လီချန်းလျုံက နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရှန်းကျားလျန်ကို ဂရုတစိုက်ပွေ့ချီလိုက်ပြီး ကျောက်စိမ်းနန်းတော်ကို ခေါ်ဆောင်လာခဲ့တယ် ။ ဒီလူကို သူ့ရဲ့အနားမှာပဲ အချိန်ပြည့်ရှိနေစေချင်တယ် ။ တစ်ခြားဘယ်သူမှမလိုအပ်ဘူး ။ လီချန်းလျုံက ထူးဆန်စွာစိုက်ကြည့်နေတဲ့ လူတွေကိုလျစ်လျူရှုလို့ ကျောက်စိမ်းပုလ္လင်ပေါ် တက်ထိုင်လိုက်တယ် ။ အဲ့ဒီနောက် အိပ်ပျော်နေတဲ့ရှန်းကျားလျန်ကို သူ့ရဲ့ပေါင်ပေါ်တင်ကာ ဆံနွယ်တွေကို မြတ်နိုးစွာနမ်းရှိုက်လိုက်တယ် ။
ကျောက်ဝူယွီအတွက် ဒီမြင်ကွင်းက မြင်ရပါများလွန်းလို့ ထူးဆန်းတယ်ပင်မထင်ရ ။ မျိုးနွယ်စုအရှင်က ရှန်းကျားလျန်ကို ငုံထားမတက်ချစ်တာကို သူကသိထားပြီးသား ။ ဒါပေမဲ့တစ်ခြားလူတွေအတွက်ကတော့ မျက်လုံးတွေပြူးကျယ်သွားတဲ့အထိ ထိတ်လန့်စရာမြင်ကွင်းမျိုးဖြစ်နေခဲ့တယ် ။ သူတို့မျက်စိရှေ့မှာရှိနေတဲ့လူက သွေးအေးရက်စက်တဲ့ မိစ္ဆာဘုရင်အစစ်ရော ဟုတ်သေးရဲ့လား? ။ အတုကြီးများလား? ။ အားလုံးက သံသယတွေဝင်နေကြတယ် ။
"မင်းတို့မှာ ပြောချင်နေတဲ့စကားတွေ ရှိတယ်လို့ကြားတယ် ။ အခုငါနဲ့တွေ့ရပြီဆိုတော့ မင်းတို့ပြောချင်တာတွေပြောလို့ရပြီ ''
ကိုယ်လုပ်တော်တွေက အစကတော့ လီချန်းလျုံရဲ့နူးညံ့တဲ့အပြုအမူတွေကြောင့် အလွန်ရင်ခုန်ခဲ့ရပေမဲ့ အခုအချိန်မှာတော့ သေမတက်ကြောက်လန့်နေတယ် ။ မိစ္ဆာဘုရင်ရဲ့အကြည့်တွေက ရှန်းကျားလျန်စီမှာမရှိတော့တာနဲ့ အရင်ပုံစံကိုပြန်ပြောင်းလဲသွားတယ် ။ မိစ္ဆာဘုရင်ရဲ့နူးညံ့မှုတွေက အဲ့ဒီလူစီမှာပဲရှိနေတယ် ။
ရှန်းကျားလျန်ကို ဆန့်ကျင်ဖို့ကြံစည်ခဲ့တဲ့ အကြီးအကဲတွေကတော့ ကြောက်ဒူးတုန်နေကြတယ် ။ တော်သေးလို့ပေါ့! ရှန်းကျားလျန်ကို ပြသာနာမရှာခဲ့မိတာ ။ မဟုတ်ရင် အသက်တောင်ရှိတော့မှာမဟုတ်ဘူး ။ သူတို့ရဲ့အထင်တွေက မှားသွားခဲ့တယ် ။ မိစ္ဆာဘုရင်က ရှန်းကျားလျန်ကို တမင်ကစားချင်လို့ ရွေးချယ်ခဲ့တာမဟုတ်ဘူးပဲ ။ ဒီရှန်းကျားလျန်က သိပ်ကိုကံကောင်းလွန်းတယ် ။ အကြီးအကဲတစ်ချို့က တိတ်တစိတ်သက်ပြင်းချလိုက်တယ် ။
CZYTASZ
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]