲ့ ဆိုလာခဲ့တယ် ။
[ မင်း ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာ ဘယ်လောက်တောင် ရှိနေပြီလဲ ပိုင်ရှင်ကို ပြန်ပေးသင့်ပြီ မထင်ဘူးလား ]
" အိမ်မက် မက်မနေနဲ့ ဒီခန္ဓာကိုယ်က ငါ့ဟာ ငါ မင်းကို ပြန်ပေးစရာအကြောင်းမရှိဘူး ပြီးတော့ ထပ်ပြီးသတိပေးလိုက်မယ် ရှောင်ယွမ်က မင်းအပိုင်မဟုတ်ဘူး သူ့ကို ထပ်ထိလို့ကတော့ မင်းကို သတ်ပစ်မယ် ''
[ ငါ့ကို သတ်ပစ်မယ် အဟက်! ရှဲကျင်းဝမ် မင်းထပ်မေ့သွားပြီလား ငါက မင်းပဲဆိုတာကိုလေ ငါ့ကိုသတ်ပစ်ရင် မင်းပါပျောက်ကွယ်သွားမှာ ဘာလို့လဲဆိုရင် မင်းက ငါ့စီက ခွဲထွက်သွားတဲ့ စိတ်ကွဲဖြစ်နေလို့လေ မူလစိတ်ဖြစ်တဲ့ငါကို မင်းလိုစိတ်ကွဲက သတ်နိုင်မယ်တဲ့လား သူ့ကို ပြန်ခေါ်ဖို့သာမဟုတ်ရင် မင်းဆိုတာရှိလာမှာ မဟုတ်ဘူး ငါအားနည်းနေတာကို အခွင့်ကောင်းယူသွားခဲ့တဲ့ ကောင်ကများ ]
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]