''80''

3.4K 495 11
                                    

မူကျားယွမ်ဟာ ပြန်သတိရလာတာနဲ့ ချင်းလီရွမ်ကိုရှာဖွေဖို့ သူရဲ့အဆက်အသွယ်အားလုံးကို အသုံးချခဲ့တယ် ။ ချင်းလီရွမ်ရှိနိုင်မဲ့နေရာတွေ ၊ ပုန်းခိုနိုင်မဲ့နေရာတွေ ဘယ်နေရာမှ အလွှတ်မပေးပဲ အသေးစိတ်ကအစ သေချာရှာဖွေခဲ့တယ် ။ အဲ့တာတွေအပြင် ကြေးစားအဖွဲ့တွေကိုပါငှားရမ်းကာ ထပ်မံရှာဖွေစေခဲ့တယ် ။ ဒါပေမဲ့ သူဘယ်လောက်ပဲ အင်အားသုံးသုံး ချင်းလီရွမ်ကတော့ အရိပ်လေးတောင် ပေါ်မလာခဲ့ချေ ။

တစ်ပတ်ကြာနီးပါးရှာဖွေခဲ့ပေမဲ့ ဘာဆိုဘာသတင်းမှ မသိရတဲ့အခါမှာတော့ မူကျားယွမ်ရဲ့ဒေါသဟာ နဂိုကထက် အဆပေါင်းများစွာ ကြီးမားလာခဲ့တယ် ။ တစ်ချိန်မှာတည်းမှာပဲ ချင်းလီရွမ်ကို သူ့စီကနေခေါ်ထုတ်သွားခဲ့တဲ့ ချင်းလီလီကိုပါ သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတယ် ။ သူမကြောင့်သာမဟုတ်ရင် အန်ကယ်ချင်းက သူ့စီကနေ လွှတ်မြှောက်သွားမှာမဟုတ်ဘူး ။ သေဆုံးတဲ့အချိန်အထိ သူနဲ့ပဲအတူရှိနေမှာ ။

" ကျိုးကျောက်ချန်နဲ့ပတ်သတ်ပြီး ဘာထူးခြားတာရှိလဲ အခုအထိ ဆေးရုံမှာရှိနေတုန်းပဲလား ''

မူကျားယွမ်က ကျိုးကျောက်ချန်ကို သံသယမဝင်ပဲမနေနိုင်ဘူး ။ အဲ့ဒီလူက အန်ကယ်ချင်းအပေါ် မှာ သူလိုပဲ ခံစားချက်ရှိနေတဲ့လူ ။ အသာတကြည် နောက်ဆုတ်သွားဖို့တာက လွယ်လွယ်နဲ့မဖြစ်နိုင်ဘူး ။ ပြီးတော့ အခုကိစ္စနဲ့ပတ်သတ်ပြီး အဲ့ဒီလူက သံသယဝင်ဖို့ အကောင်းဆုံးတရားခံပဲ ။

ချင်းလီလီလို ဘာအင်အား ၊ ဘာအထောက်အပံ့မှမရှိတဲ့လူက သူလွှတ်ထားတဲ့လူတွေကို ဘယ်လိုလုပ်သတ်ပစ်နိုင်မှာလဲ ။ အဲ့တာအပြင် သူ့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာက ပိုလို့တောင်မဖြစ်နိုင်တဲ့ကိစ္စ ။ တစ်စုံတစ်ယောက်က သူ့ရဲ့​နောက်ကွယ်ကနေ သူမကို တိတ်တစိတ်ကူညီပေးနေတာပဲ ဖြစ်ရမယ် ။ အဲ့ဒီလိုမှမဟုတ်ရင် သူမက သူကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ ။

" စောင့်ကြည့်မှတ်တမ်းတွေအရဆိုရင် ကျိုးကျောက်ချန်ဆိုတဲ့လူက အခုအချိန်အထိ သီးသန့်ကုသဆောင်ထဲကနေ အပြင်တစ်လှမ်းမှ မထွက်ရသေးပါဘူး ''

The Story Of Phoenix KingWhere stories live. Discover now