''67''

4.2K 617 17
                                    

မူကျားယွမ်ရဲ့မျက်လုံးလေးတွေက ပျော်ရွှင်မှုကြောင့် ကြယ်လေးတွေလို တလက်လက်တောက်ပနေတယ် ။ သူရဲ့အမေက သူ့ကို အန်ကယ်ချင်းစီ လိုက်ပို့ပေးတာမို့ အန်ကယ်ချင်းနဲ့ ​တွေ့ရတော့မယ် ။ အဲ့တာကြောင့် မနက်အစောကြီးထပြီး တစ်ကိုယ်လုံးမွှေးကြိုင်သွားအောင် သေသေချာချာပြင်ဆင်ခဲ့တယ် ။ အင်တာနက်ပေါ်က သတင်းတွေအရဆိုရင် အန်ကယ်ချင်းဟာ အလွန်အသန့်ကြိုက်သူဖြစ်တယ် ။ ဒါကြောင့် အန်ကယ်ချင်းသဘောကျအောင် ရေမွှေးတွေလည်း အများကြီးဆွတ်လာတယ် ။

မူကျားယွမ်က နှုတ်ခမ်းလေးဆူကာ မူသခင်မကြီးကို ​မေးလိုက်တယ် ။

" ကားကို ဒီထက်ပိုပြီးမြန်သွားအောင် ​မောင်းခိုင်းလို့မရဘူးလားဟင် မေမေ? "

" ဘာဖြစ်လို့လဲ အသည်းလေးရဲ့? "

" ကျွန်တော်က အန်ကယ်ချင်းစီ မြန်မြန်ရောက်ချင်နေပြီ မဟုတ်ရင် ရေမွှေးနံ့တွေ ပျောက်ကုန်လိမ့်မယ် ''

"..........''

မူသခင်မကြီးက တိတ်ဆိတ်သွားတယ် ။ သူမရဲ့အသည်းလေးက ချင်းအိမ်တော်ကိုသွားဖို့အတွက် မိုးမလင်းခင်တည်းကထကာ အဝတ်ဗီရိုတစ်ခုလုံး ရှုပ်ပွသွားတဲ့အထိ သောင်းကြမ်းခဲ့တယ် ။ အဲ့တာတွေအပြင် ရေမွှေးတစ်ပုလင်းလုံး မှောက်ကျထားတဲ့အလား ရေမွှေးနံ့တွေနဲ့လည်း မွှန်ထူနေတယ် ။ သူမအသည်းလေးက ချင်းလီလီဆိုတဲ့ ကလေးမလေးကို အရမ်းပဲသဘောကျနေတာလား? ။ မူသခင်မကြီးက အတွေးထဲနှစ်မြုပ်နေတယ် ။ အဲ့ဒီအချိန်မှာပဲ သူမရဲ့အသည်းလေးက ကားတံခါးကိုဖွင့်ကာ ချင်းလီရွမ်စီ ​ပြေးသွားတာကို တွေ့လိုက်ရတယ် ။

" အန်ကယ်ချင်း!! "

ရှောင်ကျန့်က ဘောလုံးလေးတစ်လုံးလို ပြေးလာတဲ့မူကျားယွမ်ကို ဂရုတစိုက်ပွေ့ချီလိုက်တယ် ။ ဝမ်ရီပေါ်အသေးစားလေးက အလိုလိုက်ချင်စရာကောင်းလောက်အောင် အရမ်းချစ်ဖို့ကောင်းတယ် ။ ပါးဖောင်းဖောင်းလေးတွေဆိုရင် ကိုက်ဆွဲပစ်ချင်စရာကြီး ။ သူလည်း ဒီလိုချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လောက် လိုချင်တယ် ။ ဒါကြောင့် သူရဲ့ကမ္ဘာကိုပြန်ရောက်ရင် ကလေးတစ်ယောက်ဖန်တီးရမယ် ။ ဝမ်ရီပေါ်နဲ့သူရဲ့ကလေးလေးပေါ့ ။

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang