" ဘာပြောလိုက်တယ်! "
လီချန်းလျုံရဲ့မျက်ဝန်းတွေက ဓားတစ်လက်ပမာထက်ရှနေတယ် ။ ဟူကျောက်လို့အမည်ရတဲ့ သမားတော်က ကြောက်လန့်မှုကြောင့် ဒူးတွေတုန်ရီလာတယ် ။ ဘာလို့များ သူတစ်ယောက်တည်းပဲကွက်ပြီး ကံဆိုးနေရတာလဲ? ။ ဒီတစ်ကြိမ်နဲ့ဆိုရင် အခုလိုဖြစ်တာ သုံးကြိမ်မကတော့ဘူး ။
" မျိုးနွယ်စုအရှင်ကို လျှောက်တင်ပါတယ် ။ အရှင်ရှန်းကျားလျန်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းအားနည်းလာနေပါပြီ ။ သာမန်လူသားတစ်ယောက်ကိုတောင်မှ အနိုင်ယူနိုင်တော့မှာမဟုတ်ဘူး ။ ဒီလိုမျိုးထပ်ဖြစ်မယ်ဆိုရင် အသက်အန္တာရာယ်ရှိလာနိုင်ပါတယ် ။ အကောင်းဆုံးကတော့ ဘယ်လိုတိုက်ခိုက်မှုမျိုးမှ ထပ်မံမလုပ်သင့်ပါဘူး ''
လီချန်းလျုံက လူတိုင်းကို ဒေါ်သတကြီးမောင်းထုတ်ကာ သောင်းကြမ်းလို့နေတယ် ။ အား! ဘာကြောင့်လဲ? ဘာကြောင့်ဒီလိုဖြစ်လာရတာလဲ ? ။ လီချန်းလျုံရဲ့မျက်နှာက ပြိုကျတော့မဲ့မိုးကောင်းကင်လိုဖြစ်နေပြီး မျက်လုံးတွေကလည်း ဂနာမငြိမ်ပေ ။ ရှန်းကျားလျန်ရဲ့အခြေအနေက ဒီလောက်အထိတောင် ဆိုးရွားနေတာလား ? ။ သူက ဘာလို့မသိခဲ့ရတာလဲ ? ။ ရှန်းကျားလျန်က သူ့ကို ဘာကြောင့်မပြောပြခဲ့တာလဲ? ။
သူသာဒီအကြောင်းတွေကို အမှန်အတိုင်းသိခဲ့ရင် ရှန်းကျားလျန်ကို အလျော့ပေးခဲ့မှာ ။ အရာအားလုံးကို ရှန်းကျားလျန်စိတ်တိုင်းကျ အကုန်လိုက်လျောပေးခဲ့မှာ ။ မကျေမနပ်ဖြစ်အောင်လည်း မလုပ်တော့ဘူး ။ လီချန်းလျုံက အတိတ်ကလုပ်ရပ်အတွက် အလွန်နောင်တရနေတယ် ။ ရှန်းကျားလျန်အခုလိုဖြစ်ရတာ သူကြောင့် ။ ရှန်းကျားလျန်ကို အခုလိုဖြစ်သွားအောင် သူကိုယ်တိုင်ပဲလုပ်ခဲ့တာ ။ သူရဲ့လက်တွေနဲ့ သူကိုယ်တိုင်ပဲ နှိပ်စက်ခဲ့တာ ။
" ကျုပ်က ခင်များအပေါ်ရက်စက်ခဲ့တာတောင်မှ ခင်များကတော့ ကျုပ်အတွက် ဒဏ်ရာရခဲ့တယ် ။ ဘာကြောင့်လဲ? ။ ကျုပ်ကို ဘာကြောင့်ကယ်တင်ပေးခဲ့ရတာလဲ? ။ ဘာကြောင့်ဂရုစိုက်နေတာလဲ? ။ ရှန်းကျားလျန် ခင်များက အရမ်းမုန်းဖို့ကောင်းတယ် ။ ''
လီချန်းလျုံက မေ့မျောနေတဲ့ရှန်းကျားလျန်ရဲ့ဘေးမှာ ငြိမ်သက်စွာဒူးထောက်ကာ အတွေးများနေတယ် ။ လုရီကျိုးရဲ့နောက်ကွယ်ကလူက အရင်မိစ္ဆာဘုရင်ရဲ့သမီးဖြစ်နေတယ် ။ ဒီလိုဖြစ်နေခဲ့မယ်လို့ လုံးဝမထင်ထားခဲ့ဘူး ။ သူမကိုသေသွားပြီလို့ပဲ တစ်ချိန်လုံးထင်ထားခဲ့တာ ။ လီချန်းလျုံက အတိတ်ကအကြောင်းတွေကို ပြန်စဉ်းစားလိုက်တယ် ။
ВЫ ЧИТАЕТЕ
The Story Of Phoenix King
ФанфикStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]