''123''

2.7K 231 17
                                    

ဝမ်ရီပေါ်က သူ့ကို ဖူးဖူးမှုတ်အလိုလိုက်နေတဲ့ ရှောင်ကျန့်ကြောင့် အလွန်ပျော်ရွှင်နေတယ် ။ အဲ့တာကြောင့် သူ့ကိုယ်သူ အားနည်းတဲ့အလှလေးအဖြစ် ပိုပြီးပီးပြင်အောင် သရုပ်ဆောင်တော့တယ် ။ ရှောင်ကျန့်က သူ့ကို ဒီလောက်အထိ တစ်ခါမှ အလိုမလိုက်ဖူးဘူး ။ သူရဲ့အကျင့်စရိုက်ကြောင့်လည်း ပါတာပေါ့ ။ နဂါးမျိုးနွယ်စုရဲ့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ သူက ကျိုးမင်းယွမ်လို ပျော့ဖက်နူးညံ့မနေဘူး​လေ ။ အဲ့ဒီလိုသာ ပျော့ဖက်နေရင် လုပ်ကြံခံလိုက်ရလို့ သေနေလောက်ပြီ ။

အဲ့တာကြောင့် ရှောင်ကျန့်က သူ့ကို အခုလိုမျိုး ဂရုတစိုက် ကာကွယ်တာတွေ မရှိခဲ့ဘူး ။ သူကိုယ်တိုင်ကလည်း အဲ့ဒီလိုကာကွယ်ပေးခံရတာကို မလိုချင်တာကြောင့် အမြဲသန်မာပြနေခဲ့တယ် ။ ရှောင်ကျန့်က သူ့ကို ကာကွယ်ပေးမဲ့အစား သူကပဲ ရှောင်ကျန့်ကို ကာကွယ်ပေးချင်ခဲ့တယ် ။ ဒဏ်ရာတွေရလာရင်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်ကာ တစ်ယောက်တည်း ကြိတ်မှိတ်ခံနေခဲ့တယ် ။ သူရဲ့အားနည်းတဲ့ပုံစံကို ဘယ်တော့မှမပြခဲ့ဘူး ။

ဝမ်ရီပေါ်က အတိတ်ကအကြောင်းတွေကို ပြန်တွေးမိတော့ သက်ပြင်းမချပဲမနေနိုင် ။ သူ အရမ်းကြီး သန်မာပြမနေခဲ့သင့်ဘူး ။ အဲ့ဒီလိုဆိုရင် ရှောင်ကျန့်က သူ့ကို အခုလိုမျိုး ဖူးဖူးမှုတ် အလိုလိုက်ပေးနိုင်တယ် ။ ချစ်ရတဲ့လူစီက ဂရုတစိုက် ကာကွယ်ပေးခံရတာက ဒီလောက်အထိ ကြည်နူးဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ။ သူ ဘာလို့များ မသိခဲ့ရပါလိမ့် ။

တစ်ခြားတစ်ဖက်မှာတော့ ရှောင်ကျန့်က ဝေ့ပိုင်ယီရဲ့အဖေဖြစ်တဲ့ သွေးမျိုးနွယ်စုခေါင်းဆောင်ကြောင့် ခေါင်းကိုက်နေရတယ် ။ သွေးမျိုးနွယ်စုခေါင်းဆောင်က သူ့ကို ရှမင်ကျိုးနဲ့ အမြန်ဆုံးလက်ထပ်ပေးချင်နေတယ် ။

" အဖေ ကျွန်တော် လက်မခံနိုင်ဘူး ကျွန်တော် မင်းယွမ်ကို ချစ်တယ် ''

" ဝေ့ပိုင်ယီ ငါ့ကို ဒေါသထွက်အောင် မလုပ်စမ်းနဲ့ မင်းမှာ စေ့စပ်ထားတဲ့လူရှိနေပြီသား ဘာမှမဟုတ်တဲ့ လူသားတစ်ယောက်အတွက် မင်းရဲ့ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးလား ''

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang