''118''

2.6K 260 16
                                    

" ဖီးနစ်အရှင် ခင်များစဉ်းစားမိဖူးလား တကယ်လို့ တစ်နေ့မှာ လူတစ်ယောက်က ခင်များချစ်သူကို တပ်မက်လာပြီး ခင်များကလည်း အဲ့ဒီလူကို မယှဉ်နိုင်ရင် ဘယ်လိုလုပ်မလဲ ဆိုတာကိုလေ ''

" အဲ့ဒီလိုဆိုရင် ငါကိုယ်တိုင် သူ့ကိုသတ်ပစ်မယ် ပြီးရင် ငါ့ကိုယ်ငါလည်း သတ်သေမယ် အဲ့ဒီခွေးကောင်နဲ့ ဝေမျှဖို့တော့ လုံးဝမဖြစ်နိုင်ဘူး ''

ရှောင်ကျန့်က ကျောက်လျိုချင်းရဲ့စကားကို တစ်စက္ကန့်တောင် တုန်ဆိုင်းမနေပဲ အဖြေပေးလိုက်တယ် ။

" ဒါဆိုရင် နောက်ထပ်ထပ်မေးမယ် တကယ်လို့ ခင်များရဲ့ချစ်သူက ခင်များကိုရော အဲ့ဒီလူကိုရော အတူချစ်မိသွားတယ်ဆိုရင်ရော ''

" အဲ့ဒီလိုဆိုရင်တော့ အဲ့ဒီချစ်သူက တန်ဖိုးမဲ့လွန်းတယ် သေချာပေါက် စွန့်ပစ်သင့်တယ် သူက ငါ့ကိုချစ်တယ်လို့ပြောနေပေမဲ့ တစ်ခြားတစ်ယောက်ကိုလည်း လက်မလွှတ်နိုင်ဘူး ဘယ်လောက်တောင် လောဘကြီးလိုက်သလဲ အဲ့ဒီလိုလူမျိုးက တစ်ခြားတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး သူက သူ့ကိုယ်သူပဲသိ သူ့ကိုယ်သူပဲချစ်တက်တဲ့ လူစားမျိုး ''

" ကောင်းပြီ နောက်ဆုံးမေးခွန်းတစ်ခု တကယ်လို့ ခင်များရဲ့ချစ်သူက ခင်များကိုအထင်လွဲပြီး အမုန်းကြီးမုန်းသွားမယ်ဆိုရင် ခင်များဘာလုပ်မလဲ ''

" ငါ သူ့ကို ရှင်းပြမယ် ငါချစ်တဲ့လူက သူတစ်ယောက်တည်းဆိုတာ သူက ငါရဲ့ဘဝဆိုတာ သူ့ကို လက်ခံယုံ​​ကြည်လာအောင် ရှင်းပြ​ပေးမယ် ''

" သူက မယုံကြည်ရင်ရော ခေါင်းမာမာနဲ့ ဆက်ပြီးငြင်းဆန်နေအုံးမယ်ဆိုရင်ရော ''

"............''

" ခင်များရဲ့ချစ်သူက ခင်များကို လုံးဝလက်မခံနိုင်တော့ဘူးဆိုရင်ရော ''

" ငါ .... ငါ သူ့ကို ပိတ်လှောင်ထားမိနိုင်တယ် ငါ့ကို ပြန်လက်ခံလာမဲ့အချိန်အထိ ငါ့ကို အရင်လိုပြန်ချစ်လာမဲ့အချိန်အထိ ပိတ်လှောင်ထားမိလောက်တယ် ''

ကျောက်လျိုချင်းဟာ ရှောင်ကျန့်ရဲ့အဖြေကြောင့် ပြုံးယောင်သန်းသွားတယ် ။

The Story Of Phoenix KingWhere stories live. Discover now