''73''

4K 582 8
                                    

" ဒီလောက်ဆိုလုံလောက်ပြီ ရီပေါ် ကိုယ့်ကို ပြန့်ပို့ပေးတော့ ''

" ဟင့်အင်း! သူက ခင်များကို နာကျင်အောင်လုပ်ခဲ့တယ် ''

" ........... ''

" သူကြောင့် ခင်များက ဒဏ်ရာရခဲ့တာ ကျွန်တော် သူ့ကို ခွင့်မလွှတ်ဘူး ''

" သူက ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမှ မဟုတ်ပဲ ''

" ဒါပေမဲ့ ခင်များထိခိုက်သွားတယ်လေ ကျွန်တော်က ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ? သူက ကျွန်တော်ရဲ့အစိတ်အပိုင်းဆိုရင်တောင်မှ ကျွန်တော်လက်မခံနိုင်ဘူး ။ ခင်များကိုထိခိုက်စေတဲ့လူက ကျွန်တော်ကိုယ်တိုင်ဖြစ်နေရင်တောင် အပြစ်ခံယူရမှာပဲ ''

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့စကားတွေကြောင့် ပြောစရာစကားတွေ ပျောက်ရှကုန်တော့တယ် ။ ဝမ်ရီပေါ်ပြောသလိုပဲ မူကျားယွမ်က သူ့ကို ထိခိုက်စေခဲ့တယ်ဆိုတာမှန်တယ် ။ ဒါပေမဲ့ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးလေ ။ ပြီးတော့ သူရဲ့အပြစ်တွေလည်းပါတယ် ။ သူသာ သေချာသတိထားခဲ့ရင် အဲ့ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး ။ မူကျားယွမ်အကြောင်းတွေးမိတော့ စိတ်မပူပဲမနေနိုင် ။ အဲ့ဒီကလေး အခုအချိန် ဘယ်လိုများဖြစ်နေလောက်မလဲ? ။ သွေးရူးသွေးတန်းတော့ ဖြစ်မနေလောက်ပါဘူးနော်? ။

" ကိုယ် ချင်းလီရွမ်ရဲ့ကိုယ်ထဲကို အခုချက်ခြင်းပြန်သွားမှဖြစ်မယ် ဒါကြောင့် ကိုယ့်ကိုပြန်ပို့ပေးတေ''

"............''

" ရီပေါ် ကိုယ်ပြောနေတယ်လေ ''

".............''

ရှောင်ကျန့်က တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဝမ်ရီပေါ်ကြောင့် အကြိမ်ကြိမ်သက်ပြင်းချနေမိတယ် ။ ဝမ်ရီပေါ်က ပြောရဆိုရအရမ်းခက်လာတယ် ။ အရင်ကလောက် မလိမ္မာတော့ဘူး ။

" မင်းကို စိတ်မဆိုးချင်စေဘူးဆိုရင် ကိုယ့်ကိုအခုချက်ခြင်းပြန်ပို့တော့ ''

ဝမ်ရီပေါ်က နှုတ်ခမ်းတွေကို ဖိကိုက်ထားမိတယ် ။ ရှောင်ကျန့်ကို ချင်းလီရွမ်ရဲ့ကိုယ်ထဲ ပြန်မပို့ပေးချင်ဘူး ။ တစ်ယောက်တည်း အပိုင်စီးထားချင်နေမိတယ် ။ ဒါပေမဲ့အဲ့ဒီအရာက မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားပြီးသား ။ ဒါကြောင့် ပြန့်ပို့ပေးရုံအပြင် မတက်နိုင်တော့ချေ ။

The Story Of Phoenix KingWhere stories live. Discover now