''10''

8.2K 1.1K 5
                                    

ဝေ့မင်းရန်နဲ့ ကုချင်းယီရဲ့ပတ်သတ်မှုက လူထုကြားပျံနှံ့သွားပြီး အတင်းပြောစရာဖြစ်လာတယ် ။ ဘုရင်မင်းမြတ်က ဒီအခွင့်အရေးကိုအသုံးချကာ ဝေ့မင်းရန်နဲ့ လင်းရှိုးယာရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ ဝေ့မင်းရန်က ကုချင်းယီနဲ့ လက်ထပ်လိုက်ရပြီး ကုချင်းယီက တရားဝင်ဇနီးဖြစ်လာခဲ့တယ် ။ မင်းသားကိုး ဝေ့ရီချန်ရဲ့လှုပ်ရှားမှုတွေကလည်း တဖြည်းဖြည်းခန့်မှန်းရခက်လာတယ် ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းသားကိုးဝေ့ရီချန်ဟာ အိမ်ရှေ့စံနေရာကို လက်လျော့ခဲ့တာကြောင့် ဝေ့မင်းရန်ကရရှိသွားခဲ့ခြင်းပင် ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဝေ့ရီချန်က ထီးနန်းအတွက် ယှဉ်ပြိုင်လာနေပြီ ။ ဝေ့ရီချန်က ဘုရင်မင်းမြတ်ရဲ့အချစ်ဆုံးသားတော်ဖြစ်သလို ထူးချွန်ထက်မြတ်တဲ့အတွက် အမတ်တွေရဲ့ထောက်ခံမှုကလည်း တစ်စတစ်စများပြားလာတယ် ။

" အကိုရှိုးယာ ကျွန်တော် အကို့ကို လက်ထပ်ချင်တယ် ''

ဝေ့ရီချန်ဟာ လင်းရှိုးယာရဲ့ဖြူလျော့နေတဲ့ မျက်နှာလေးကို မြတ်နိုးစွာကြည့်ကာ သေးသွယ်တဲ့ လက်ချောင်းလေးတွေကို အသာဆုပ်ကိုင်လိုက်တယ် ။ သူ့ကိုဘာမှပြန်မပြောပဲ အပြင်ဘက်ကိုသာ ငေးကြည့်နေတဲ့ လင်းရှိုးယာကြောင့်....

" အဲ့ဒီလူကို အခုအချိန်အထိ သတိရနေတုန်းပဲလားဟင် ? "

ရှောင်ကျန့်က ဝေ့ရီချန်ရဲ့စကားကြောင့် မျက်နှာတစ်ချက်ပျက်သွားတယ် ။ သတိရနေတုန်းပဲလားတဲ့? ။ ဝမ်ရီပေါ်ကို သူက သတိရနေတုန်းပဲလား? ။

" တကယ်လို့ အဲ့ဒီလူနေရာမှာ ကျွန်တော်ကို အစားထိုးလိုက်မယ်ဆိုရင်ရော ? "

" ဟင့်အင်း ငါ အဲ့ဒီလိုမလုပ်ချင်ဘူး ''

" ဘာလို့လဲ? ကျွန်တော်က သူနဲ့တူတယ်ဆို? "

" မင်းက သူနဲ့တူတယ်ဆို​ပေမဲ့ သူမှမဟုတ်တာ ။ ငါက ဘယ်လိုလုပ် အစားထိုးနိုင်မှာလဲ? ''

"..........''

" ပြီးတော့ အချစ်ဆိုတဲ့အရာကို ငါမယုံကြည်နိုင်တော့ဘူး ။ အဲ့ဒီအတွက် ငါက အများကြီးပေးဆပ်ခဲ့ရပြီးပြီ ။ ထပ်ပြီးတော့ အရဲမစွန့်ချင်တော့ဘူး ။ နောက်တစ်ခါ ငါကိုယ်ငါအရူးဖြစ်မခံနိုင်တော့ဘူး ။ ''

The Story Of Phoenix KingWhere stories live. Discover now